Popular Posts

လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက် ဝမ်းသာစွာဖြင့် ကြိုဆိုပါသည်။သိုသော် အကျဉ်းထောင်ထဲတွင်ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော်အတွက် ထပ်မံကြိုးစားဆောင်ရွက်ပေးကြဖို့ လိုအပ်ပါသေးသည်။..
ဒေါင်းမျိုးဆက်က ကိုယ်ကျိုးမဖက်ပဲနှင့် တိုင်းပြည်အကျိုး လူထုအကျိုး ကြိုးစားလုပ်ဆောင်သွားမည်။
ပြည်သူသာအမိ ပြည်သူသာအဖ ဆောင်ပုဒ်ကို လက်ကိုင်ကာစွဲ ဒါတို့ရဲ့အောင်ပွဲ

9/30/2011

 အစိုးရသစ်လက်ထက်တွင် ပြည်ထောင်စုဝန်ကြီးဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တတိယအကြိမ်တွေ့ဆုံ လွတ်ငြိမ်းချမ်းသာခွင့်အပါအ၀င် အကြောင်းအရာလေးရပ်အား ဆွေးနွေးခဲ့ကြောင်းသိရ





Thursday, 29 September 2011 22:49

ds1
အစိုးရသစ်လက်ထက်တွင်  ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တတိယအကြိမ်မြောက်အဖြစ် စက်တင်ဘာ ၃၀ရက်နေ့ မွန်းလွဲပိုင်းက တွ့ဆုံခဲ့ကြပြီး လွတ်ငြိမ်းချမ်းသာခွင့် အပါအ၀င် အကြောင်းအရာလေးရပ်အား ဆွေးနွေးခဲ့ကြကြောင်း သ တင်းရရှိပါသည်။ တွေ့ဆုံဆွေးနွေးမှုကို စက်တင် ဘာလ ၃၀ရက်နေ့ မွန်းလွဲ ၁နာရီမှ ၂နာရီ ၁၇မိနစ်အချိန်အထိ ပြုလုပ် ခဲ့ခြင်းဖြစ်ပြီး ဆွေးနွေးမှုအပြီးတွင် သတင်းထုတ်ပြန်ချက်ကို ဦးအောင်ကြည်မှ ကြေညာခဲ့ကာ သတင်းထောက်များနှင့်လည်း တွေ့ဆုံခဲ့ပါသည်။
ဆွေးနွေးမှုအပြီး ထုတ်ပြန်ခဲ့သော ကြေညာချက်ကို ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ဖတ်ကြားခဲ့ရာ၌ ''ယနေ့ပြုလုပ်သည့် ဆွေးနွေးမှုတွင် နိုင်ငံတော်သမ္မတကြီးက လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် စဉ်းစားဆောင်ရွက်နေသည့် ကိစ္စ၊ ဧရာဝတီ မြစ်ကြောင်းထိန်းသိမ်းရေးအတွက်  နှစ်ဖက်ပူးပေါင်း ဆောင်ရွက်နိုင်မည့် နည်းလမ်းများကိစ္စ၊ ဥပဒေပြင်ပတွင် လက်နက်ကိုင်ဆောင် ဆန့်ကျင်နေကြသူများကို ဥပဒေဘောင်အတွင်း လာရောက် ငြိမ်းချမ်းရေး တည်ဆောက်ကြရန် နိုင်ငံတော်အစိုးရက ကြိုးပမ်းဆောင်ရွက်နေသည့်ကိစ္စများနှင့် ပြည်တွင်း တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် ပူးပေါင်း ဆောင်ရွက်ရေးကိစ္စတို့ကို ဆွေးနွေး ခဲ့ကြပါသည်။ တွေ့ဆုံ ဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်သွားရန် သဘောတူညီခဲ့ကြပါသည်''ဟူ၍ ပါရှိခဲ့ပါသည်။
ds2 ထို့နောက် သတင်းထောက် များက မေးခွန်းမေးမြန်းခဲ့ရာ ရိုက် တာ သတင်းဌာနမှ ဦးအောင်လှ ထွန်းက ''လွန်ခဲ့တဲ့တစ်ပတ်က ဦး ခင်အောင်မြင့်က ကမ္ဘောဒီးယား မှာ ပြောသွားပါတယ်။ အစ်မသာ ပါလီ မန်ထဲကို ၀င်လာခဲ့မယ်ရင် လက် ကမ်းကြိုဆိုမယ်လို့ ပြောသွားပါ တယ်။အစ်မ၀င်လာဖို့ကျတော့ကျွန် တော်တို့သိတာက technically က နည်းနည်း အဆင်မပြေဖြစ် နေတာ တွေ့ရပါတယ်။ အစိုးရဖက်က အဲ တာကို ၀င်ဖို့အဆင်ပြေအောင် လုပ် ပေးနိုင်မယ့်အနေအထားရှိပါသလား။ ဒါကတော့ ၀န်ကြီးကို မေးတဲ့ မေး ခွန်းပါ။  နောက်တစ်ပိုင်းကတော့ အစ်မကိုမေးတဲ့မေးခွန်းပါ။ တကယ် လို့ အစိုးရဖက်ကသာ နည်းနည်း ပါးပါး ပြုပြင်ပေးမယ်ဆိုရင် NLD ကို registration လုပ်ပြီးတော့လာ မယ့် Byelection  မှာဝင်ဖို့ရှိပါသလား။အစ်မကိုယ်တိုင် ၀င်ဖို့ရောမှန်း ထားတာရှိပါသလား''ဟု မေးမြန်းခဲ့ ပါသည်။
ထိုမေးမြန်းချက်ကို ဦးအောင် ကြည်က'' ကျွန်တော့်အနေနဲ့ ဦးစွာဖြေရမယ်ဆိုရင် ဥပဒေနဲ့အညီ ကျွန်တော်တို့ မှတ်ပုံတင်ပြီးသွားတဲ့အချိန်မှာ ကျွန်တော်တို့ NLD  နဲ့အတူ လက်တွဲပြီးတော့ ဆောင်ရွက်သွားဖို့အတွက် အမြဲတန်းကြိုဆိုလျက်ရှိပါ တယ်ဆိုတဲ့အကြောင်း ဖြေကြားလို ပါတယ်'' ဟု ပြောကြားခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်ကမူ '' NLD က တော့၊ ကျွန်မက NLD အတွက်၊ အားလုံးအတွက် ပြောပေး လို့မရဘူးလေ။ CEC ကို ပထမတင် ပြရဦးမှာ။ CEC ကိုတင်ပြပြီးမှ ကျွန်မတို့ ဘယ်လိုဖြေမလဲဆိုတာ ပြောချင်ပါတယ်။ ကျွန်မတို့ကရွေး ကောက်ပွဲကိုမူအရ ကျွန်မတို့ဆန့်ကျင်တာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီစနစ်ရဲ့ တစိတ်တစ်ပိုင်း ဖြစ်တယ်ဆိုတာ ကျွန်မတို့ လက်ခံပြီးသားပါ။ဒီလို ရွေးကောက်ပွဲ ၀င်ပုံဝင်နည်း အခြေအနေ အခင်းအကျင်းအရ ဒါကိုပဲကျွန်မတို့ကြည့်မှာ ဖြစ်ပါတယ်''ဟု ပြန်လည် ဖြေကြားခဲ့ပါသည်။

ထို့နောက် ဆန်ကေးရှင်ဘွန်း သတင်းစာမှ ဒေါက်တာဇော်သန်းက  ဧရာဝတီမြစ်ဆုံစီမံကိန်းကို သမ္မတကြီး ဦးသိန်းစိန်က ခေတ္တရပ်နားလိုက်ကြောင်း ပြောကြားခဲ့သည့်အပေါ် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားအား မေးမြန်းခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က ''ကျွန်မတို့ နားလည် သလောက်က ဒီမနက်ကနေပြီးတော့ လွှတ်တော်ကို သမ္မတကြီးဆီက သ၀ဏ်လွှာပို့တယ်လို့ ပြောပါတယ်။ ဒီသ၀ဏ်လွှာမှာဆိုရင် သမ္မတကြီးက ပြည်သူလူထုရဲ့ စိုးရိမ်မှုတွေ၊ ကြောင့်ကြမှုတွေကို ထောက်ထားပြီးတော့ ဒီမြစ်ဆုံရေကာတာစီမံကိန်းကို ရပ်ဆိုင်းထားမယ်လို့ ဒီလိုမှာကြား လိုက်တယ်လို့ ကျွန်မတို့ နားလည်ပါတယ်။ ဒါကတော့ ကျွန်မအမြင်မှာတော့ ပြည်သူရဲ့အသံကိုနားထောင်တယ်ဆိုတာ အင်မတန်မှ ကောင်းပါတယ်။ ဒီဟာဟာအစိုးရတိုင်း လုပ်ရမယ့်ကိစ္စပါ။ ပြည်သူရဲ့အသံကို နားထောင်ရမယ်။ ပြည်သူရဲ့ စိုးရိမ်ကြောင့်ကြမှုတွေကို တကယ်ပဲ လေးလေးနက်နက် ထားပြီးတော့ ဖြေရှင်းပေးရမယ်။ အဲတာကြောင့် ကျွန်မဒါကို ကြိုဆိုပါတယ်''ဟု ပြန်လည် ဖြေကြားခဲ့ပါသည်။
ပြည်တွင်းသတင်းဂျာနယ်များ ကိုယ်စား မေးခွန်းကို 24/7 ဂျာနယ်မှ ဦးသီဟစောက မေးမြန်းခဲ့ရာ ''လောလောဆယ် ပြည်သူတွေကနေပြီးတော့ သိချင်နေကြ၊ မျော်လင့်ကြတာရှိတယ်။ အခုပြောင်း နေတဲ့ Political Process ထဲမှာ အန်တီစုတို့နဲ့ NLD က ဘယ်လောက် အထိ Inclusive  ဖြစ်ပြီလဲ။ ဘယ်လောက်အထိ တရားဝင်ရပြီလဲ။နောက်တစ်ခုကတော့ နိုင်ငံရေး အကျဉ်းသားတွေကိစ္စ၊ နိုင်ငံရေး အကျဉ်းသားတွေလွတ်ဖို့ အလားအလာ ဘယ်လောက်ရှိပြီလဲ။ နောက်တစ်ခုကတော့ Ethnic Issue တွေမှာ တိုင်းရင်းသားကိစ္စတွေမှာ ဘယ်လောက်အထိ ငြိမ်းချမ်းရေးနဲ့ ပြေလဲမှု ရပြီလဲ။ အဲဒီကိစ္စတွေမှာ အန်တီစုနဲ့ NLD က ဘယ်လောက်အထိ ပါဝင်ခွင့် ရနေပြီလဲ။ အချိန်တန်ရင် ပြောမယ်ဆိုတာ အဲဒီအချိန်အတွက် အချိန်အကန့်အသတ်တစ်ခု အန်တီစုပြောလို့ရပြီလား''ဟု မေးမြန်းခဲ့ပါ သည်။
ထိုမေးမြန်းချက်ကို ဒေါ်အောင် ဆန်းစုကြည်မှ ပြန်လည်ဖြေကြားခဲ့ရာ၌ ''ခုနတုန်းက ၀န်ကြီးဦးအောင်ကြည်ဖတ်သွားတဲ့ အထဲမှာလည်း ပါပြီးပါပြီ။ ဒီကိစ္စတွေကို  ကျွန်မတို့ ဆွေးနွေးပြီး ဖြစ်ပါတယ်။ ကျွန်မတို့က ဘယ်လောက်အတိုင်းအတာ အထိပါဝင်နေသလဲဆိုတာ၊  ကျွန်မ တို့က ဒီဟာတွေမှာပြည်သူတွေအတွက် အကျိုးဖြစ်နိုင်တဲ့ အတိုင်းအတာအထိ ကျွန်မတို့ ဆောင်ရွက်သွားမှာပါ။ တတ်နိုင်သလောက် ကြိုးစားပြီးတော့မှ တိုင်းပြည်အတွက် အကျိုးဖြစ်မယ်။ ပြည်သူတွေအတွက် အကျိုးဖြစ်မယ့်ကိစ္စတွေမှာ ဆိုလို့ရှိရင် ကျွန်မတို့က အင်တိုက်အားတိုက် ပါဝင်ပြီး လုပ်မှာဖြစ်ပါတယ်''ဟု ပြောကြားခဲ့ပါသည်။
အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် ၁၂ကြိမ်မြောက် တွေ့ဆုံထားခဲ့ပြီး အစိုးရသစ်လက်ထက် တတိယအကြိမ် တွေ့ဆုံခဲ့ခြင်းဖြစ်ပါသည်။

ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ စက်တင်ဘာလ ၃၀ ရက် မွန်းလွဲ ၁ နာရီတွင် တွေ့ဆုံမည်




  friday, 30September 2011

အလုပ်သမား ၀န်ကြီးဌာနနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအောင်ကြည်နှင့် ဒေါ် အောင်ဆန်းစုကြည်တို့သည် ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ရှိ စိမ်းလဲ့ကန်သာ ဧည့်ဂေဟာ တွင် တွေ့ဆုံမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။
ယခုတွေ့ဆုံမှုသည် ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့၏ ၁၂ ကြိမ်မြောက် တွေ့ဆုံမှု ဖြစ်ပြီး အစိုးရသစ်လက်ထက်တွင် တတိယအကြိမ်မြောက် တွေ့ဆုံခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် လည်း ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့က သမ္မတအိမ်တော် ရုံးခန်း၌ တွေ့ဆုံထားသည်။  ထို့ပြင် သြဂုတ်လ ၂၀ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် နိုင်ငံတော် ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲ ဒုတိယနေ့ နံနက်ပိုင်း အစီအစဉ်သို့ တက်ရောက်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ တွေ့ဆုံခဲ့မှုများ-
၁။ ၂၀၀၇ ခုနှစ် အောက်တိုဘာလ ၂၅ ရက်
၂။ ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၉ ရက်
၃။ ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်
၎။ ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၁၁ ရက်
၅။ ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၃၀ ရက်
၆။ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၃ ရက်
၇။ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၇ ရက်
၈။ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၉ ရက်
၉။ ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၁၅ ရက်
၁၀။  ၂၀၁၁ ခုနှစ် ဇူလိုင်လ ၂၅ ရက် (အစိုးရသစ် လက်ထက်)
၁၁။၂၀၁၁ ခုနှစ် သြဂုတ်လ ၁၂ ရက်

မြစ်ဆုံဆည်တည်ဆောက်ခြင်းကို မိမိတို့အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက လွှတ်တော်သို့ သ၀ဏ်လွှာပေးပို့


PDF Print
Thursday, 29 September 2011 00:00

မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မိမိတို့ အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက လွှတ်တော်သို့ သ၀ဏ်လွှာ ပေးပို့ခဲ့ကြောင်း သတင်းရရှိပါသည်။ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က စက်တင်ဘာလ ၃၀ ရက်နေ့တွင် လွှတ်တော်သို့ အချက် (၁၀)ချက်ပါသည့် သ၀ဏ်လွှာပေးပို့ခဲ့ခြင်း ဖြစ်သည်။

အဆိုပါအချက် ၁၀ ချက်ထဲတွင် မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မိမိတို့အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဆိုသည့်အချက် ပါဝင်ကြောင်း၊ နိုင်ငံတော်သမ္မတ ဦသိန်းစိန်မှ မြစ်ဆုံဆည် တည်ဆောက်ခြင်း ရပ်ဆိုင်းရသည့်အပေါ် မိမိတို့အစိုးရသည် ပြည်သူဆီမှ ဆင်းသက်လာသည့် အခွင့်အာဏာအရ တာဝန်ယူလုပ်ဆောင်ကြခြင်းဖြစ်၍ အများပြည်သူ ဆန္ဒအရ မြစ်ဆုံဆည်တည်ဆောက်ခြင်းကို မိမိတို့ အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ပေးပို့ထားခြင်းဖြစ်သည်။
“မိမိတို့အစိုးရသည် ပြည်သူမှ ရွေးချယ်တင်မြှောက်ထားသည့် အစိုးရဖြစ်သည်နှင့်အညီ ပြည်သူများ၏ဆန္ဒကို အလေးထားရပါသည်။ ပြည်သူများ၏ စိုးရိမ်ပူပန်မှုများကို အလေးထား၍ ဖြေရှင်းဆောင်ရွက်ပေးရန် တာဝန်ရှိပါသည်။ သို့ပါ၍ မိမိတို့ အစိုးရလက်ထက်တွင် မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မပြုလုပ်စေဘဲ ရပ်ဆိုင်းထားမည် ဖြစ်ပါသည်။ နိုင်ငံတော်အတွက် လိုအပ်နေသည့် လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် အန္တရာယ်မရှိနိုင်သည့် အခြားသော ရေအားလျှပ်စစ် စီမံကိန်းများကိုသာ စနစ်တကျ လေ့လာဆန်းစစ်၍ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အိမ်နီးချင်း မိတ်ဆွေနိုင်ငံ ဖြစ်သည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ချုပ်ဆိုထားသည့် အဆိုပါစီမံကိန်းနှင့် သက်ဆိုင်သော စာချုပ်စာတမ်းများကို မိတ်ဝတ်မပျက်စေဘဲ သဘောတူညှိုနှိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း လွှတ်တော်သို့ အသိပေးအကြောင်းကြား အပ်ပါသည် “ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ လွှတ်တော်သို့ ပေးပို့သော သ၀ဏ်လွှာတွင် ဖေါ်ပြပါရှိပါသည်။

