Popular Posts

လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက် ဝမ်းသာစွာဖြင့် ကြိုဆိုပါသည်။သိုသော် အကျဉ်းထောင်ထဲတွင်ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော်အတွက် ထပ်မံကြိုးစားဆောင်ရွက်ပေးကြဖို့ လိုအပ်ပါသေးသည်။..
ဒေါင်းမျိုးဆက်က ကိုယ်ကျိုးမဖက်ပဲနှင့် တိုင်းပြည်အကျိုး လူထုအကျိုး ကြိုးစားလုပ်ဆောင်သွားမည်။
ပြည်သူသာအမိ ပြည်သူသာအဖ ဆောင်ပုဒ်ကို လက်ကိုင်ကာစွဲ ဒါတို့ရဲ့အောင်ပွဲ

12/17/2011

တောင်ငူမှ လူရွှင်တော်များ....

လူရွှင်တော်တွေ ယိမ်း ကနေသလိုပါပဲ၊ဇာဂနာ အရိုင်း ကင်းကောင် ငှက်ပျောကြော်ေ၈ါ်ဇီလာ ပန်းသီး စိန်သီး ဇီးသီး ကြယ်သီးတို့ကို ခုလိုတွေ့ခဲ့ရပါတယ်

မြူးမြူးကြွကြွ မြစပယ်ငုံရဲ့ အက


ပရိသတ်တွေရဲ့ လက်ခုပ်သံတဖြောင်းဖြောင်းကျတဲ့ သံချပ်သံ


မှတ်မှတ်ရရပါပဲ။တောင်ငူ မိုင်ဒါကွင်းထဲမှာ ဇာဂနာ၊ အရိုင်း၊ ကင်းကောင်၊
ငှက်ပျောကြော်၊ ဂေါ်ဇီလာ၊ ပန်းသီး၊ စိန်သီး၊ ကြယ်သီး။ဇီးသီး၊ သစ်သစ်လွင်၊ မြစပယ်ငုံ၊ ချောစုမျိုးတို့ အတူတူ ဖျော်ဖြေခဲ့ကြပါတယ်။

ထားဝယ်ဒေသခံများနှင့်တွေ့ဆုံကာ ရန်ကုန်တိုင်း ရွှေဂုံတိုင်မှ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် သတင်းစာရှင်းလင်းပွဲ တစ်ခုပြုလုပ်ခဲ့

တော်ဝင် နှင်းဆီ စားသောက်ဆိုင်တွင် ကျင်းပပြုလုပ်သော ထားဝယ် ရေနက်ဆိပ်ကမ်း သတင်းစာ ရှင်းလင်းပွဲ
၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့၌ ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ထားဝယ် ဒေသခံ ပြည်သူများ စုပေါင်းပြီး ထားဝယ် ရေနက်ဆိပ်ကမ်း
တည်ဆောက်မည့် စီမံကိန်းအပေါ် ပြည်သူများ၏ သဘောထား ၊ အမြင်များကို သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်၍ ပြောဆို ကျင်းပခဲ့ကြပါသည်။
ထိုသတင်းစာ ရှင်းလင်းပွဲကို ထားဝယ် ဒေသဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ (DDA) က ဦးစီးကျင်းပခဲ့ပါသည်။ ၎င်းသတင်းစာ ရှင်းလင်းပွဲတွင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး
အဖွဲ့တွေမှ ပညာရှင်တွေ ၊ သတင်းထောက်တွေ နှင့် ဒေသခံတွေ ကိုယ်တိုင် တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။
ထားဝယ် ရေနက်ဆိပ်ကမ်း စတင် တည်ဆောက်ချိန်မှစပြီး ဒေသခံတွေဆီမှ သိမ်းဆည်းထားသော မြေနေရာများကို ယခုအချိန်ထိ လျော်ကြေး မပေးတဲ့အတွက် လျော်ကြေး
ရရှိလိုကြောင်း ဒေသခံတွေမှ ပြောဆိုခဲ့ပါသည်။
ထိုသတင်းစာ ရှင်းလင်းပွဲတွင် တက်ရောက် လာသော ဒေသခံ ကိုယ်စားလှယ် များအနက် လက်ရှိ တည်ဆောက် နေသော စီမံကိန်းကို ကိုယ်စားလှယ် ၈ ဦးသည် ဆန့်ကျင်
တားဆီးလိုစိတ် မရှိပါ။ စီမံကိန်း နယ်မြေထဲ ပါသွားသော အိမ်ခြံမြေ ဥယျာဉ်တွေကို ညီမျှသော တန်ဖိုးနှင့် လျော်ကြေး ပေးဖို့ ၊ ယခင်ရှိနေသော ယဉ်ကျေးမှု နယ်မြေတွေကို
မပျက်စီးစေရန် စသည့် ထားဝယ် ဒေသခံ၏ ဆန္ဒတွေကို တောင်းဆို ခဲ့ကြပါသည်။
ထိုထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းမှာ စတုရန်း ကီလိုမီတာ ၂၅၀ အကျယ်အဝန်းကို အသုံးပြုမှာဖြစ်ပြီး ရွာပေါင်း ၁၉ ရွာ လူဦးရေ ၃၂၀၀၀ ကျော် ရွှေ့ပြောင်းပေးရမှာ
ဖြစ်ပါသည်။