ဇာဂနာ ထောင်ထဲမှာပင်ရှိနေသေး

မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ စက်တင်ဘာလ ၂၉ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၂၅ မိနစ်




ရန်ကုန် (မဇ္ဈိမ) ။        ။ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က နယူးယောက်မြို့တွင် ကျင်းပနေသည့် ၆၆ ကြိမ်
မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် မကြာခင် အကျဉ်းသားများ လွတ်ပေးရန် ရှိသည်ဟု ပြောကြားခဲ့
နောက် နိုင်ငံရေး အကျဉ်းသားများလည်း လွတ်လာဖွယ်ရှိသည်ဟု နိုင်ငံရေး ပါတီများကလည်း မျှော်လင့်နေကြသည်။

လူပြောများနေသော ကောလဟတခုကတော့ ကိုသူရ ခေါ် ဇာဂနာ သည်လည်း လွတ်လာပြီဆိုခြင်း ဖြစ်သည်။

နာဂစ်မုန်တိုင်း တိုက်ပြီးနောက် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်ရင်း ထောင်ဒဏ် ၃၅ နှစ် ကျခံနေရသူ
မြစ်ကြီးနားထောင် ကြိုးတိုက်တွင် ရှိနေသော ဇာဂနာ၏ ခယ်မ မငြိမ်း ခေါ် မစန္ဒာနှင့် မဇ္ဈိမ သတင်းထောက်က
မေးမြန်း ခဲ့သည်ကို တင်ပြလိုက်ပါသည်။
--------------------------------------------------------------------------------------------------------------------------------------

9/29/2011

လူရွှင်တော် ဇာဂနာ လွတ်ပြီလို့ ကြားရ


2011-09-29 နိုင်ငံရေးအကျဉ်းသား လူရွှင်တော် ကိုဇာဂနာကို အစိုးရက လွှတ်ပေးလိုက်ပြီလို့ RFA က စုံစမ်း သိရှိရပါတယ်။ တခြား နိုင်ငံရေး အကျဉ်းသားတွေ ပါဝင်ခြင်း ရှိမရှိတော့ မသိရသေးပါဖူး။
Photo: thisprisonwhereilive.co.uk
ဟာသသရုပ်ဆောင်နှင့် ဒါရိုက်တာ ဇာဂနာ ခေါ် ကိုသူရ။ (Photo: thisprisonwhereilive.co.uk)
သူ့ကို မြစ်ကြီးနားထောင် ကနေ ဒီကနေ့ မန္တလေးကို ခေါ်လာပြီး မနက်ဖန် မနက် လေယဉ်ပျံနဲ့ ရန်ကုန်လေဆိပ်ကို ရောက်ရှိမှာ ဖြစ်ပါတယ်။ ဒီသတင်းကို နေပြည်တော် အသိုင်းအ၀န်းက ရရှိတာ ဖြစ်ပြီး မိသားစုတွေကို ကြိုတင် အသိပေးထားခြင်း မရှိပဲ နေအိမ်ကို ထောက်လှမ်းရေးအဖွဲ့က လိုက်လံ ပို့ဆောင်မယ်လို့လည်း သိရပါတယ်။ ဒါပေမယ့် ဒီသတင်းကို သူတို့ဘာမှ မသိကြောင်း ဒီကနေ့လည်ပိုင်းထိတော့ ကိုဇာဂနာ မြစ်ကြီးနားထောင်ထဲမှာ ရှိနေသေးကြောင်း ကြားရတယ်လို့ ခယ်မဖြစ်သူ မငြိမ်းကပြောပါတယ်။ ဒီနေ့ ထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွတ်လာတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါကြောင့် လူရွှင်တော် ကိုဇာဂနာနဲ့ ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်တို့ ပြန်လွတ်လာသလား ဆိုပြီး သတင်း မီဒီယာတွေက မိသားစုတွေကို ဆက်သွယ်မေးမြန်း နေကြတယ်လို့ သိရပါတယ်။ ကိုမင်းကိုနိုင်ကို မိသားစုတွေ သွားမတွေ့နိုင်တာ ၃ လလောက် ရှိနေပြီး လာမယ့် အောက်တိုဘာလ ၁၈ ရက်မှာ ကျရောက်မယ့် ကိုမင်းကိုနိုင် မွေးနေ့ မတိုင်ခင်တော့ သွားတွေ့ဖို့ ရည်ရွယ်ထားတယ်လို့ ကိုမင်းကိုနိုင်ရဲ့ အမဖြစ်သူ ဒေါ်ကြည်ကြည်ညွန့်ကပြောပါတယ်။ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပွဲနဲ့ အလုပ်သမားဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ ပြောဆိုဆွေးနွေး တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ သလို၊ ဦးသိန်းစိန် အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ကလည်း နိုင်ငံတော် သမ္မတ အနေနဲ့ အခြေခံ ဥပဒေပါ လုပ်ပိုင်ခွင့်နဲ့အညီ သင့်တော်တဲ့ အချိန်မှာ အကျဉ်းသားတွေကို လွတ်ငြိမ်း ချမ်းသာခွင့်ပေးဖို့ ရှိနေတယ်လို့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြောတဲ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။ ဒီရက်ပိုင်းအတွင်း နိုင်ငံရေး အကျဉ်းသား (၂၀၀) ကျော် ပြန်လွတ်လာမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေစဉ်မှာ အခုလို ကိုဇာဂနာကို အစိုးရက လွှတ်ပေးလိုက်ပြီလို့ ကြားရခြင်းပါပဲ။ ဒီသတင်းကို နေပြည်တော် အသိုင်းအ၀န်းက ရရှိတာ ဖြစ်ပေမယ့် တခြား သတင်းဌာနတွေရဲ့ အတည်ပြုချက်တော့ မရသေးပါဘူး။

“ပြည်သူ့အသံ ... လွှတ်တော်အသံ”

ကာတွန်းနေမျိုးအေး

ပြည်တော်မပြန်သေးတဲ့ 88ကျောင်းသား

ပစ်ခတ်မှုကြား ရွာသားနှစ်ဦး သေဆုံး

ကွန်းချမ်း | ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၂၈ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၀၁ မိနစ်


ချင်းမိုင် (မဇ္ဈိမ) ။       ။ ရွာတွင်းဝင်လာသည့် လက်နက်ကိုင် အဖွဲ့တဖွဲ့ကို အစိုးရစစ်တပ်မှ ပစ်ခတ်ရာမှ ရွာသားနှစ်ဦး သေနတ်မှန်သေဆုံးသည့် ဖြစ်ရပ်တခု တနင်္သာရီတိုင်း
ရေဖြူမြို့နယ်၊ကလိန်အောင်မြို့နယ်ခွဲ လော့သိုင်းရွာ
တွင်တနင်္လာနေ့က ဖြစ်ပွားခဲ့သည်။

ပြောက်ကြား ဝတ်စုံဝတ် လက်နက်ကိုင် ၁ဝ ယောက်ခန့်ကို ကလိန်အောင်မြို့နယ်ခွဲ အခြေစိုက် ခမရ (၂၈၂) က လိုက်လံပစ်ခတ်ရာမှ အသက် ၅ဝ ကျော် အရပ်သား အမျိုးသားနှစ်ဦးကို  သေနတ်ထိမှန်  သေဆုံးသွားခြင်းဖြစ်သည်။

“စပစ်တဲ့အချိန်မှာ ကျနော်တို့ ဗီဒီယိုရုံမှာ ရှိနေတယ်။ သေနတ်သံလည်း ကြားရော တရုံလုံး ထပြေးကြတယ်။ ဘာဖြစ်တာလဲတောင် ကျနော်တို့ မသိလိုက်ဘူး။ အဲဒီမှာပဲ ရုံနားက လက်ဘက်ရည်ဆိုင်မှာ ထိုင်နေတဲ့ နိုင်ဝမ်းက
သေနတ်ထိပြီး ပွဲချင်းပြီး ဆုံးသွားတာပဲ” ဟု ရွာသားတဦးက ပြောသည်။

မည်သည့်အဖွဲ့ဟု ရှင်းရှင်းလင်းလင်း မသိရသော်လည်း ရွာသားများအဆိုအရ  ပြောက်ကြားဝတ်စုံဝတ် ၁ဝ ယောက် ခန့်သည် ဆက်ကြေးကောက်ရန် ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး အစိုးရတပ်နှင့် ထိပ်တိုက်တိုးကာ ပစ်ခတ်မှု ဖြစ်ခြင်းဟု ဆိုကြသည်။

သေဆုံးသူ နှစ် ဦး၏ ရုပ်အလောင်းကို တနင်္လာနေ့တွင် လော့သိုင်းရွာ သုဿာန်သို့ ပို့ဆောင်ကာ မြေမြှုပ်သဂြုင်္ိဟ် ခဲ့ကြသည်။ အဆိုပါ အခင်းဖြစ်ပွားပြီးနောက် ဗုဒ္ဓဟူးနေ့ထိ အထက်ပါတပ်ရင်းမှ ရွာသားများကို ရွာပြင်ထွက်ခွင့် ပိတ်ထားသည်။

မွန်ပြည်သစ်ပါတီ နိုင်ငံခြား ဆက်ဆံရေးဌာနမှ ဒုဗိုလ်မှူးကြီး ဉာဏ်ထွန်းက ထိုဒေသတွင် မွန်လက်နက်ကိုင် အဖွဲ့ငယ် သုံးဖွဲ့ လှုပ်ရှားလျက်ရှိကာ  မွန်တော်လှန်ရေးကို အကြောင်းပြကာ ပြည်သူများထံမှ ငွေကြေး ကောက်ခံခြင်း၊ ပြန်ပေး ဆွဲခြင်းများနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းများ ပြုလေ့ရှိသည်ဟု မဇ္ဈိမကိုပြောသည်။

နွေရာသီရဲ့ ညနေခင်း




လှုပ်လှုပ်… လှုပ်လှုပ် နဲ့ လူတစ်စု
ခြုံနွယ်တွေကို အတင်းတိုးကာဝှေ့ကာ
ရှေ့သိုအလောတကြီး လျှောက်လှမ်းလာနေကျ
လက်ထဲတွင်လဲ လူသတ်လက်နက်တွေသာမက
ကိရိယာ အပြည့်အစုံတွေပါ ပါရှိခဲ့တယ်……

သူတို့နောက်တွင်လဲ အထုတ်အပိုးကိုယ်စီနဲ့လူတွေ
ယိုင်နဲ့နဲ့ နှင့် လျှောက်လှမ်းလာနေကျတယ်
ရှေ့ကလူတွေကတော့အိမ်ကြီးရှင်တွေအလား
ရယ်မောသံတွေကလဲ အောင်နိုင်ရစစ်သူကြီးတွေအလား
တောတစ်ခုလုံးလဲ ပွက်လောရိုက်နေခဲ့
ဝတ်ဆင်ထားတဲ့ အကျီင်္တွေကလဲ သွေးညီနံစို့စို့
သိုသော်လဲ အနံကိုဂရုမထား
သူတို့ရဲ့ ပျော်ရွှင်မှုအတွက် လူတွေရဲ့ အသက်အိုးအိမ်တွေကို
ဖျက်ဆီးရက်တဲ့သူတွေ
ညမှောင်ရီပျိုးချိန်ရောက်ပြန်တော့လဲ မီးပုံကြီးဘေးတွေ
အသားစုံနဲ့ အရက်ဝိုင်း
ပျော်ပျော်ရွှင်ရွှင် နဲ့ ခရစ်စမက်မီးပုံပွဲအလား……..
ခုနက အထုတ်အပိုးကိုယ်စီနဲ့ လူတွေပြန်တော့
အသားခြောက်တစ်ဖက်ကိုကိုင်ကာ
ထမင်းအနည်းငယ်နဲ့ ခေါင်းငုံကာ လွေးနေလေရဲ့…….

ဒီဖြစ်ရပ်တွေက နေရာစုံ တောတောင်စုံမှာရှိနိုင်သလို
နွေရာသီရဲ့ ညနေခင်းကိုများ
အလှဆင်နေသလော…..
                                            တက်လူ(19.9.2011)

ငြိမ်းချမ်းရေးရှိဖို့

ပါတီမှတ်ပုံတင်ရေး NLD စောင့်ဆိုင်း


ပါတီမှတ်ပုံတင်ရေး NLD စောင့်ဆိုင်း
သတင်း - ဗွီအိုအေ (၂၈-၉-၂၀၁၁)

မြန်မာ့နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ အားလုံးပါဝင်ခွင့်ရစေဖို့ နိုင်ငံတကာအသိုင်းအ၀န်းကလိုလားနေတဲ့ တချိန် တည်းမှာပဲ မြန်မာနိုင်ငံမှာ အဓိက နိုင်ငံရေးအင်အားစုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အ နေနဲ့ တရားဝင် မှတ်ပုံတင်နိုင်ရေးကို မျှော်လင့်နေပါတယ်။ အစိုးရသစ် တက်လာချိန်ကစလို့ အပြောင်းအလဲ တွေလုပ်သွားမယ်လို့ ကတိပေးထားတဲ့အတိုင်း အစိုးရသစ် အကောင်အထည်ဖော်တဲ့နေရာမှာ တချိန်က ရွေး ကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ NLD လို ဒီမိုကရေစီလိုလားတဲ့ နိုင်ငံရေးအင်အားစုတွေကို ဘေးဖယ်မထားဖို့ ကုလ သမဂ္ဂ အပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်းကလည်း လိုလားနေကြတာပါ။ အပြည့်အစုံကို ဆက်သွယ်စုံစမ်း ထားတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရသစ်တရပ်အဖြစ် ထွက်ပေါ်လာတဲ့ ရွေးကောက်ပွဲမှာ မှတ်ပုံတင် ပါဝင်တာတွေ မလုပ်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဆုံးဖြတ်ထားပေမယ့် တိုင်းပြည်မှာ ပြန်လည်သင့်မြတ်ရေးအ တွက် နိုင်ငံရေးပါတီတခုအဖြစ် တရားဝင် အသိအမှတ်ပြု လက်ခံဖို့ လိုမယ်လို့ နိုင်ငံတကာအသိုင်းအ၀န်းက မြင်ပါတယ်။ ဗြိတိန်နိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး မာ့ခ်ဂရန့်တ် (Mark Grant) က ဆိုရင်လည်း နိုင်ငံရေးပါတီတခုအဖြစ် အစိုးရက အသိအမှတ်ပြုမထားတဲ့ NLD ပါတီကို မှတ်ပုံတင်ခွင့် ပေးတာလို အစိုးရ ဘက်က ဆောင်ရွက်တာတွေ မြင်ချင်တဲ့အကြောင်း ကုလသမဂ္ဂရုံးချုပ်မှာ အင်္ဂါနေ့နှောင်းပိုင်း ပြုလုပ်တဲ့ အ တွင်းရေးမှူးချုပ်ရဲ့ မြန်မာ့မိတ်ဆွေနိုင်ငံများအဖွဲ့ ဆွေးနွေးပွဲအပြီးမှာ သတင်းထောက်တွေကို ပြောခဲ့တာပါ။

NLD ဗဟိုကော်မတီဝင်တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းကလည်း ဒီလိုအခြေအနေတွေ ပေါ်ပေါက်လာဖို့ ပါတီအနေနဲ့ မျှော်လင့်နေတဲ့အကြောင်း ပြောပါတယ်။

“NLD ပါတီ မှတ်ပုံတင်နိုင်မယ့် အခြေအနေတရပ်ဖြစ်ဖို့ လိုနေတယ်လို့ ကျနော်တို့ တွက်ထားပါတယ်။ သမ္မတ နဲ့ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးတဲ့ အချက်တွေကိုတော့ ကျနော်တို့ မသိပါဘူး။ ဒါကြောင့် အဲဒီဆွေးနွေးပွဲ ရဲ့ သူတို့ မျှော်မှန်းထားတာတွေ ဖြစ်ပေါ်လာဖို့ စောင့်မျှော်နေတာ အခု နည်းနည်း နောက်ကျလာပြီဆိုတဲ့ သ ဘောတော့ တွေ့တယ်။ ဒါကြောင့် တကယ်လို့ NLD ပါတီအနေနဲ့ကတော့ မှတ်ပုံတင်နိုင်မယ့် အခြေအနေတခု ပေါ်ပေါက်လာရင်တော့ ကျနော်တို့ ဒီဟာကို စဉ်းစားဆုံးဖြတ်မှာပါ။ ကြိုတင်ဆုံးဖြတ်ထားတာတော့ မရှိပါဘူး”

ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလမှာ ကျင်းပတဲ့ ရွေးကောက်ပွဲတွေကိုတော့ ဒီမိုကရေစီအခြေခံတွေ ကင်းမဲ့ တယ်ဆိုပြီး NLD ပါတီက ပြောဆိုခဲ့သလို မှတ်ပုံမတင်ဘဲ နေခဲ့တဲ့အတွက် တရားဝင် နိုင်ငံရေးပါတီတခု မ ဟုတ်ဘူးဆိုပြီး အာဏာပိုင်တွေက သဘောထားနေကြတာပါ။ ဒါပေမယ့်လည်း အစိုးရသစ် တက်လာပြီးတဲ့ နောက် ပထမဆုံးအကြိမ်အဖြစ် ပြီးခဲ့တဲ့လထဲ သမ္မတ ဦးသိန်းစိန်နဲ့ NLD ပါတီရဲ့ အဓိက ခေါင်းဆောင်တဦး ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်မှာ တွေ့ဆုံခဲ့တာလို ဖြစ်ထွန်းမှုတွေ ရှိလာတဲ့အတွက် အခြေ အနေတွေ ပြောင်းလဲလာလေမလား မျှော်လင့်ချက်တွေလည်း ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် မိန့်ခွန်းပြောရာမှာလည်း မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို လုပ်ဆောင်ဖို့ သန္နိဋ္ဌာန်ချထားသလို ရှေ့လျှောက် ဆက် လုပ်သွားမှာလည်းဖြစ်တယ်လို့ ထည့်သွင်းပြောဆိုသွားတာပါ။ ဒီအတွက်လည်း မကြာခင်မှာ အပြောင်းအလဲ တွေ ဖြစ်လာလိမ့်မယ်လို့ သြစတြေးလျ အမျိုးသားတက္ကသိုလ်က ဆေးဘက်ဆိုင်ရာ မနုဿဗေဒပညာရပ်အ တွက် မြန်မာနိုင်ငံမှာ လေ့လာခဲ့ဖူးသူ ပါမောက္ခ မိုနစ်ခ် စကစ်ဒ်မိုး (Monique Skidmore) တို့လို အကဲခတ် တွေက မြင်ပါတယ်။

“မြန်မာအစိုးရက သိပ်စကားပြောလေ့ရှိတာ မဟုတ်ပါဘူး။ ကုလသမဂ္ဂမှာလည်း ဒီလိုပြောတတ်တာ မဟုတ် ပါဘူး။ ဒီလို မှတ်ချက်ပေး ပြောဆိုတာတွေဟာ ထူးခြားပါတယ်။”

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ကလည်း အပြောင်းအလဲတွေ ဖြစ်နိုင်တယ် ဆို တာကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်

ဆာလာအိတ်ထဲက ရာဇ၀င်များရဲ့ သတို့သမီး


by Myo Maw on Tuesday, September 27, 2011 at 1:28pm
ဆာလာအိတ်ထဲက ရာဇ၀င်များရဲ့ သတို့သမီး

ကျွန်တော်တို့ ငယ်ငယ်တုန်းက ရပ်ကွက်ထဲမှာ "မရမ်းသီး" ဆိုတဲ့ ဘော်တယ်ကုလားတစ်ယောက်ရှိတယ်။
သတင်းစာအဟောင်းတွေ ပုလင်းအဟောင်းတွေလိုက်ဝယ်တာပါ။
နေ့စဉ်နေ့တိုင်း နေ့လည် ၂ နာရီပတ်ဝန်းကျင်လောက်မှာ ကျွန်တော်တို့ရပ်ကွက်ထဲ အသံကျယ်ကျယ် ကျယ်ကျယ်နဲ့ လိုက်အော်လေ့ရှိပါတယ်။
သူနဲ့အမြဲတွဲပြီးတွေ့နေရတာက ဟောင်းနွမ်းမည်းညစ်နေတဲ့ ဆာလာအိတ်ကြီးနှစ်လုံးနဲ့ သူတို့ကိုလျှိုထားတဲ့ သက်တမ်းရင့်နေတဲ့ ပြောင်ချောချော ၀ါးထမ်းပိုးကြီးပါ။
ကျွန်တော်တို့ ညီအစ်ကို မောင်နှမတွေကစားနေတဲ့ခြံရှေ့ရောက်ပြီဆိုရင်-"ဟေ့ ချာတိတ်တွေ ဘာတွေရောင်းစရာရှိလဲ...အားမနာနဲ့ ပြောနော်...မရမ်းသီး အကုန်ဝယ်တယ်...မင်းတို့လည်း မုန့်ဖိုးရတယ်..." ဆိုပြီးအော်နေကျ ပြောနေကျ ဖြစ်ပါတယ်။
ရောင်းသူ ၀ယ်သူ အသံတူ လို့ဆိုရမှာပဲ...အိမ်က သတင်းစာတွေ (လူကြီးတွေ ဖတ်ပြီးတာတွေ မပြီးတာတွေ နားမလည်ဘူး)၊ ကျောင်းသုံးဗလာစာအုပ်တွေ (သင်ပြီးသားစာတွေ ပြန်ကြည့်မယ်ဆိုတဲ့စိတ်ကူး ယောင်လို့တောင်မရှိခဲ့တာ မှန်သောသစ္စာပါ)၊ ဗဟုသုတဖြစ်ဖွယ်မဂ္ဂဇင်းစာအုပ်တွေ(နှမြောရကောင်းမှန်းလည်းမသိခဲ့ပါဘူး)၊ ကတ်ထူစက္ကူတွေ(တီဗီအုပ်တဲ့ စက္ကူဂျပ်ပုံးတွေပါအကုန်ဆွဲဖြုတ်ပစ်ခဲ့တာပဲ)၊ ပုလင်းအခွံတွေ (အဖွားစုထားတဲ့ ပုလင်းခွံတွေပါ ပါသွားလို့ ဆော်ပလော်တီးခံရသေးတယ်) ရောင်းလို့ရသမျှ အကုန်ဆွဲထုတ်ပြီး အပုံလိုက်ကိုရောင်းလိုက်တာပါပဲ။
ဒါနဲ့ပဲ အိမ်ထဲကပစ္စည်းတွေက ဘော်တယ်ကုလားရဲ့ဆာလာအိတ်ထဲ သိမ်းကျုံးပြီးဝင်သွား....ကုလားက ပိုက်ဆံပေးသွား...တစ်ခါတစ်လေ ပိုပေးသွား (လူကြီးတွေမသိအောင်ရောင်းပေးလို့ ကော်မရှင်သဘောမျိုးထင်ပါရဲ့)..... ရတဲ့ ပိုက်ဆံနဲ့ ကျွန်တော်တို့က မုန့်ဝယ်စား....ကုလားလည်းပြုံး ကျွန်တော်တို့လည်းပြုံး....ဒါပါပဲ။ ဒီလောက်ပဲသိတဲ့ အရွယ်တွေပါ။
မုန့်ဖိုးဆိုတာ ကျွန်တော်တို့လို ကလေးတွေအတွက်တော့ အကြီးမားဆုံးမက်လုံး တစ်ခုပါ။
ကလေးအသိ ကလေးအတွေးနဲ့ ကိုယ်လိုတာရပြီးရော....အိမ်ကဟာတွေရောင်းရင် မုန့်စားရတယ်ကွဆိုတဲ့ အဲဒီတုန်းကလုပ်ရပ်ကလေးတွေဟာ အခုအချိန်ပြန်တွေးမိတော့ ရယ်စရာလည်းကောင်း၊ ရှက်စရာလည်းကောင်းတဲ့ အတွေးတိမ်တိမ် အသိမှိန်မှိန်လေးတွေပါ။ ဒါပေမယ့် အဲဒီကလေးအတွေးလောက်တွေးတတ်ရင်ပဲ........အင်း........ဇာတ်လမ်းက အခုမှစတာပါ။
+++++++

မြစ်ဆုံနှင့် စာပေ အနုပညာရပ်ဝန်း




"ကျနော်တို့ရမယ့် အကျိုးအမြတ်နဲ့ အကျိုးအမြတ်မျှော်ပြီး လုပ်သမျှ ကာလပတ်လုံး ဘာတခုမှ မကောင်းဘဲဗျာ။ ပေး ရတာနဲ့ ဘယ်လိုမှ မတန်တဲ့ ကိစ္စတွေ” မြစ်ဆုံဆည်စီမံကိန်းများကြောင့် ဧရာဝတီမြစ် ပျက်စီးမည်သူကို စိုးရိမ်တကြီး
ပြောနေသူမှာ ပြည်တွင်းထုတ် ပိတောက်ပွင့်သစ် မဂ္ဂဇင်း အယ်ဒီတာချုပ် ကဗျာ မောင်စိမ်းနီ ဖြစ်သည်။

သူက ဆက်ပြီး “တိုင်းရင်းသားချင်း သွေးစည်းညီညွတ်ရမယ့် စိတ်ဓာတ်တွေ ပြိုကွဲရမယ့် ကိစ္စမျိုးတော့ ဘာလို့ လုပ်တော့မှာလဲ”ဟု ဆိုသည်။

တေးရေးနှင့် တေးဆိုဖြစ်သူ ကိုဆောင်းဦးလှိုင်ကလည်း “ဧရာဝတီမြစ်ရဲ့ မြစ်ဆုံသာ တခုခု အမှားအယွင်း၊ အတိမ်းအစောင်း ရှိမယ်ဆိုရင် တတိုင်းပြည်လုံး ထိခိုက်သွားမှာမျိုးကို ပေါ့ဗျာ။ ဧရာဝတီမြစ်က တိုင်းပြည်ရဲ့ အသက်သွေးကြော ဆိုတော့ အဲဒါမျိုးကို စိုးရိမ်ပူပန်မှု ရှိလို့ အနုပညာသမားတွေပါ ပါဝင်လှုပ်ရှားကြတာ” ဟု ပြောသည်။
myitsone1
အစိုးရက ကြွေးကြော်နေသည့် ပြည်သူ့အသံသည် လွှတ်တော်ဆန္ဒ၊ ပြည်သူ့ဆန္ဒသည် လွှတ်တော် အသံ ဆိုသည်မှာ အဖြူ၊ အမဲ သဲကွဲလာမည့် အတွက် စောင့်ကြည့်သင့်ကြောင်း ကိုဆောင်ဦးလှိုင်က ရှုမြင် (ဓါတ်ပုံ မဇ္ဈိမ)

ယခင်က အစိုးရ၏ လုပ်ရပ်များအား ဆန့်ကျင်သည့် သဘော သက်ရောက်သည့် အပြုအမူ၊ အပြောအဆိုများ ရှိပါက ရေးသားခွင့်၊ သီဆိုခွင့် ပိတ်ပင်ခြင်းများ ရှိသည့်ကြားမှ ထိခိုက်မှုများမည်ဟု လူပြောများနေသည့် ဧရာဝတီ
မြစ်ဆုံ ကိစ္စနှင့် ပတ်သက်၍ စာပေနှင့် ဂီတနယ်ပယ်သားများ လူသိရှင်ကြား ဝေဖန်လာနေကြသည်။

“တချိန်တုန်းက ပြောဖို့ ဆိုဖို့ လက်တွန့်နေတဲ့သူတွေ အများကြီးပဲလေ။ တွန့် တွန့်နေတဲ့သူတွေ အများကြီး လေ။ လက်တွန့်တာပေါ့လေ။ စိုးရိမ်ထိတ်လန့်မှု ရှိတဲ့သူတွေ အများကြီးပေါ့။ အခုတော့ အခမ်းအနားတွေ လုပ်ရင်လည်း ခါတိုင်းနှစ်တွေထက်တော့ အခမ်းအနားတွေက ပိုပြီးတော့ စည်ကားလာတယ်” ဟု ကိုဆောင်းဦးလှိုင်က ပြောဆို
သည်။

မြစ်ဆုံစီမံကိန်း၊ ဒဂုန်တာရာ လေးနက်စွာ ကန့်ကွက်




နယူးဒေလီ (မဇ္ဈိမ) ။      ။ ဧရာဝတီ မြစ်ဖျားခံရာ အရပ်ရှိ မြစ်ဆုံဆည် စီမံကိန်းအား ‘လေးနက်စွာ ကန့်ကွက်ကြောင်း’ အသက် ၉၄ နှစ်ရှိပြီဖြစ်သည့် စာရေးဆရာကြီး ဒဂုန်တာရာက ငြိမ်းချမ်းရေး ပန်ကြားလွှာ အမှတ် ၃ ကို ထုတ်ပြန် လိုက်သည်။

တနင်္လာနေ့က ထုတ်ပြန်လိုက်သည့် အဆိုပါ ပန်ကြားလွှာတွင် ဧရာဝတီမြစ်ကြီးမှာ လူ့ပယောဂများကြောင့် များစွာ ပျက်စီးနေပြီး မြစ်ဆုံဆည် စီမံကိန်းကြောင့် “မြန်မာ့ရဋ္ဌ မြန်မာ့သဘာဝ မြန်မာ့ဘဝကို ဖျက်ဆီးနိုင်သည် သာမက
မြန်မာနှင့် အာရှဒေသ ငြိမ်းချမ်းရေးကိုပါ ထိခိုက် ပျက်စီးစေနိုင်သည်” ဟု ဖော်ပြပါရှိသည်။

ရှေးဦးမြန်မာများ လက်ထက်ကတည်းက ဧရာဝတီမှာ ပထဝီသဘာဝအရ တည်ရှိနေခဲ့ခြင်း ဖြစ်ပြီး မြန်မာတပြည်
လုံးက ပိုင်ဆိုင်ကြောင်း “ဧရာဝတီမြစ်ဆိုတာ မြန်မာပြည်လို့ ပေါ်တဲ့အချိန်ကစပြီး ရှိတာ။ ရှည်လည်းရှည်တယ်။ သိပ်ကြီးကျယ်တယ်လေ။ တပြည်လုံးနဲ့ ဆိုင်တယ်။ တရုတ်နဲ့ဆိုင်တာ မဟုတ်ဘူး” ဟု ဒဂုန်တာရာက မဇ္ဈိမကို
ပြောသည်။
ddy
ယင်းအပြင် မြစ်ဆုံဆည် အရေးသည် ပြည်တွင်းစစ်အထိ ဦးတည်သွားနိုင်သဖြင့် စီမံကိန်းကို ရပ်ဆိုင်းထားပါရန် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က တရုတ်သမ္မတ ဟူကျင်းတောင်ထံ မတ်လ ၁၆ ရက်နေ့စွဲဖြင့် အိတ်ဖွင့်ပေးစာ
ရေးသားပေးပို့ခဲ့ဖူးပြီး အစိုးရနှင့် KIO အကြား တိုက်ပွဲများလည်း ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း သြဂုတ်လ ၁၁ ရက်နေ့က ပန်ကြားချက် တစောင် ထုတ်ပြန်ပြီး ဧရာဝတီမြစ်ကြီး တွင် ပြဿနာပေါင်းစုံ ဖြစ်ပေါ်နေကြောင်း “ငြိမ်းချမ်းရေးတရားနှင့် သဟဇာတ ဖြစ်ခြင်းကို မြတ်နိုးသူများ အားလုံး တို့အား အာရှတိုက်၏ အရေးအပါဆုံး မြစ်တခုဖြစ်သည့် ဧရာဝတီကို ခြိမ်းခြောက်နေသည့် အန္တရာယ်များအား ကမ္ဘာတဝှမ်းမှ သိရှိနားလည်ကြစေရန် ကျွန်ုပ်တို့နှင့်အတူ ဝိုင်းဝန်းဆောင်ရွက်ကြပါရန်” ဟု ဖော်ပြပါရှိသည်။


ဗုဒ္ဓ ဆင်းထုတော်များ မဖွယ်မရာ ပြုလုပ်ခံရ၍ စစ်တွေတွင် မကျေနပ်မူတိုးပွား


ထွန်းထွန်း
----------
ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် ဗုဒ္ဓဆင်းထုတော်များကို အမည်မသိသူများက မဖွယ်မရာ ပြုလုပ် ထားခဲ့သဖြင့် ဒေသခံ ဗုဒ္ဓဘာသာများ အကြား အထူး မကျေနပ်မူ တိုးပွားနေကြောင်း သတင်း ရရှိသည်။