ဒေါ်စုနှင့် အနှပညာရှင်များလက်တွဲကာ အလုပ်လုပ်ကိုင်နေသည့်ကို အစိုးရမကျေနပ်၍ နှောင့်ယှက်မှုပြုခဲ့သည့်အပေါ် တာဝန်ရှိသူများရဲ့ ကြေငြာချက်

ဒီရံပုံငွေပွဲမှာ The Trees, Emperor, Metal Zone, Plus 3, Spectrum, Lazy Club, Vertical Vibration, Hip-Hop (ACID, Cyclone, Snare, Blue Berry)၊ Young Rock Bands – Big Bag, Reason, Wanted ဂီတအနုပညာရှင်အဖွဲ့ များတွေက - Rဇာနည်၊ ဟဲလေး၊ ဥာဏ်လင်းအောင်၊ အေသင်ချိုဆွေ၊ ၀ိုင်းစုခိုင်သိန်း၊ ချမ်းချမ်း၊ ဇော်ဝင်းထွဋ်၊ အဲလက်စ်၊ ဘိုဖြူ၊ ဖြိုးကြီး၊ သျှီ၊ အိမ့်ချစ်၊ ဟယ်ရီလင်း၊ မာရဇ္ဇ၊ ဟန်ထွန်း၊ လင်းလင်း၊ ဂျီလတ်၊ သအို၊ အောင်ခန့် ၊ ချစ်သုဝေ၊ N ကိုင်ရာ၊ မျိုးကျော့မြိုင်၊ ဆောင်းဦးလှိုင်၊ စည်သူလှိုင်၊ စည်သူလွင်၊ မိုးမိုး၊ မေခလာ၊ ရှင်ဘုန်း၊ နီနီဇော်၊ ခင်ဘုန်း၊ ထူးအယ်လင်း၊ Sကဲနက်၊ လင်းနစ်၊ နွဲ့ ယဉ်ဝင်း၊ ကဗျာဘွဲ့ မှူး၊ မီးမီးခဲ၊ သံသာဝင်း၊ ဇော်ပိုင်၊ Lလွန်းဝါ၊ ဖိုးကာ၊ အ၀ိုင်း၊ ထက်နေကြည်၊ ထွန်းအိန္ဒြာဗို၊ ယုဇန၊ ဖြူဖြူကျော်သိန်း၊ ကိုရဲလွင်၊ ကိုနေ၀င်း၊ သားထွေး၊ ဂျေမောင်မောင်၊ ဂျေညီညီ၊ ရင်ဂို၊ စံလင်း၊ တိုးလွင်၊ အောင်အောင်၊ အုပ်ကြီး၊ ညီညီလွင်၊ ကိုထွဋ်၊ စိုးထက်၊ ဂျေညီမလေး၊ ကောင်းမြတ်၊ ကြက်ဖ၊ ရသ၊ ဘိုလေး၊ ယုန်လေး၊ ငယ်ငယ်၊ စန္ဒီမြင့်လွင်၊ Jenny တို့  ပါဝင်သီဆိုဖြော်ဖြေကြဖို့  စီစဉ်ထားတာပါ။ Letting People to Know the Situation http://niknayman-niknayman.blogspot.com/ မှ ကူးယူဖော်ပြသည်။။။

အာဏာရှင်ဆန်သော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ မှ ရွှေည၀ါဆရာတော် ဦးပညာသီဟအား အရေးယူဆောင်ရွက်ရန်ဆိုပြီး မတရားကြေညာစာ ထုတ်ပြန်။

Unfair Order for Shwe Nya Wa Sayardaw

LinkWithin

Related Posts Plugin for WordPress, Blogger...

GMAIL မှလဲ ဆက်သွယ်နိုင်ပါပြီ..