The-Buddha-images-perverted-by-muslim
စစ်တွေမြို့ အာဂျိတ်တောင်ကုန်း သင်္ချိုင်းဟောင်း အနီးရှိ သရက်ဦး ဘုန်းတော်ကြီးကျောင်းတွင် ဘုရားကြီး ၃ ဆူ၏ မျက်နှာတော်များကို ကြက်ချေး ရေနံများဖြင့် မဖွယ် မရာ သုတ်လိမ်း ထားပြီး မျက်နာ နဖူးတော်တွင်လည်း မထင်မရှား ရခိုင်လို "ခွီး" ဆိုသော စာလုံးကို ရေးသား ထားသည်ဟု သိရသည်။

၎င်းပြင် အမြင့် ၄ ပေ ကျော်ရှိသော ရခိုင်ဘုရင် စန္ဒသူရိယ၊ ရှင်သီဝလိနှင့် ဇီဝက ဆင်းတုတော် များ၏ မျက်နာများကိုလည်း ကြက်ချေး ရေနံများဖြင့် လိမ်းကျထားသည်ဟု ဒေသခံများက ပြောသည်။

ယခုကဲ့သို့ မဖွယ်မရာ လုပ်ထားခြင်းကို စက်တင်္ဘာလ ၂၃ ရက်နေ့က ပြုလုပ်ထားခြင်း ဖြစ်ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

" ဒီလို လုပ်တာက ဒီလ ၂၃ ရက်နေ့မှာပါ။ အခု ဒေသခံ ဗုဒ္ဓဘာသာဝင်တွေက ဒီလိုလုပ်တဲ့ အပေါ်မှာ အတော်ကို မကျေမနပ် ဖြစ်နေကြတယ်။ အနီးအနားက မွတ်ဆလင် ဘာသာဝင်တွေ လုပ်တယ်ဆိုပြီး ထင်နေကြတယ်။ ဒီကိစ္စ ပြည်နယ် ၀န်ကြီးချုပ်ထိ တက်တိုင်ထားတယ်။ ပြေပြေလည်လည် မဖြေရှင်း နိုင်ရင် ပြဿနာ ကြီးထွား လာနိုင် ပါတယ်" ဟု သူက ဆက်ပြောသည်။

အဆိုပါ ကိစ္စကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ထံ တိုင်ကြားထားပြီး နောက်ပိုင်း ယခုအခါ မသင်္ကာမှုဖြင့် ဒေသခံ မွတ်ဆလင် (၅) ဦးကို စစ်တွေမြို့ အမှတ် (၁) ရဲစခန်းတွင် ခေါ်ယူစစ်ဆေးနေသည်ဟု သူက ပြောသည်။

"အဲဒီအမှုနဲ့ပတ်သက်ပြီးတော့ မသင်္ကာမှုနဲ့ ဒေသခံမွတ်ဆလင်လူမျိုး ၅ ဦးကို အမှတ် (၁) ရဲစခန်းမှာ ခေါ်ယူစစ် ဆေးနေတယ်လို့ သိရပါတယ်။ လူတွေကတော့ စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြပါတယ်" ဟု ပြောသည်။ ယခုလိုလုပ်ရပ်မှာ ယခင်ကတခါမှ မဖြစ်ပွား ခဲ့ဖူးကြောင်းနှင့် ယခု လုပ်ရပ် အပေါ် ဗုဒ္ဓ ဘာသာဝင် များက အထူး ခံပြင်းနေကြောင်း သိရသည်။

ယခု လုပ်ရပ်အပေါ် ဘာသာရေး အဓိဂရုဏ်း ဖြစ်အောင် အာဏာပိုင်များပ ဖန်တီးခြင်းလည်း ဖြစ်နိုင်ကြောင်း အမည် မဖေါ်လိုသူ နိုင်ငံရေး လေ့လာ အကဲခတ်သူ တစ်ဦးက ပြောသည်။

" အခု စစ်တွေမှာ ဘာသာရေး အဓိဂရုဏ်းတွေ ဖန်တီးနိုင်လာတဲ့ အခြေအနေရှိတယ်။ သတိထားရမယ်။ ဘာဖြစ်လို့လည်းဆိုတော့ သရက်ဦး ဘုန်းတော်ကြီးကျောင်းက ဘုရားကြီးကို မဖွယ်မရာ လုပ်ထား တာတွေ အာဏာပိုင်တွေလည်း ဖြစ်နိုင်တယ်။ တိုင်းပြည်မှာ ရှုပ်ထွေးနေတဲ့ နိုင်ငံရေး ပြဿနာတွေ ပေါ်ပေါက်နေတဲ့ အတွက် ဘာသာရေး အဓိဂရုဏ်း မဖန်တီးနိုင်ဘူးလို့ ဘယ်သူမှ မပြောနိုင်ဘူး" ဟု သူက ပြောသည်။

ယခု လုပ်ရပ်မှာ အနီးအနားမှ မွတ်ဆလင်များက ပြုလုပ်သည်ဟု သတင်းထွက်နေပြီး ဒေသခံ ရခိုင် ဗုဒ္ဓဘာသာဝင်များက အထူး မကျေမနပ် ဖြစ်နေကြောင်း သတင်း ရရှိသည်။

အာဆီယံ ညီလာခံတွင် အမေရိကန်နှင့် ရုရှ သမ္မတတို့ တက်မည်


ရန်ကုန် (မဇ္ဈိမ) ။       ။ လာမည့် နိုဝင်ဘာ ၁၄မှ ၁၉ရက်အထိ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့တွင် ကျင်းပမည့် ၁၉ ကြိမ် မြောက်၊ အရှေ့တောင် အာရှ နိုင်ငံများအသင်း (အာဆီယံ) ထိပ်သီး အစည်းအဝေးပွဲသို့ အမေရိကန် သမ္မတ ဘာရက်အိုဘားမားနှင့် ရုရှသမ္မတ ဒီမီထရီ မက်ဗီဒက်တို့ တက်ရောက်မည် ဖြစ်ကြောင်း အာဆီယံ အတွင်းရေးမှူးချုပ်
နှင့် နီးစပ်သည့် အသိုင်းအဝိုင်းက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ အတွင်းက ဘာလီတွင်ပင် ပြုလုပ်ခဲ့သည့် အာဆီယံ ဒေသတွင်း ဖိုရမ်တွင် အမေရိကန်၏
နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန် တက်ရောက်ခဲ့ကာ၊ ယခု ထိပ်သီး အစည်းအဝေးတွင်မူ သမ္မတ
အိုဘားမား ကိုယ်တိုင် လာရောက်မည် ဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံမှလည်း အဆိုပါ ထိပ်သီးညီလာခံသို့ သမ္မတ ဦးသိန်းစိန်တက် ရောက်မည်ဟု နေပြည်တော်ရှိ သတင်း ရပ်ကွက်များက ပြောသည်။

မြန်မာနိုင်ငံသည် ၂ဝ၁၄ ခုနှစ်တွင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ရန် အသင့်ဖြစ်နေရာ အဆိုပါ ထိပ်သီးညီလာခံတွင် အလှည့်ကျ ဥက္ကဋ္ဌရာထူးနှင့် ပတ်သတ်သည့် အာဆီယံ၏ ဆုံးဖြတ်ချက် အပြီးသတ် ချမည် ဟုလည်း နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြီးခဲ့သည့် သြဂုတ်လ အတွင်းက တရားဝင် ပြောကြားခဲ့သည်။

ထိုထိပ်သီး အစည်းအဝေး မတိုင်ခင် လက်ရှိ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသည့် အင်ဒိုနီးရှား
နိုင်ငံ၏ နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာမာတီနာတာလီဂါဝါ ခေါင်းဆောင်သည့် သံအဖွဲ့ အောက်တိုဘာလ အတွင်း
မြန်မာနိင်ငံသို့ လာရောက် လည်ပတ်ရန်လည်း ရှိနေသည်။

စက်ရုပ် ရိုက်ချသဖြင့် မြန်မာ အလုပ်သမား တဦး သံရည်ပူလောင်ပြီး ထိုင်းနိုင်ငံတွင် ဆေးရုံတင်ထားရ


 ဘစောတင် by  ၂၈.၉.၂၀၁၁
 ထိုင်းနိုင်ငံတောင်ပိုင်း ဟတ်ယိုင်မြို့ရှိ JRD BRIGHTUHEELS THAILAND Co.,Ltd စက်ရုံတွင် အလုပ်လုပ်နေသော မြန်မာအလုပ်သမား တစ်ဦးကို အဆိုပါ စစ်ရုံတွင် အလုပ် လုပ်နေသော စက်ရုပ် တစ်ရုပ်မှ ရိုက်ချလိုက်သဖြင့် သံရည်ပူ အိုးထဲသို့ ပြုတ်ကျကာ ပြင်းထန်စွာ ဒဏ်ရာရရှိသွားပြီး ယခုအခါ ဆေးရုံတင်ထားရကြောင်း သတင်းရရှိသည်။

အဆိုပါ စက်ရုပ် ရိုက်ချ၍ ဆေးရုံတင်ထားရသူမှာ ကိုကျော်နိုင် အသက် ၂၇ နှစ် ဖြစ်ပြီး ရခိုင်ပြည်နယ် မြောက်ဦးမြို့ ဗန္ဓုလ ရပ်ကွက်မှ လာရောက် အလုပ်လုပ်နေသူဖြစ်သည်။ သူ၏ အလုပ်သမား နံပတ်မှာ ၀၀၉၀ ၇၁၁၀ ၀၈ ၄၄၂ ဖြစ်သည်။


Ko-Kyaw-Naing-injured
JRD BRIGHTUHEELS THAILAND Co.,Ltd သည် ကားဘီးအတွင်းပိုင်းရှိ သံခွေကို ပုံသွင်း သွန်းလောင်းသည့် စက်ရုံဖြစ်သည်။ ယင်းစက်ရုံတွင် လူများနှင့်အတူ စက်ရုပ် အလုပ်သမားများလည်း အလုပ်လုပ်လျှက်ရှိကြသည်။

အခင်းဖြစ်ပွါးသည့် စက်တင်္ဘာလ ၁၇ ရက်နေ့က ကိုဦးကျော်နိုင်သည် သံရည်ကြိုသည့် အမှတ် ၂ အိုးထဲရှိ သံချေးများကို ဖယ်ရှားနေစဉ် အမှတ် ၁ သံရည်ကြိုအိုးသို့ အလုပ်လုပ်ရန်လာသော စက်ရုပ်အလုပ်သမားက သူ့ကို ရိုက်ချလိုက်သဖြင့် ယခုကဲ့သို့ သံရည်ပူ လောင်ကျွမ်းခံရခြင်းဖြစ်ကြောင်း ဦးကျော်နိုင်၏ သူငယ်ချင်းဖြစ်သူ ကိုခိုင်စိုးက ပြောသည်။

'ဦးကျော်နိုင်က ဘွိုင်လာအိုးက ကျလာတဲ့ သံရည်တွေထဲမှာပါလာတဲ့ သံချေးတွေကို ဖယ်နေတုန်းမှာ အမှတ် ၂ သံရည်ပူ အိုးထဲမှာ အလုပ်လုပ်ဖို့လာတဲ့ စက်ရုပ်က သူ့ကို ရိုက်ချလိုက်တာ တခါတည်း သံရည်ပူ အိုးထဲကို မှောက်လျှက် ကျသွားခဲ့ပါတယ်' ဟု ဆိုသည်။

ကိုဦးကျော်နိုင်၏ လက်နှစ်ချောင်း ရှေးဦးစွာ သံရည်ပူအိုးထဲသို့ ထိုးကျသွားပြီး သံရည်ပူများက အင်္ကျီ အ၀တ်အစားများ ကို စွဲလောင်သဖြင့် ဒူးဆစ်အထက်ပိုင်း ခန္ဓာကိုယ်တခုလုံး သံရည်ပူလောင်ခြင်းခံရသည်ဟု ဆေးရုံတွင် အကူအညီပေးနေသူ ကိုထွန်းကျော်က ပြောသည်။

ကိုကျော်နိုင်သည် ကုတင် ၉ အခန်း ၅၃၀ ၅ထပ် ဟတ်ယိုင် ဆေးရုံကြီးတွင် တက်ရောက် ကုသနေကြောင်း သိရသည်။

'ဒူးဆစ် အထက်ပိုင်းက ခန္ဓာကိုယ် တခုလုံး သံရည်ပူလောင်ထားတယ်။ ဘယ်လိုဖြစ်နေလဲ ဆိုတော့ ဖားတကောင်ကို မီးဖုတ်ထားတဲ့အတိုင်းဘဲ။ လက် ၂ဘက်က သံရည်အိုးထဲကို ဒိုင်ဗင်ပစ်သလို ကျသွားတာဆိုတော့ အကောင်း ပြန်ဖြစ်ပါ့မလားမသိဘူး။ မျက်လုံး ၂လုံးကို မထိခိုက်တာ အင်မတန်ကံကောင်းတယ် ပြောရမယ်။ ဆေးရုံမှာ ဘယ်လောက်ကြာကြာနေရမလဲတော့ ကျနော်လည်း မသိဘူး' ဟု ကိုထွန်းကျော်က ဆက်ပြောသည်။

သူ့တွင် အလုပ်သမား လက်မှတ်ရှိသော်လည်း ဆေးရုံလက်မှတ် မရရှိသေးသဖြင့် ဆေးရုံမှ ဘတ် ၃၀ ဖြင့် ကုသခွင့် မရဘဲ ဖြစ်နေကြောင်း သိရသည်။

ဆေးရုံမှ သူနာပြုဆရာမများ၏ ပြောပြချက်အရ ဘတ်သိန်းနှင့်ချီ ကုန်ကျမည်ဟု ပြောကြောင်း သိရသည်။ သူဆေးရုံတက်ပြီး ၄ ရက်အကြာ စက်တင်ဘာလ ၂၁ ရက်နေ့က ယင်းစက်ရုံမှ စာရေးမ နှစ်ယောက် ဆေးရုံသို့ လာပြီး ဆေးကုခ ၃၁၂၀၆ ဘတ် ပေးသွင်းသွားပြီး လူနာအသုံးပြုရန် ဘတ် ၅၀၀ ပေးသွားကြောင်းနှင့် နောက်ထပ် စက်ရုံမှ မည်သူမျှ လာရောက်ခြင်းမရှိတော့ဟု ကိုထွန်းကျော်က ပြောသည်။

ယခုကဲ့သို့ အသက်အန္တရာယ် ထိခိုက်စေနိုင်သော အလုပ်မျိုးတွင် အတွေ့အကြုံနုနယ်သူ ကျန်းမာရေး အာမခံ အသက်အာမခံ စသော မည်သည့်အာမခံမျိုးမှ မရှိသူများကို အလုပ်ရှင်က စေခိုင်းခြင်းနှင့် ငွေရလျှင် ပြီးရော ဆိုပြီး အလုပ်ရှင်က ခိုင်းသည့်အလုပ်ကို လုပ်ခြင်းများကြောင့် ယခုကဲ့သို့ ရင်နာဖွယ် အဖြစ်ဆိုးမျိုး ကြုံတွေ့ရခြင်း ဖြစ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားများအရေး ဆောင်ရွက်ပေးသည့် TACDB မှ လက်ထောက် ဒါရိုက်တာ ဦးမြင့်ဝေက ပြောသည်။

' ဒီကိစ္စနဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေကို ဆေးရုံမှာ တောင်းခံဖို့ လိုပါဦးမယ်။ အခုလက်ရှိ အခြေအနေရ ပြောရမယ်ဆိုရင် လုပ်ငန်းခွင် မလုံခြုံမှုပေါ့ဗျာ။ စက်ရုံကလည်း ထိုင်းအစိုးရက သတ်မှတ်ထားတဲ့ အလုပ်သမား ဥပဒေတွေကို မလိုက်နာဘဲနဲ့ ခုလို အတွေ့အကြုံမရှိသေးတဲ့ အလုပ်သမားတွေကို ခိုင်းတဲ့ကိစ္စကြောင့် ခုလို ဖြစ်ရတယ်။ အလုပ်သမား ဘက်ကလည်း အလုပ်ရချင်တဲ့ ဇောတခုတည်းနဲ့ ဒီလို အန္တရာယ်များတဲ့ အလုပ်ကို ပိုက်ဆံရပြီးရော ဆိုပီး လုပ်တဲ့ အတွက် ခုလိုမျိုး ၀မ်းနည်းဖွယ်ရာ အဖြစ်တွေ ကြုံရတာပေါ့။ ဘယ်လိုဘဲဖြစ်ဖြစ် ခုကိစ္စမှာ သူ့ရဲ့ အလုပ်သမား ရပိုင်ခွင့်အတွက် တိုက်ပွဲဝင်သင့်တယ်' က ပြောသည်။

ယင်းစက်ရုံတွင် မြန်မာအလုပ်သမား ၆၀ ခန့် အလုပ်လုပ်လျှက် ရှိကြောင်း သိရသည်။

မုန်ဘော် ကချင်ခရစ်ယာန် ဘုရားကျောင်းမှ ဒုက္ခသည် ၁၀၉ ဦး လက်ခံထား

ရှမ်းပြည်မြောက်ပိုင်း မုန်ဘော်မြို့ ခရစ်ယာန် ဘုရားကျောင်းတစ်ခုက နေရပ်စွန့်ခွာထွက်ပြေးလာသူ ၁၀၉ ဦး ကို လက်ခံထားသည်ဟု ယင်းဘုရားကျောင်းက ဆိုသည်။ ရက်သားအရွယ် ကလေးငယ်နှင့် မိခင်လည်း ရွှေ့ပြောင်းလာသူများထဲတွင် ပါဝင်သည်ဟု ဆိုသည်။ ကလေးငယ်နှင့် အမျိုးသမီးအများစု ပါဝင်သည့် ဒုက္ခသည်များသည် အင်္ဂါနေ့က ရောက်ရှိလာကြခြင်းဖြစ်သည် ဟု သိရသည်။ KIA တပ်မဟာ ၄ လွယ်ကန်ဒေသမှ တောတောင်ထဲ တစ်ညအိပ်ကာ မုန်ဘော်ရောက်ရန် တစ်ရက်ကြာ ခြေကျင်ခရီးနင်ရသည်ဟု စစ်ပြေးဒုက္ခသည် အမျိုးသမီးတစ်ဦး ကချင်သတင်းဌာနသို့ပြောသည်။ “အမျိုးသမီးနဲ့ ကလေးငယ်တွေအများစုပဲ။ သူတို့လမ်းကောင်းကောင်း မလျှောက်နိုင်ကြဘူး။ ကျနော်တို့ မုန်ဘော်ကနေ ၅ မိုင်လောက်သွားပြီး ကားနဲ့ကြိုလာတာ” ဟု ဘုရားကျောင်းမှ ဒုက္ခသည်များအား ကူညီနေသူ တစ်ဦးပြောသည်။ စက်တင်ဘာ ၂၅ ရက်တွင် မြန်မာအစိုးရတပ်က ပစ်သည့် ၁၂၀ မမ အမြောက်ဆံတစ်ခု ရွာထဲ ကျရောက်ပေါက်ကွဲသည့်အတွက် ၁၀-နှစ်ကျော် ပလောင်ကလေး တစ်ယောက် ဒဏ်ရာရရှိသွားသည်ဟု ဒီမားကျေးရွာမှ ရောက်ရှိလာသည့် ဒုက္ခသည်အမျိုးသမီးတစ်ဦးက ထပ်ပြောသည်။ နောက်ထပ် မုန်ဘော်သို့ စစ်ပြေးဒုက္ခသည်များရောက်လာရန် ရှိသည့်အတွက် ကြိုနိုင်ရန် ကားများ အဆင်သင့် ပြုလုပ်ထားသည်ဟု မုန်ဘော်ဘုရားကျောင်းမှ လူငယ်ဆရာတစ်ယောက်ပြောသည်။ စက်တင်ဘာ ၂၄ ရက်စကာ မြန်မာအစိုးရတပ်က KIA တပ်မဟာ ၄ လွယ်ကန်ဒေသကို ထိုးစစ်ဆင်လာသည့်အတွက် စစ်ပြေးဒုက္ခသည် ရာချီထွက်ပြေးလာကြကာ လာရှိုး၊ ကွတ်ခိုင်၊ နမ်အွမ်၊ နမ်ဖတ်ကာ၊ မူဆယ်၊ ပန်ဆိုင်း(ကြူကုတ်)၊ မုန်ဘော်၊ နမ်တောင်၊ မုန်ကိုး ဒေသသို့ ရောက်ရှိလာကြသည်ဟု ၎င်းဒေသမှ ဒုက္ခသည်လေ့လာသူများက ဆိုသည်။ ယခုချိန်အထိ ဒုက္ခသည်များ စားဝတ်နေရေးအတွက် ကချင်ခရစ်ယာန်ဘုရားကျောင်းများက အဓိက ပံ့ပိုးနေသည်ဟု ဒုက္ခသည်များ ပြောသည်။ စစ်ပွဲကြီးစတင်လာပြီး စစ်ပြေး ၂၀၀၀၀ ကျော်သည် မြန်မာအစိုးရထိန်းချုပ်ဒေသများနှင့် တောတောင်များအတွင်းသို့ ထွက်ပြေးတိမ်းရှောင်နိုင်သည်ဟု KIA တပ်မဟာ ၄ အရာရှိများပြောသည်။ ထို့အပြင် ရှမ်းပြည်နယ် မြောက်ပိုင်းမှာပဲ မြောက်ပိုင်း ရှမ်းပြည်တပ်မတော် (SSA/SSPP)နှင့် မြန်မာအစိုးရတပ်ကြား မတ်လကစတင်သည့် တိုက်ပွဲများကြောင့် ဒုက္ခသည် ၃၀၀၀၀ ကျော် ရှိနေပြီ ဖြစ်ကြောင်းကို ရှမ်းဒုက္ခသည်ကူညီရေးအဖွဲ့များက လည်း ဆိုသည်။ ကချင်ပြည်နယ်တွင် ဇွန်လကစတင်သည့် တိုက်ပွဲများကြောင့် မြန်မာအစိုးရထိန်းချုပ်ဒေသများနှင့် KIO ထိန်းချုပ်သည့် တရုတ်နယ်စပ်ဒေသများတွင် စုစုပေါင်းဒုက္ခသည် ၃၀၀၀၀ ကျော်နေပြီဖြစ်သည်။

စော်ဘွားပဒေသရာဖ်ခေတ်နဲ့ လောင်းကစားဝိုင်းများ

min lwin

ဧရာဝတီကို ဝယ်ချင်လို့ပါ




ဖေဖေ..သမီးကျောင်းသွားတော့မယ်.မုန့်ဖိုးပေးပါဦး။ ဒီနေ့တော့ခါတိုင်းထက်ပိုပေးပါနော်။

ဘာဖြစ်လို့လဲသမီးရဲ့ ??

ကျောင်းမှာသူငယ်ချင်းတွေနဲ့ပိုက်ဆံစုနေတာဖေဖေရဲ့ ..

ဟုတ်လား..ဘာအတွက်လဲ?

ဧရာဝတီမြစ်ကိုဝယ်ချင်လို့ပ်ဖေဖေ..။

ဟေ...!!! ဘာလို့ဝယ်ချင်ရတာလဲသမီးက??

သမီးတို့ပုဂံကိုသွားတုန်းကလေ...သီရိပစ္စယျဟိုတယ်ကနေဧရာဝတီမြစ်ကြီးရဲ့ နေဝင်ချိန်ကိုငေးကြည့်နေတာ...သိပ်လှတာပဲ။

အဲဒီဧရာဝတီမြစ်ကြီးရဲ့ ညနေဆည်းဆာအလှကိုထိုင်ကြည့်နေရတာကိုသမီးအရမ်းသဘောကျတယ်။ အဲလောက်လှတဲ့..ဧရာဝတီမြစ်ကြီးပျက်စီးသွားရင် နှမျောစရာကြီးဖေဖေရဲ့ ။ အဲဒါကြောင့်...အဲဒီဧရာဝတီမြစ်ကြီးကိုအပိုင်ဝယ်ထားချင်လို့။

သြော်....၊ အဲဒါပိုက်ဆံနဲ့ဝယ်လို့မရဘူးသမီးရဲ့ ။

အဲဒါဆိုဘာနဲ့ဝယ်ရတာလဲဟင်??

မျိုးချစ်စိတ်နဲ့ဝယ်ရတယ်။

အဲဒါရဖို့ဘယ်လောက်လိုလဲဟင်..??

ဘယ်လောက်မှမလိုပါဘူးသမီးရယ်..။ အဲဒီအတွက်တကယ်လိုအပ်တဲ့ လူနှစ်ဆယ်လောက်ပဲလိုတာပါ။ ။

ထူးနွယ်အိမ် (ဒါရိုက်တာ မောင်မျိုးမင်း - ရင်တွင်းဖြစ်ရဲ့ facebook ကနေ ယူပြီး မျှဝေပါတယ်)

9/28/2011

စာရေးဆရာကြီး ဒဂုန်တာရာ ၏ ဧရာဝတီအတွက် ငြိမ်းချမ်းရေးသဝဏ်လွှာ(၃)


အကျဉ်းသားတွေ ထပ်လွှတ်ပေးဦးမယ်လို့ နိုင်ငံခြားရေးဝန်ကြီး ပြောကြား


2011-09-27
သမ္မတ ဦးသိန်းစိန်ရဲ့ အစိုးရအဖွဲ့ အနေနဲ့ နောက်ထပ် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်တရပ် မကြာခင်မှာ ထုတ်ပြန်ဖို့ရှိတယ်လို့ မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏ မောင်လွင်က အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့မှာ ကျင်းပနေတဲ့ (၆၆) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြောကြားသွားပါတယ်။
AFP
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ၂ဝ၁၁ ခုနှစ် မေလ ၆ ရက်နေ့က ကျင်းပသည့် အာစီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး မစမီ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် (ဝဲအစွန်) နှင့် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး Albert Del Rosario (ဝဲမှ ဒုတိယ) တို့ကို စင်္ကာပူနှင့် ထိုင်း နိုင်ငံခြားရေးဝန်ကြီး တို့နှင့်အတူ တွေ့ရစဉ်။ (Photo: AFP)
အဲဒီ လွှတ်ဖို့ ရှိတယ်ဆိုတဲ့ အထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ ပါ-မပါ ဆိုတာတော့ ထည့်ပြောမသွားပါဘူး။ ဦးသိန်းစိန် အာဏာရလာပြီးတဲ့ နောက်ပိုင်း ပြီးခဲ့တဲ့ မေလကနေ ဇူလိုင်အတွင်းမှာ အကျဉ်းသားပေါင်း နှစ်သောင်းလောက်ကို လွှတ်ပေးနိုင်ခဲ့တယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပါရှိတဲ့ ပြဌာန်းချက်တွေနဲ့အညီ သမ္မတ အနေနဲ့ နောက်ထပ် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို မကြာခင် ကာလအတွင်း သင့်တော်တဲ့ အချိန်မှာ ထုတ်ပြန်မှာ ဖြစ်ပါတယ်လို့ ဦးဝဏ္ဏမောင်လွင်က ပြောသွားပါတယ်။ ဒါ့အပြင် သူက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့လည်း သဘောတူညီချက်တွေ ရရှိခဲ့တယ်၊ မကြာသေးခင်ကဘဲ လူ့အခွင့်အရေး ကော်မရှင်ကို ဖွဲ့စည်းနိုင်ခဲ့တယ်လို့လည်း ပြောသွားပါတယ်။ အနောက်နိုင်ငံတွေက စီးပွားရေးအရ ပိတ်ဆို့ ဒဏ်ခတ်ထားတာတွေနဲ့ ပတ်သက်လို့တော့ ဦးဝဏ္ဏမောင်လွင်က မြန်မာ အစိုးရ အနေနဲ့ ပြည်သူတွေရဲ့ စားဝတ်နေရေး ဘ၀ တိုးတက် ကောင်းမွန်လာဖို့ ဆောင်ရွက်နေချိန်မှာ စီးပွားရေးအရ ပိတ်ဆို့ အရေးယူမှုတွေဟာ အနှောင့်အယှက် အဟန့်အတား ဖြစ်စေတယ်လို့ အထွေထွေညီလာခံမှာ ပြောဆိုသွားပါတယ်။ ဒီအကြောင်း အပြည့်အစုံကို မအင်ကြင်းနိုင်က တင်ပြထားတာနားဆင်နိုင်ပါတယ်။

မမေ့အပ်သည့် ရွှေဝါရောင်လှုပ်ရှားမှု

 Tuesday, 27 September 2011 13:26
ယနေ့ နိုင်ငံရေးလောကတွင် လူတိုင်းပါးစပ်ဖျား၌ ရေပန်းစား နှုတ်တွေ့နေသည့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်၊ ရေးသားပြောဆိုခွင့် စသည်တို့မှာ ၂၀၀၇ ရွှေဝါရောင် လှုပ်ရှားမှုက မွေးဖွားပေးလိုက်သည်ဟု ဆိုလျှင် မမှားပေ။ သံဃာတော်များ ဦးဆောင်သည့် ရွှေဝါရောင်တော်လှန်ရေး နောက်ပိုင်း ၂၀၀၈ မတ်လတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အာဏာလွှဲပေးမည်ဟု တရားဝင်ပြောဆို ခဲ့ရသည်။ ၂၀၀၈ မေလတွင် နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကြောင့် လူအများ သေကြေနေသည့် ကြားမှ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အတည်ပြုခဲ့ပြီး တရားမျှတမှု မရှိသော ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပကာ မဲမသမာမှုများဖြင့် အနိုင်ယူခဲ့သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လက်ရှိ အာဏာ ရနေခြင်းသည် ပင်လျှင် ၂၀၀၇ ရွှေဝါရောင်လှုပ်ရှားမှု၏ ကျေးဇူးကြောင့်ပင်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီး အရပ်သားအစိုးရ ဝန်ကြီးနှင့် တွေ့ဆုံခဲ့ရုံမက သမ္မတ ဦးသိန်းစိန်နှင့်ပင် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ကာ ရလဒ်ကောင်းများကို မျှော်လင့် နိုင်ခဲ့သည့် အနေအထား ဖြစ်ခဲ့သည်မှာလည်း ရွှေဝါရောင်လှုပ်ရှားမှု၏ အရင်းပြု အနာခံခဲ့သော ရလဒ်ဟုပင် ဆိုရပေလိမ့်မည်။ ရွှေဝါရောင်တော်လှန်ရေး ၄ နှစ်တာကာလ အထိမ်းအမှတ်အဖြစ် ယမန်နေ့က လူ ၂၀၀ လမ်းပေါ် ထွက်လာခဲ့သည်။ ထိုသူတို့က လမ်းပေါ်တွင် ငြိမ်းချမ်းစွာဖြင့် ၎င်းတို့၏ ဆန္ဒများကို ထုတ်ဖော်ခဲ့သည်။ ဆိုင်းဘုတ်မထောင်၊ အော်ဟစ်ခြင်း မရှိဘဲ စည်းကမ်းသေဝပ်စွာ လမ်းလျှောက်ခဲ့ကြခြင်း ဖြစ်သည်။ အာဏာပိုင်များဘက်က အဖမ်းအဆီးမရှိဘဲ နှစ်ဦးနှစ်ဘက် ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ခဲ့ခြင်းက ကောင်းသည့် အလားအလာဟု ဆိုရပေမည်။ သို့ရာတွင် ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းကို ဆူပူသောင်းကျန်းခြင်းနှင့် မကွဲပြားသူများ ရှိနေသေးသည်။ ဒီမိုကရေစီ ဖော်ဆောင် လိုသည့် နိုင်ငံတနိုင်ငံတွင် နေထိုင်သူများအနေဖြင့် မိမိတို့ ဆန္ဒကို လွတ်လပ်ငြိမ်းချမ်းစွာ ထုတ်ဖော်ခွင့် ရှိရမည်ဆိုသည့် အချက်ကို ၂၀၀၈ အခြေခံဥပဒေထဲတွင်လည်း မြင်တွေ့နိုင်ပါသည်။ စက်တင်ဘာ ၂၆ ရက်နေ့က လမ်းလျှောက်ဆန္ဒ ထုတ်ဖော် သူများထဲတွင် အများစုမှာ ယုံကြည်ချက်ကြောင့် အကျဉ်းချ ခံနေရသည့် နိုင်ငံရေး အကျဉ်းသားများ၏ မိသားစုများ ဖြစ်သည်။ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး ကာလက အဖမ်းအဆီးခံခဲ့ရသူတို့၏ မိသားစုဝင်များလည်း ပါသည်။ ထိုသူတို့မှာ ၎င်းတို့၏ မိသားစုဝင်များ လွတ်မြောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြကြခြင်းသာ ဖြစ်သည်။ ထိုအချက်ကို ဆူပူသောင်းကျန်းသည်ဟု မယူဆဘဲ လက်ခံကြရပေလိမ့်မည်။ ထိုသို့မဟုတ်ဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အကြမ်းဖက် နှိမ်နင်းမည် ဆိုပါက ယခင်သွားနေသည့် လမ်းဟောင်း၊ သံသရာ ဟောင်းထဲတွင်သာ တဝဲလည်လည် ဖြစ်နေပေလိမ့်မည်။ ယခု လူအများလိုလားနေသည့် အသွင်ကူးပြောင်းရေးကို ဖော်ဆောင်လိုလျှင် တရားမျှတစွာ စဉ်းစားဆုံးဖြတ်နိုင်ရမည်။ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးကို အထောက်အကူပြုရန် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် ဖမ်းဆီးထားသည့် သံဃာများ၊ သီလရင်များ၊ မျိုးဆက်ဟောင်း၊ မျိုးဆက်သစ် ကျောင်းသားခေါင်းဆောင်များ အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရမည်။ ယမန်နေ့က ဆန္ဒထုတ်ဖော်လမ်းလျှောက် သူတို့မှာ တရားမျှတမှုကိုသာ တောင်းဆိုနေကြခြင်း ဖြစ်သည်။ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးကို ခြေလှမ်းလိုလျှင် ထိုအသွင်ကူးပြောင်းရေးအတွက် အဆင်ပြေချောမွေ့စေရန် လမ်းစဖော်ပေးဖို့ လိုသည်။ အနစ်နာခံခဲ့သူတို့ကို မမေ့ မလျော့စေရေး၊ မတရား အဖိနှိပ်ခံခဲ့ရသူတို့ကို သတိရစေရေး၊ တရားမျှတမှုကို တောင်းဆို ပိုင်ခွင့် ရှိရေးအတွက် နေရာနှင့် အခွင့်အရေးတို့ကို အသိအမှတ်ပြုရန် အရေးကြီးသည်။ မတရား ကျူးလွန် ခံခဲ့ရသော လူများ၏ ဒုက္ခကို ဖြေသိမ့်ပေးနိုင်မည့် လမ်းစ ရှာဖွေပေးရပေလိမ့်မည်။ ရွှေဝါရောင် ၄ နှစ်ပြည့် နှစ်ပတ်လည်ကာလသည် အသွင်ကူးပြောင်းရေးနှင့် တရားမျှတရေးအတွက် အသင့်တော်ဆုံး အချိန်ဟု ဆိုချင်ပါသည်။ ဒီမိုကရေစီ ခြေလှမ်းကို စမည့်အချိန်တွင် အနစ်နာခံခဲ့သူများအား ချန်မထားသင့်ပေ။ အကျဉ်းချ ခံထားရသည့် နိုင်ငံရေး အကျဉ်းသားများအား ခြွင်းချက်မရှိ လွှတ်ပေးခြင်းသည်သာ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး အတွက် လမ်းကြောင်းမှန်ဟု ဆိုနိုင်မည် ဖြစ်သည်။ သို့မှာသာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့သူများ ခံစားခဲ့ရသော နာကျင်မှုများအတွက် နားလည်စာနာမှုနှင့် အသိအမှတ် ပြုပေးရာ ရောက်မည့်အပြင်၊ နှစ်ဦးနှစ်ဘက်ကြားမှ အာဃာတများ လျော့ပါးနိုင်လိမ့်မည်ဖြစ်ကြောင်း ဖော်ပြလိုပါသည်။ ။