အင်္ဂလိမ်ဘာသာနှင့် ဖတ်ရူချင်သူများအတွက် သတင်းများ


Get Your News Widget
Share

ဧည့်သည်တော်နိုင်ငံများ

လူ အခွင့်အရေး အပိုဒ် (၃၀)

အပိုဒ်(၁)။ လူတိုင်းသည် မွေးဖွားလာကတည်းက တန်းတူညီမှုရှိသည်။ အပိုဒ်(၂)။ မည်သူကိုမျှ ခွဲခြားဖိနှိပ်ခြင်းမရှိစေရ။ အပိုဒ်(၃)။ လူတိုင်းအသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့်လုံခြုံခွင့်ရှိသည်။ အပိုဒ်(၄)။ မည်သူကိုမှ ကျွန်အဖြစ်စေခိုင်း ရောင်းဝယ်ခြင်းမပြုရ။ အပိုဒ်(၅)။ မည်သူကိုမှ မတရားနှိပ်စက်ခြင်း၊ လူမဆန်စွာ၊ ရက်စက်စွာဆက်ဆံခြင်း၊ အပြစ်ပေးခြင်းမပြုရ။ အပိုဒ်(၆)။ တရားဥပဒေရှေ့မှောက်တွင် လူတိုင်းအား လူသားအဖြစ် အသိအမှတ်ပြုခံပိုင်ခွင့်။ အပိုဒ်(၇)။ တရားဥပဒေရှေ့တွင် တန်းတူညီခွင့်။ အပိုဒ်(၈)။ မိမိအခွင့်အရေးချိုးဖောက်ခံရပါက ဥပဒေအကူအညီရယူခွင့်။ အပိုဒ်(၉)။ မတရားဖမ်းဆီးခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းအား ကာကွယ်မှုရရှိခွင့်။ အပိုဒ်(၁၀)။ လူအများကြားနာပြီး တရားမျှတသော တရားစီရင်မှုရရှိခွင့်။ အပိုဒ်(၁၁)။ ခိုင်လုံသော အထောက်အထားမရှိမချင်း ထိုသူသည် အပြစ်မရှိဟူ၍ သတ်မှတ်ခံပိုင်ခွင့်။ အပိုဒ်(၁၂)။ ပုဂ္ဂလိကကိုယ်ရေးကိုယ်တာများအား ၀င်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ပေးခြင်း။ အပိုဒ်(၁၃)။ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် အပိုဒ်(၁၄)။ မတရားအပြစ်ပေးခံရမည်ဆိုပါက အခြားနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံပိုင်ခွင့်။ အပိုဒ်(၁၅)။ နိုင်ငံသားဖြစ်ခွင့် အပိုဒ်(၁၆)။ အရွယ်ရောက်သူတိုင်း မိမိဆန္ဒဖြင့် လက်ထပ်အိမ်ယာထူထောင်ခွင့်။ အပိုဒ်(၁၇)။ ပစ္စည်းဥစ္စာပိုင်ခွင့်။ အပိုဒ်(၁၈)။ လွတ်လပ်စွာတွေးခေါ်ယုံကြည်ကိုးကွယ်ခွင့်။ အပိုဒ်(၁၉)။ လွတ်လပ်စွာ ထုတ်ဖော်တင်ပြပြောဆိုခွင့်၊ သတင်းများရယူခွင့်။ အပိုဒ်(၂၀)။ ငြိမ်းချမ်းစွာဖွဲ့စည်းထားသောအဖွဲ့အစည်းများအား လွတ်လပ်စွာဝင်ရောက်ခွင့်။ စုဝေးခွင့်။ အပိုဒ်(၂၁)။ အစိုးရတွင်ပါဝင်ခွင့်။ အပိုဒ်(၂၂)။ လူမှုဖူလုံရေးခံစားခွင့်။ အပိုဒ်(၂၃)။ အလုပ်လုပ်ခွင့်၊ အလုပ်သမားသမဂ္ဂ၀င်ရောက်ခွင့်။ အပိုဒ်(၂၄)။ အပန်းဖြေအနားယူခွင့်။ အပိုဒ်(၂၅)။ လုံလောက်သော လူမှုအဆင့်အတန်းခံစားခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၆)။ ပညာသင်ကြားပိုင်ခွင့်။ အပိုဒ်(၂၇)။ ယဉ်ကျေးမှုဘ၀တွင် ပါဝင်ပိုင်ခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၈)။ ထိုအခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၂၉)။ အခြားသူများ၏ အခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၃၀)။ မည်သူမျှဤအခွင့်အရေးများကို မချိုးဖောက်ရန်တာဝန်။