နအဖ ရဲ့ အမျိုးသမီးများအတွက် တန်းတူမှု

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သမိုင်းအကျဉ်း

ရေတွက်မရသော အရေအတွက်




တစ်နေ့တစ်နေ့ ကုန်ဆုံးသွားတဲ့အချိန်တွေ
အသက်တွေ နှမြောတမ်းတ သတိရတယ်
ဘာလိုလိုနဲ့ နွေပြီးတော့ မိုးတောင်ရောက်လာပြီပဲ!!!

အမိန့်ပေးတက်သူတွေ့ရဲ့ အပေါင်းအပါတွေပြောတဲ့
“နွေမှာရှာ မိုးမှာဖြုန်းတဲ့”ဆိုတဲ့
လူကုံထံသူဌေးသူကြွယ်တွေရဲ့စကားသံ
ပြန်လည်ကာကြားမိတယ်……….

နွေမှာကြွေတဲ့ သစ်ရွက်တွေရဲ့ပိုင်ရှင်
သစ်ပင်ကြီးကတော့ ပျော်နေရှာရဲ့
သူရဲ့အကျည်းတန်လှတဲ့ပုံကို
အရွက်စိမ်းစိမ်းတွေကနေရာယူတော့မယ်လေ…

သူဆင်းရဲတွေကျပြန်တော့ မိုးရာသီကဒုက္ခဘုံ
မိုးကဒုက္ခပေး လူကဒုက္ခပေးနဲ့
သောကပင်လယ်ဝေနေရှာတဲ့ သူတွေ
ဝတ်စရာ  အဝတ်ကမရှိ
မိုးတွင်းမှာ အလုပ်ရှားတဲ့ ငါတို့နိုင်ငံ
အလုပ်မရှိလို့ငတ်ပြတ်နေတဲ့ငါတို့နိုင်ငံသားတွေ
အမိန့်ပေးခိုင်းစေတက်တဲ့သူတွေကြောင့်
ဟိုရွေ့ဒီရွေ့လုပ်နေရတဲ့ ပြည်သူတွေ
သူတို့စေခိုင်းတက်သမျှခေါင်းငုံခံမယ် ပြည်သူတွေလဲ
ဒီနိုင်ငံမှာ ရှိပါသေးလား…..

ရွှေနိုင်ငံလို့ခေါ်တဲ့ ငါတို့အမိမြေနိုင်ငံတော်မှာ
အစစအရာရာ မပူပင်ရတဲ့ လူကုံထံတွေ
အကျည်းတန်မှုတွေကို ဖုံးကွယ်မဲ့ သစ်ပင်တွေ
ဒုက္ခမှန်သမျှကို အံတုခံမယ်ဆိုတဲ့ ပြည်သူတွေ
မည်မျှမည်လောက်တောင်ရှိမည်နည်း..၊၊?/?/?
                                                             တက်လူ

NLD ၂၃နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကျင်းပခဲ့

(၂၇-၉-၂၀၁၁) အင်္ဂါနေ့တွင် ရွှေတိဂုံဘုရား၌ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် ၀တ်ပြုဆုတောင်းကြသူများ (ရုပ်သံ)

Wednesday, September 28, 2011

သိန်းစိန်ရေ ပင်ပန်းပါတယ်

ကာတွန်းဟန်လေးရဲ့လက်ရာ

သမ္မတကြီး ခင်ဗျာ....

အဆိုတော် Pink ရဲ့  လေးခွေမြောက် တေးစီရီးထဲက Dear Mr. President သီချင်းလေးကို မြန်မာပြည်မှ ခံစားချက်များနှင့် ထပ်တူခံစားနိုင်အောင် ဓာတ်ပုံများနှင့်တေးသရုပ်ဖော်ထားပါတယ်။ ဖန်တီးထားသူ ကတော့ လူငတေ ဖြစ်ပါတယ်။

9/27/2011

သမ္မတ အကြံပေးဦးကိုကိုလှိုင်နဲ့ RFAသတင်းထောက်တွေ့ဆုံခဲ့

ကင်ညာ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် မာသိုင်း ကွယ်လွန်

တနင်္လာ, 26 စက်တင်ဘာ 2011
  ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကို လက်ခံရရှိခဲ့တဲ့ ပထမဆုံး အာဖရိက အမျိုးသမီးဖြစ်တဲ့ ကင်ညာနိုင်ငံသူ ဒေါက်တာ ၀န်ဂရိုင်း မာသိုင်း (Wangari Mathai) ကွယ်လွန်ခဲ့တဲ့အတွက် ကမ္ဘာ့ခေါင်းဆောင်တွေက ဂါရ၀ပြု ၀မ်းနည်းစကား ပြောကြားခဲ့ကြပါတယ်။ မစ်စ် မာသိုင်းဟာ ကာလကြာရှည်စွာ ကင်ဆာရောဂါ စွဲကပ်ခဲ့ပြီး တနင်္ဂနွေနေ့မှာတော့ နိုင်ရိုဘီ ဆေးရုံမှာ ကွယ်လွန်ခဲ့တာပါ။ ကွယ်လွန်ချိန်မှာ အသက် ၇၁ နှစ် ရှိပါပြီ။ ကင်ညာရဲ့ ဖိနှိပ်တဲ့ အစိုးရကို ဆန့်ကျင်မှုအပြင် အမျိုးသမီးတွေ အနေနဲ့ သူတို့ဘ၀ ဖွံ့ဖြိုး တိုးတက်ရေးအတွက် လုပ်ဆောင်ဖို့ အားပေးခဲ့မှုကို ထောက်ပြပြီး နိုဘယ်လ် ကော်မတီက မစ်စ် မာသိုင်းကို ၂၀၀၄ ခုနှစ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို ချီးမြှင့်ခဲ့တာပါ။ မစ်စ် မာသိုင်း အခုလို ကွယ်လွန်မှုဟာ ကင်ညာနိုင်ငံ အတွက်သာမက ကမ္ဘာကြီးအတွက်လည်း ဆုံးရှုံးမှု ဖြစ်တယ်လို့ ကမ္ဘာ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Ban Ki-moon) က တနင်္လာနေ့မှာ ပြောကြားပါတယ်။ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ကြေညာချက် ထုတ်ပြန်ရာမှာတော့ လူတဦးရဲ့ ရိုးရှင်းတဲ့ အတွေးအခေါ်ကို အခြေပြုပြီး အရေးကြီးတဲ့ အပြောင်းအလဲတွေ ဖော်ဆောင်ပေးနိုင်တယ် ဆိုတာကို မစ်စ် မာသိုင်းရဲ့ ဘ၀နဲ့ စွမ်းဆောင်မှုတွေက သက်သေထူတဲ့အကြောင်း ဖော်ပြထားပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ကလည်း ကမ္ဘာကြီး အနေနဲ့ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနဲ့ အမျိုးသမီးရေးအတွက် စွမ်းအားတရပ် ဆုံးရှုံးခဲ့ရတယ်လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ မစ်စ် မာသိုင်းဟာ ၁၉၇၇ ခုနှစ်က Green Park လှုပ်ရှားမှုအတွင်း သစ်ပင်စိုက်ပျိုးရေး အစီအစဉ်အရ ဆင်းရဲသား အမျိုးသမီးတွေအတွက် ထင်း၊ အစားအစာနဲ့ ရေသန့်ရရှိရေး လှုပ်ရှားမှုကို မတည်ခဲ့သူလည်း ဖြစ်ပါတယ်။ အီးမေးလ် ပုံနှိပ်ရန်

ကရင်နီကျေးရွာ ၂ ရွာမှ ကလေးအယောက် ၂ဝဝ ခန့် ကြက်ညှာချောင်းဆိုးရောဂါ ကူးစက်ခံနေရ၊ ၂ ယောက် သေဆုံး

ရေးသားသူ - ကေအိတ်ဆ်ဒီ တနင်္လာနေ့, 26 စက်တင်ဘာလ 2011 22:00 ကရင်နီပြည်ရှိ မြို့နယ် ၂ ခုမှ ကျေးရွာ ၂ ရွာတွင် အသက် ၁၅ နှစ်အောက် ကလေးအယောက် ၂ဝဝ ခန့် ကြက်ညှာချောင်းဆိုးရောဂါ ကူးစက်ခံနေရပြီး ၂ ဦး သေဆုံးခဲ့ပြီဟု နယ်မြေခံ ကရင်နီကျန်းမာရေး ကြီးကြပ်ရေးမှူးများက ပြောပြသည်။ ကြက်ညှာချောင်းဆိုးရောဂါသည် ဗိုင်းရပ်ပိုးကြောင့် ဖြစ်ပွားပြီး အလွယ်တကူ ကူးစက်နိုင်ကာ စက်တင်ဘာလလယ်ပိုင်းမှ စ၍ ဖာဆောင်မြို့နယ် ထူးကထူးကျေးရွာတွင် ကလေး ၉ဝ ကျော်နှင့် ရှားတောမြို့နယ် ဒေါတနော ကျေးရွာတွင် ကလေး ၁ဝဝ ကျော် ကူးစက်ခံနေရပြီး အသက် ၅ နှစ်အောက် ကလေးငယ် ၂ ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ကြီးကြပ်ရေးမှူးများက ဆိုသည်။
ရှားတောမြို့နယ် ကျေးရွာ တရွာတွင် အမျိုးသမီး တဦးက မိမိကလေးငယ် တဦးနှင့်အတူ စပါး ထောက်ပြီး ဆန်ပြာနေစဉ် (ဓါတ်ပုံ-KSWDC) “ကျနော့် အတွေ့အကြုံအရ ဒါဟာ ကြက်ညှာချောင်းဆိုးရောဂါလို့ ပြောလို့ ရပါတယ်။ ဓါတ်ခွဲ စမ်းသပ်မှုနဲ့ အတည်ပြုတာတော့ မဟုတ်ဘူး။ ဖြစ်တဲ့ လက္ခဏာအားလုံးကို ကြည့်လိုက်ရင် ဒီအတိုင်းပါပဲ။ ကလေးတွေပဲ အဖြစ်များပြီး ကိုယ်ခံအား ပိုရှိတဲ့ လူကြီးတော့ ဖြစ်တာ မတွေ့ရဘူး” ဟု ဖာဆောင်းမြို့နယ် အမှတ်၂ ခရိုင် ကြီးကြပ်ရေးမှူး ဖိလစ်က ပြောသည်။ ရှားတောမြို့နယ် ကြီးကြပ်ရေးမှူး လှချေးက “ကလေးအားလုံးလိုလို ရုတ်တရက် ပြင်းထန်စွာ ချောင်းဆိုးတယ်။ အသက်ပြန်ရှူသွင်းတဲ့အခါ အသံ ကျယ်တယ်။ ချောင်းဆိုးပြီးတိုင်း အန်တယ်။ မျက်လုံးတွေမှာ သွေးခြေဥ ဖြစ်တာ တွေ့ရတယ်။ အဖျား နည်းနည်း တက်တယ်” ဟု ပြောသည်။ယခု ဖြစ်ပွားနေသော ကြက်ညှာချောင်းဆိုးရောဂါကို ကာကွယ်နိုင်ရန်အတွက် လက်တလောတွင် နယ်လှည့် ကရင်နီဆေးမှူးများက ကျေးရွာလူထုများအား ကျန်းမာရေးပိုင်းဆိုင်ရာ ကာကွယ်တာဆီးနည်းများကို ပညာပေးခြင်း၊ ကူးစက်ခံနေရသူများအား ဆေးဝါးများဖြင့် ကုသပေးခြင်းတို့ကို ပြုလုပ်ပေးကြောင်း ကြီးကြပ်ရေးမှူးများက ဆက်ပြောသည်။ လက်ရှိတွင် ထိုဒေသ ၂ ခုမှ ရွာသူရွာသားများသည် ဝမ်းကိုက်ရောဂါ၊ ငှက်ဖျားရောဂါ၊ အရေပြားရောဂါနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကိုလည်း အဖြစ်များကြသည်ဟု ဆိုသည်။ ထူကထူးရွာသည် ကရင်နီနှင့် ကရင်ပြည်နယ် နယ်စပ်ဘက်မှာ တည်ရှိပြီး အိမ်ခြေ ၆ဝ နှင့် ရွာသူရွာသားဦးရေ ၃၄၇ ဦးခန့် ရှိသည်။ ဒေါတနောရွာသည် ကရင်နီနှင့် ရှမ်းပြည်နယ် နယ်စပ်ဘက်တွင် တည်ရှိကာ အိမ်ခြေ ၈၄ အိမ်နှင့် ရွာသူရွာသားဦးရေ ၄၈၅ ဦးခန့် ရှိသည်။ ထိုကျေးရွာ ၂ ရွာသည် လမ်းပမ်းဆက်သွယ်ရေး ခက်ခဲပြီး မြန်မာအစိုးရ ကျန်းမာရေး ဝန်ထမ်းများ မရောက်ရှိနိုင်သော ဒေသများ ဖြစ်သည်။

အဝါရောင်ဝတ်လူတွေရဲ့ ဆုတောင်းပွဲ

2 comments 

6292267.gif

                       
   အပြင်မှာ မိုးတွေရွာနေတယ်။
    မိုးကိုမျှော် နေတာကြာပါ ပြီ ။ အခုမှပဲမိုးကိုမြင်ရတော့တယ်။ မိုးမရွာခင်က ပူလိုက်တာ။
မိုးတွေရွာနေတော့ 'မိုးရွာသောနေ့ '   "Raining Day" နဲ့  ပတ်သက်ပြီး တွေးမိတာလေးတွေ ရေးချင်လာတယ်။
            လူတိုင်းသိပြီးသား ပုံပြင်လေးတစ်ပုဒ် ရှိတယ်။
            တစ်ခါတုန်းက ပုရွက်ဆိတ်ကလေးတစ်ကောင်နဲ့  နှံကောင်လေး အကြောင်းပေါ့။ ဒီပုံပြင်အကြောင်းကိုတော့ ဖွဲ့နွဲ့ပြီး မရေးချင်တော့ပါဘူး။ ပျော်ကြူးတတ်တဲ့ နှံကောင်လေးနဲ့  အနာဂါတ်ကို ကြိုတင်ပြင်ဆင်တတ်တဲ့ဝီရီယရှိတဲ့ပုရွက်ဆိက် အကြောင်းကို လူတိုင်းသိပြီးသားပါ။
တစ်နေ့ နေ့ မှာ မိုးရွာမယ်။ အဲဒီအတွက်အစာကို ကြိုတင်စုဆောင်းနေတဲ့ ပုရက်ဆိတ်ကလေးရယ်။ ဘာပဲ ဖြစ်ဖြစ်ပျော်ဖို့ သာ အဓိကဆိုတဲ့ နှံကောင်လေးရယ်။
သူတို့ကြောင်းမှာ'' မိုးရွာသောနေ့ ''  ဆိုတာပါတယ်။ တကယ်လည်း မိုးရွာလာတော့ အပျော်ကြူးတဲ့ နှံကောင်လေး ဒုက္ခရောက်ရတယ်။
            အဲဒီအကြောင်းကို ဆက်ပြီးတွေးနေမိတယ်။
            ကျွန်တော်တို့ မိသားစုဟာ နှံကောင်ဘ၀ကို ရောက်ခဲ့ဖူးတယ်။ အဖေကရုံးအုပ်စာရေးကြီး ဆိုတော့ သူ့ရုံးအလုပ်နဲ့သူကပျော်တယ်။သူ့မိတ်ဆွေတွေနဲ့ သူက ပျော်တယ်။ဝန်ထမ်းအိမ်ရာမှာ နေရတာကို ကျေနပ်နေတယ်။ လကုန်ရင် လခရတယ်။ ရတဲ့လခနဲ့ လောက်အောင်စားရတယ်။ ချေးလိုက် ငှားလိုက် ပြန်ဆပ်
လိုက်၊ပြန်ချေးလိုက်နဲ့  ကျွန်တော်တို့ဘ၀မှာ အကြွေးတွေ သံသရာလည်ခဲ့ဖူးတယ်။
Rain Day လို့ ခေါ်တဲ့ မိုးရွာတဲ့တစ်နေ့ကို ရောက်လာခဲ့တယ်။အဲဒီနေ့က အဖေပင်စင်ယူတဲ့နေ့ပေါ့။ ကျွန်တောတို့ မှာနေစရာမရှိဘူး။အိမ်ငှားနဲ့နေဖို့  ကလည်း ရေရှည်မလွယ်ဘူး။ ကျွန်တော်တို့ ငိုခဲ့ရဖူးတယ်။ ဘ၀ကိုစိတ်ကုန်ခဲ့ရဖူးတယ်။ Rain Day ကိုကျွန်တော်တို့ မိသားစုမေ့ နေကြတယ်။ တကယ်လည်းRaining Day ကိုကြုံရော အားလုံး ဒုက္ခ ရောက်ကြရတော့တာပါပဲ။မိုးတွေရွာနေတာကို ကြည့်ပြီး ကျွန်တော်ရဲ့  ငယ်ဘ၀ကို စဉ်းစားနေမိတယ်။
            ကြိုတင်ပြင်ဆင်တတ်တဲ့သူက  ဒုက္ခ မရောက်ဘူး။
            ကြိုတင်ပြင်ဆင်မှုမရှိခြင်းဟာ ကြိုတင်ပြီး အရှုံးပေးခြင်းတစ်မျိုးပါပဲ။
            စာသင်ခန်းထဲကတပည့်တော်များများဟာလည်း "နှံကောင်" တွေပါပဲ။ အပျော်ကြူးနေကြတယ်။ ကြိုတင်မပြင်ဆင်ဘူး။ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေတဲ့အချိန်ဟာ Raining Day ပါပဲ။ ဒီနေ့ခေတ်လူငယ်တော်တော်များများဟာ အပျင်းထူတယ်။ ခိုင်းမှလုပ်တတ်တယ်။ ဘေးက ကူညီတဲ့လူတစ်ယောက်မပါပဲ ဘာမှ မလုပ်တတ်ဘူး။ သူတို့တတွေရဲ့ဘ၀မှာ Raining Day တွေအများကြီး ကြုံရဦးမှာပါ။
            ကျွန်တော့်မှာ သူငယ်ချင်းတစ်ယောက်ရှိတယ်။သူကနို့ ဆီစက်ရုံတစ်ခုမှာ အလုပ်လုပ်တယ်။ သူ့ ဘ၀ကို သူကျေနပ်နေတယ်။ အဲဒီကြားထဲမှာ အသောက် အစားကလည်းရှိတယ်။ဒီလိုနဲ့ တစ်နေ့ကသူဆေးရုံတက်ရတယ်။အသည်းရောဂါဖြစ်လို့ တဲ့။ ဆေးကုစရာပိုက်ဆံကလည်း မရှိဘူး။ သူ့သားသမီးတွေကလည်းငိုနေကြတယ်။သူအမျိုးသမီးကလည်းဘာမှ  မလုပ်တတ်ဘူး။ နောက်ဆုံးတော့ ကျွန်တော့တို့ သူငယ်ချင်းတွေစုပြီး သူ့ကိုကူညီကြရတယ်။ကျွန်တော်တို့ကလည်း ဘယ်တိုင်းအတာထိ ကူညီနိုင်မှာလည်း။သူနေတဲ့အိမ်ကလည်း အိမ်လခ၊အိမ်စပေါ်တွေတောင်းနေပြီ။ သူ့ကိုကြည့်ပြီး စိတ်မကောင်းဖြစ်မိတယ်။ သြော်...' နှံကောင်' လိုလူတွေအမှားကြီးပါလား။ Raining Day ကြုံ ရတော့  သူဘာမှ မတတ်နိုင်ဘူး။
            ကျွန်တော်တို့ အရပ်ထဲမှာ ကျောင်းအုပ်အငြိမ်းစားဆရာကြီးတစ်ယောက်ရှိတယ်။ သူကတော့ပုရွက်ဆိတ်လို လူတစ်ယောက်ဖြစ်တယ်။ ကျောင်းဆရာဘ၀မှာစုစုဆောင်းဆောင်းနေခဲ့တယ်။ လုပ်သက်နဲ့ ရတဲ့မြေကို ရောင်းမစားဘူး။အဲဒီမြေပေါ်မှာပဲ တဲအိမ်လေးတစ်လုံးထိုးပြီး နေတယ်။ ပင်စင်ရပြီးကတည်းကညနေစာမစားဘူး။ ဥပုသ်စောင့်တယ်။ ကျန်းမာရေးလိုက်စားတယ်။ ပရဟိတအလုပ်တွေနဲ့  အချိန်ကို အသုံးချတယ်။ရှိတာလေးနဲ့ လောက်အောင်စားတယ်။ မနက်တိုင်းလမ်းလျှောက်ထွက်တယ်။ နေ့ တိုင်းတရားထိုင်တယ်။လှူစရာရှိရင် စနစ်တကျလှူတယ်။ စည်းကမ်းရှိတယ်။ူအမြဲပြောတဲ့စကားတစ်ခွန်းရှိတယ်။ " ကြိုတင်ပြင်ဆင်တယ်ဆိုသူရဲကောင်းတွေရဲ့ အပြုအမူကွ"။  ကျုပ်ပိုင်တဲ့ စည်းစိမ်တွေက ကျုပ်ကိုငရဲပြည်ရောက်ဖို့  ဆွဲခေါ် နေတယ်။ အဲဒီအရွယ်မှာပိုက်ဆံများများမလိုဘူး။ငွေစက္ကူဟာငရဲပြည်သွားဖို့ လက်မှမဟုတ်ဘူး။ လူတချို့ ကတော့ငွေစက္ကူကိုတွယ်တာနေရင်းနဲ့ အဲဒီငွေစက္ကူဟာငရဲပြည်သွားဖို့ လက်မှတ်တွေဖြစ်ကုန်ကြတယ်''
            သူပြောတဲ့စကားဟာမှတ်သားလောက်တယ်။ အဓိပ္ပါယ် ရှိတဲ့ပိုင်ဆိုင်မှုကသာအ ဓိပ္ပါယ်တဲ့ဘ၀ကို ဖြစ်စေနိုင်တယ်။
            ဒီလိုပါပဲ။ပေါ့ပေါ့ပါးပါးလေး လုပ်ကိုင်နေရင်းနဲ့လည်းအောင်မြင်မှုဆိုတာ ရချင်ရတတ်တယ်။ လူတွေရဲ့ နှုတ်ဖျားက ချီးမွမ်းခြင်းနဲ့ ကဲ့ရဲ့ ခြင်းအကြားမှာ ၀မ်းနည်းခြင်း ၀မးသာခြင်းတွေနဲ့ ဘ၀ကိုတည်ဆောက်နေကြရတယ်။
            လောကဓံဆိုတာ လူတွေကို ဘ၀င်မမြင့်ဖို့ ၊ ဘ၀မမေ့ဖို့၊ ဆုံးမပေးတဲ့သဘာဝကပေးတဲ့ဆရာကြီး တစ်ပါးပဲ။
            လောကဓံဆိုတာ အတ္တနဲ့  မာနကို မှန်မှန်ကန်ကန်  ချိုးနှိမ်းပေးတဲ့ဆေးတစ်လက်ပဲ။လောကဓံဆိုတာ Raining Day ပဲလေ။ကျွန်တော်ဘ၀မှာ Raining Day တွေ ကြုံ ခဲ့ပြီးပြီ ။နောက်ထပ်လည်း Raining  day  တွေကြုံ ကြရ ဦးမယ်။ Raining Day နဲ့ ကြုံတဲ့အခါ  တစ်ခါတစ်လေ ပုရွက်ဆိတ်ဖြစ်လို တစ်ခါတစ်လေနှံကောင်ဖြစ်လိုက်နဲ့ ။သေချာတာတစ်ခုကတော့ ဘ၀အတွက်ကြိုတင်ပြင်ဆင်တတ်ခြင်း ဆိုတဲ့ လေ့အကျင့်ရှိဖို့ ပါပဲ။
            မိုးရွာသောနေကရယ်၊ပုရွက်ဆိတ်တစ်ကောင်ရယ်၊နှံကောင်လေးတစ်ကောင်ရယ်။ကျွန်တော်ရယ်။ ကျွန်တို့ ဘ၀မှာ ဆင်ခြင်စရာတွေ  အတုယူစရာတွေ သံဝေဂတွေ  သတိပြုစရာတွေ အများကြီးပါလားလို့ … ကျွန်တော် တွေးနေမိတယ်။ လူတိုင်းလူတိုင်းဘ၀မှာRaining  Day ဆိုတာ ရှိ နေဦးမှာပါ။
ဟော…
အပြင်မှာ မိုးတွေရွာနေတယ်။
ကျွန်တော်တို့ဟာ
ပုရွက်ဆိတ်လေးတစ်ကောင်လား။
နှံကောင်းလေးတစ်ကောင်လား။
ဘာပဲဖြစ်ဖြစ် ' လောကဓံမိုး '            ကတော့အကြိမ်ကြိမ် ရွာနေဦးမှာပါ။
ဦးဘုန်း

ရန်ကုန်တွင် လူထု ၂၀၀ကျော် ဆန္ဒပြ

Submitted by on Monday, 26 September 2011--
စက်တင်ဘာလ ၂၆ရက်။ စောခါးစူး (ကေအိုင်စီ)
ရန်ကုန်မြို့ မြောက်ဒဂုံ ၅၀ရပ်ကွက် မကွေးကျောင်းတိုက်ဘက်မှ လူထု ၂၀၀ခန့်သည် ယနေ့ နေ့လည် ၁၁နာရီက နိုင်ငံရေး အကျဉ်းသား လွှတ်ပေးရေး စာတမ်းပါ အ၀ါရောင် တီရှပ်အင်္ကျီများ ၀တ်ဆင်၍ ရန်ကုန်မြို့လယ်သို့ ချီတက်ဆန္ဒပြကြသည်။
အလားတူ ရန်ကုန်မြို့လယ်ခေါင် ဆူးလေစေတီအနီးတွင်လည်း လူအင်အား ၅၀ခန့်ကလည်း အ၀ါရောင်တီရှပ်များ ၀တ်ဆင်ကာ ရွှေတိဂုံစေတီဘက်သို့ လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြသည်။
မြောက်ဒဂုံဘက် ဆန္ဒပြမှုကို ကိုယ်တိုင်ပါဝင်ခဲ့သူတဦးက “ရွှေဝါရောင် နှစ်ပတ်လည်နဲ့ မြစ်ဆုံကိစ္စကြောင့် ဆန္ဒပြတာ ဖြစ်တယ်။” ဟု ကေအိုင်စီသို့ ပြောသည်။
တီရှပ်အင်္ကျီတွင် “နိုင်ငံရေးအကျဉ်းသားများ ကူညီရေးကွန်ယက်၊ ဧရာဝတီကို ကယ်တင်ကြ၊ နိုင်ငံရေးအကျဉ်းသားများ တစ် ယောက်မကျန် ချွင်းချက်မရှိလွှတ်” အစရှိသည့် စာတန်းများ ရေးထိုးပါရှိသည်။ သို့သော် ဆန္ဒပြသူများအနေဖြင့် နိုင်ငံရေး ကြွေး ကြော်သံ အော်ဟစ်ခဲ့ခြင်း မရှိဘဲ တိတ်ဆိတ်စွာ ချီတက်ခဲ့ကြသည်ဟု ၎င်းက ဖြည့်စွက်ပြောဆိုသည်။
မနက်ဖြန် စက်တင်ဘာလ ၂၇ရက်နေ့သည် ၂၀၀၇ခုနှစ်က သံဃာတော်များ ဦးဆောင်သည့် ရွှေဝါရောင် အရေးအခင်း၏ ၄နှစ်ပြည့် နှစ်ပတ်လည်နေ့လည်း ဖြစ်သည်။
ဆန္ဒပြပွဲတွင် NLD ပါတီဝင်ဟောင်းဖြစ်သူ ဒေါ်နော်အုန်းလှနှင့် တွံတေးမြို့မှ ကျူရှင်ဆရာ ဦးအောင်ဖေတို့ ဦးဆောင်ခဲ့ပြီး အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်-NLD အဖွဲ့ဝင်အချို့၊ ကျောင်းသားကွန်ယက်အဖွဲ့ဝင်အချို့၊ ကုန်ဈေးနှုန်း ကျဆင်းရေး တောင်းဆိုသည့် အဖွဲ့အချို့၊ လူထုအချို့နှင့် အခြားနိုင်ငံရေး ပါတီအဖွဲ့ဝင်အချို့ ပါဝင်သည်ဟု သိရသည်။ ဦးအောင်ဖေသည် မကြာခဏ အစိုးရ အား တကိုယ်တော် ဆန္ဒပြလေ့ရှိသူတစ်ဦး ဖြစ်သည်။
မြောက်ဒဂုံဘက် ဆန္ဒပြသူများသည် မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးအနီး မိုးလေ၀သနှင့် ဇလဗေဒရုံးအရောက် နေ့လည် ၁နာရီတွင် သက်ဆိုင်ရာ မြို့နယ်ရဲမှူးက တားမြစ်ခဲ့သည်။
နေ့လည် ၂နာရီအချိန် မိုးရွာသည့်အတွက် မြောက်ဒဂုံဘက် ဆန္ဒပြသူများသည် လူစုများ စတင် လူစု ခွဲကြသည်။ ဆန္ဒပြသူများကို အာဏာပိုင်များက တားဆီးမှုများ ရှိခဲ့သော်လည်း ယနေ့ နေ့လည်အထိ ဖမ်းဆီးမှု မရှိခဲ့ပေ။

Photo-www.yeaungthu.com (ဆန္ဒပြလူထုအချို့ ချီတက်နေစဉ်)

ယခု ဆန္ဒပြပွဲကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန် အစိုးရတို့၏ ပူးပေါင်း လုပ်ဆောင်မှုများ၊ တွေ့ဆုံ ပြောဆိုမှုများအား ထိခိုက်မည်ကို စိုးရိမ်မှုရှိသဖြင့် မလုပ်သင့်ဟု ထင်မြင်မှုများလည်း ထွက်ပေါ်လျက်ရှိသည်။ ယင်းသို့ သဘောမတူကြောင်းကို သတင်းစာဆရာကြီး လူထုစိန်ဝင်းနှင့် အလဲဗင်းမီဒီယာ၏ အမှုဆောင်အရာရှိချုပ် ဒေါက်တာသန်းထွဋ်အောင်တို့က ပြောဆို ကြောင်း ပြည်တွင်းထုတ် အလဲဗင်းမီဒီယာ ၀က်ဘ်ဆိုက်တွင် ဖေါ်ပြထားသည်။

သွေးသစ်


၁၉၁၅ မှစ၍ ၂၀၀၇တော်လှန်ရေးအထိ
အသက်စွန့်ကာ အသက်ပေးခဲ့သော
ကျောင်းသားသွေး ရဟန်းသွေးတွေ
ပေတရာပေါ်မှ တစိမ့်စိမ့်စီးကာ
မြေထဲသို့ပုန်းအောင်းနေကျပြီ….

ပုန်းအောင်းနေတဲ့ သွေးဟောင်းတွေပေါ်ထွက်လာပြီး
တော်လှန်ရေးကိုဆင်နွှဲဖို့
မျိုးဆက်သစ်ကျောင်းသားနဲ့ရဟန်းတွေက
သွေးဟောင်းတွေကို ဖယ်ရှားကာ
သွေးသစ်တွေကို ထပ်ဆင့်လောင်းထည့်နေကျပြီ………..
ဒီသွေးသစ်တွေကလဲ
 မြေထဲတွင်ပုန်းအောင်းနေကာ
တနေ့နေ့တစ်ချိန်ချိန်တွင်မူ ဒီသွေးတွေက
မြေထဲမှ တိုးထွက်ပြီးအာဏာရှင်ကို
ကျောင်းသားသွေးနဲ့ ရဟန်းသွေးနီကြောင်းပြကာ
တော်လှန်ရေးတစ်ရပ်ကို ဆင်နွှဲအုံးမည်
 ဆိုတာကိုတော့
မလွဲဧကန် မြင်ရအုံးမည် မလွဲပါ……..
                                        တက်လူ(19.9.2011)

ပြောကြပါ


ဒဏ်ရာတွေ ဗလပွနဲ့ 
ခြိမ်းခြောက်ခံနေရတဲ့ သူဘဝ
ဘယ်သူကယ်နိုင်မလဲ
ငါတို့ မှ မကယ်ရင်သူဘ၀ပျက်တော့မှာ
ငါတို့ လည်းပဲ သေရတော့မှာ
ရေစပ် ဘေးကသစ်ပင်တွေ
စကားပြောနေကြပြီ
သူကိုမလုပ်ပါနဲ့ တဲ့
ကောင်ကင်ကငှက်တွေ
စကားပြောနေကြပြီ
သူကိုမလုပ်ပါနဲ့ တဲ့
ရာသီဥတုမမှန်ဘဲတိုက်ခတ်လာတဲ့လေတွေ
သူကိုမလုပ်ပါနဲ့ တဲ့
လွတ်လပ်မှုကိုမြတ်နိုးသူတွေ
သူကိုလုပ်ရင်တော့ ဒုက္ခရောက်မှာတဲ့
အော်..............
ဒုက္ခ္ခ.....ဒုက္ခ္ခ....ဒုက္ခ္ခ....
သူကိုမလုပ်ပါနဲ့ တဲ့.....
သူကိုမလုပ်ပါနဲ့ တဲ့.....
သူကိုမလုပ်ပါနဲ့ တဲ့.....
သူရဲ့အငြိုးတွေက ငါတို့ အပေါ်
ကျရောက်တော့မှာ.....
ဒါဆို  ဆိုးကျိုးကဘာဖြစ်မလဲ......
ပြောကြပါ......
ပြောကြပါ......
ပြောကြပါ......
                              ချမ်းချမ်းမောင်

“စိုးရိမ်လို့”



ရေးမိပြန်တယ်
ဘာကြောင့်လဲကွာ ခုတလော
ဟိုတယောက်ကရေးပြန်တယ်
ဆောင်းပါး သူ့ အကြောင်းပဲ

ဒီတယောက်ကရေးပြန်တယ်
ကာတွန်းသူ့ အကြောင်းပဲ
နောက်တယောက်ရေးပြန်တယ်
ကဗျာ သူ့ အကြောင်းပဲ
စာပေဟောပြောပွဲမှာ ပြောတယ်သူ့ အကြောင်းပဲ
ဟိုအဖွဲ့အဖွဲ့တွေကထုတ်လိုက်တယ်
စာရွက်တွေ စာရွက်တွေ..
သူ့အကြောင်းပဲ။
နယူးဇီးရိုးမှာ
ပါဖောင်းမန့် တဲ့ သူ့ အကြောင်းပဲ

ရီစရာတော့ မဟုတ်ပါဘူး
ကျနော်တို့လဲ ချစ်ပါတယ်တဲ့
သူ့ အကြောင်းပဲ။
ကမ်ပိန်း စာရွက်တွေ
လမ်းပေါ်မှာ ပြန့်ကြဲ
သူ့ အကြောင်းပဲ။

သူတို့တွေခုမှ မဟုတ်ပါဘူး
ရာဇ၀င်များရဲ့ သတို့သမီးလို့တောင် တင်စားခဲ့သေးတာ။

အချိန်အခါကြောင့်ဖြစ်ရင်တော်သေး
သဘာဝကြောင့်ဖြစ်ရင်တော်သေး

ဘာပဲပြောပြော
သူငယ်ချင်းတယောက်ဆိုရင်တောင်
နေကောင်းအောင်နေနော်လို့ပြောလို့ရသေးတယ်

ခုမင်းကျတော့
ဘယ်လိုပြောရပါ့
စဉ်းစားရင်းပဲ ကဗျာနဲ့ပဲပြောလိုက်တယ်။

မင်းကိုပြောတာလဲဟုတ်
မင်း ဆိုတာကိုပြောတာ လဲဟုတ်ပါတယ်
ရာဇ၀င်များရဲ့သတို့သမီးရယ်။
ဖိုးရှုပ်လေး






ဧရာဝတီ



ဧရာဝတီဆီိုတာ မြစ်ကြီးတစ်စင်းလား
လူသားတွေရဲ့အသက်အိုးအိမ်လား
မြစ်ကိုအခြေမှီပြီး စားသောက်နေရတဲ့
ပြည်သူတွေရဲ့ အသက်အိုးအိမ်တွေ

သူရဲ့ သဘာဝအလှတွေကို
မင်းတို့ဖျက်ဆီးရက်လား......

အင်္ဂလိပ်လက်ထက်ကတော့ ကြားဘူးပါရဲ့
ဧရာဝတီ သစ္စာဖောက်လို့ ထီးနန်းပျောက်ခဲ့ရပြီတဲ့
အခုတော့လဲ အဲဒီအညှိုးကြောင့်
ဧရာဝတီကို ဖျက်ဆီးနေကြတာလား.

မင်းတို့အာဏာကျဆင်းတာနဲ့
ဧရာဝတီနဲ့သက်ဆိုင်လား...
မျက်နှာလို မျက်နှာရ လုပ်ဖို့အတွက်
နှစ်ပေါင်းများစွာ အကျိုးပြုနေတဲ့
ပြည်သူပိုင်တဲ့
ဧရာဝတီကို ဖျက်ဆီးနေကျပြီ.....

ဧရာဝတီရေ မင်းကိုတော့ အားနာပါတယ်
ငါတို့ရဲ့လုပ်ဆောင်ချက်တွေ
မအောင်မြင်သေးတဲ့အချိန်အထိ
မင်းသည်းခံပြီးသာ နေထိုင်ပါတော့.....
                            တက်လူ(20.9.2011)

ရွှေဝါရောင်တော်လှန်ရေး လေးနှစ်ပြည့် ၀တ်ပြုဆုတောင်း

Published on September 26, 2011 by ရွှေအောင်   ·   No Comments
စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး ၄ နှစ်ပြည့် ၀တ်ပြုဆုတောင်းပွဲကို ရန်ကုန်မြို့လယ် ဆူးလေ စေတီရင်ပြင် ကြာသပတေးထောင့်မှာ ဒီနေ့ ပြုလုပ်သွားပါတယ်။
နိုင်ငံရေးအကျဉ်းသား ​ မိသားစုများ​ အကျိုးဆောင်ကွန်ရက်နဲ့ နိုင်ငံရေးအကျဉ်းသား​ မိသားစုတွေ စုစုပေါင်း ၁၀၀ လောက်က မွန်းလွဲ ၃ နာရီမှာ ဆောင်ရွက်သွားတာပါ။ ဒီလို လူစုလူဝေးနဲ့ ရန်ကုန်မြို့ ပေါ်လှုပ်ရှားမှုဟာ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးအပြီး ပထမဆုံးဖြစ်ပွားသွားတာပါ။
ဆုတောင်းအဖွဲ့ဟာ ဆူးလေစေတီကို မရောက်ခင် အာဏာပိုင်တွေရဲ့ တားမြစ်ပိတ်ပင်မှုတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ မနက်ပိုင်းက  ဒဂုံမြို့သစ်အရှေ့ပိုင်းရှိ  မကွေးပရိယတ္တိစာသင်တိုက်မှာ သံဃာ တော်တွေကို ဆွမ်းကပ်ပြီး ဆူးလေဘက်ကိုအသွား မြောက်ဥက္ကလာအ၀ိုင်းအနီး လမ်းဆုံအရောက်မှာ သူတို့ကို ရဲတွေက တားမြစ်တယ်လို့ ဆုတောင်းပွဲကို ဦးဆောင်သူ နော်အုန်းလှက ပြောပြပါတယ်။
“ကျမတို့က ဆူဆူပူပူမှုကို လုံးဝ​ လှုပ်ရှားမယ့်လူ မဟုတ်ပါဘူး။ ငြိမ်းချမ်းစွာနဲ့ ကိုယ့်ရဲ့ ရပိုင်ခွင့်တွေကို တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ ဒါက ကျမတို့ ပြည်သူတယောက်အနေနဲ့ ခံစားရတာ​ တော့ ကျမတို့နိုင်ငံမှာ ဒီမိုကရေစီ အခွင့်အရေးတွေ ဆိတ်သုဉ်းနေတယ်လို့ မြင်ပါတယ်။”
အဲဒီနောက် တားမြစ်ခံရတဲ့ လမ်းဆုံအနီး လူသွားစင်္ကြံ မှာပဲ မိုးရွာထဲမှာ ၀တ်ပြုဆုတောင်းကြရာက မွန်းလွဲ ၂ နာရီလောက်မှာ လူစုခွဲကြပြီး ရန်ကုန်မြို့လယ် ဆူးလေစေတီမှာ ၀တ်ပြုဆုတောင်းကြ တယ်လို့ ၀တ်ပြုဆုတောင်း အဖွဲ့ဝင်တဦးက ပြောပါတယ်။
“ကျမတို့ အင်အား ၃၀၀ ကျော်လောက်က ၀တ်ပြုဆုတောင်းလိုက်တယ်။ ကျမတို့ကို ရှေ့သွား ခွင့်မပြုလို့ပါ။ ဆုတောင်းပွဲပြီးတော့ လူစုခွဲပြီးတော့ နှစ်ယောက်တတွဲစီပဲ ပြန်ခွင့်ပြုလို့ ကိုယ့်နည်းကိုယ့် ဟန်နဲ့ ပြန်ကြပြီးတော့ ကျမတို့ ဆူးလေမှာ စုရပ်လုပ်ပြီးတော့ ဆူးလေမှာ ၁၅ မိနစ်ပဲ ဆုတောင်း ခွင့်ပြုပါတယ်။”
ဒီနေ့ ဆုတောင်းပွဲလှုပ်ရှားမှုအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးက ဆန္ဒစောတယ်လို့ ဝေဖန်လိုက်ပြီး အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတတို့ တွေ့ဆုံဆွေးနွေးပွဲ ထိခိုက်စေမှာကို မလိုလားဘူးလို့ ပြောပါတယ်။
“ပိုမိုပြီးတော့ အလားအလာ​ ကောင်းနေတယ်​ ဆိုတဲ့ သဘောတွေ ပြောနေတဲ့အချိန်မှာ အေးအေးချမ်းချမ်း ရှိရင်တော့ ပိုကောင်းတာပေါ့။ အဲ့ဒါကြောင့် အခုလိုမျိုး ပြဿနာတွေက မလိုလားအပ်တဲ့ အစိတ်အပိုင်းတွေကနေ မှန်မှန်ကန်ကန် ဖြစ်ရမယ့်ကိစ္စမှာ ၀င်ပြီးတော့ နှောင့်ယှက်တဲ့သဘော ဖြစ် နေတယ်။ အခြေအနေက စောင့်ကြည့်ဖို့ကောင်းနေတဲ့ သဘောမျိုးမှာ ဆက်ပြီးဒီလိုလုပ်တာတော့ ဒါ အနှောင့်အယှက်တခု ဖြစ်နေတယ်လို့ ကျနော်တို့ သဘောရတယ်။”
ဆုတောင်းပွဲကို ဦးဆောင်သူ နော်အုန်းလှကတော့ တွေ့ဆုံဆွေးနွေးပွဲ ပျက်စေလိုတဲ့ ရည်ရွယ်ချက် အလျဉ်းမရှိဘူးလို့ ပြောပါတယ်။
“ကျမတို့လုပ်တဲ့လုပ်ရပ်က ကျမတို့နိုင်ငံမှာ ဖြစ်လာတဲ့ အထိမ်းအမှတ်နေ့တွေကို ရိုးသားစွာနဲ့ အထိမ်းအမှတ် လုပ်တာဖြစ်တဲ့အတွက် ကျမတို့စိတ်လည်း ရှင်းတယ်။ ဒီအပေါ်မှာ ကျမတို့က ထိခိုက်စရာမရှိဘူးလို့ မြင်ပါတယ်။ အဲဒါကြောင့် ကျမတို့အလုပ် ကျမတို့လုပ်သွားတယ်။ အစ်မ (ဒေါ်အောင်ဆန်းစုကြည်)ကလည်း သူ့အလုပ် သူလုပ်သွားပါတယ်။”
၂၀၀၇ ခုနှစ် စက်တင်ဘာမှာ သံဃာတော်တွေ ဦးဆောင်တဲ့ ရွှေဝါရောင်တော်လှန်ရေးကို စစ်အစိုးရက အကြမ်းဖက် ပစ်ခတ်နှိမ်နင်းခဲ့သလို သံဃာတွေကို ဖမ်းဆီးလူဝတ်လဲပြီး နယ်ဝေး ထောင် တွေကို ပို့ဆောင်ခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ရက်ဟာ ပြီးခဲ့တဲ့လတုန်းကလည်း ရွှေတိဂုံစေတီ ရင်ပြင်ပေါ်မှာ စုပြီး နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ ၀တ်ပြုဆုတောင်းခဲ့ကြပါသေးတယ်။

LinkWithin

Related Posts Plugin for WordPress, Blogger...

GMAIL မှလဲ ဆက်သွယ်နိုင်ပါပြီ..

အင်္ဂလိမ်ဘာသာနှင့် ဖတ်ရူချင်သူများအတွက် သတင်းများ


Get Your News Widget
Share

ဧည့်သည်တော်နိုင်ငံများ

လူ အခွင့်အရေး အပိုဒ် (၃၀)

အပိုဒ်(၁)။ လူတိုင်းသည် မွေးဖွားလာကတည်းက တန်းတူညီမှုရှိသည်။ အပိုဒ်(၂)။ မည်သူကိုမျှ ခွဲခြားဖိနှိပ်ခြင်းမရှိစေရ။ အပိုဒ်(၃)။ လူတိုင်းအသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့်လုံခြုံခွင့်ရှိသည်။ အပိုဒ်(၄)။ မည်သူကိုမှ ကျွန်အဖြစ်စေခိုင်း ရောင်းဝယ်ခြင်းမပြုရ။ အပိုဒ်(၅)။ မည်သူကိုမှ မတရားနှိပ်စက်ခြင်း၊ လူမဆန်စွာ၊ ရက်စက်စွာဆက်ဆံခြင်း၊ အပြစ်ပေးခြင်းမပြုရ။ အပိုဒ်(၆)။ တရားဥပဒေရှေ့မှောက်တွင် လူတိုင်းအား လူသားအဖြစ် အသိအမှတ်ပြုခံပိုင်ခွင့်။ အပိုဒ်(၇)။ တရားဥပဒေရှေ့တွင် တန်းတူညီခွင့်။ အပိုဒ်(၈)။ မိမိအခွင့်အရေးချိုးဖောက်ခံရပါက ဥပဒေအကူအညီရယူခွင့်။ အပိုဒ်(၉)။ မတရားဖမ်းဆီးခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းအား ကာကွယ်မှုရရှိခွင့်။ အပိုဒ်(၁၀)။ လူအများကြားနာပြီး တရားမျှတသော တရားစီရင်မှုရရှိခွင့်။ အပိုဒ်(၁၁)။ ခိုင်လုံသော အထောက်အထားမရှိမချင်း ထိုသူသည် အပြစ်မရှိဟူ၍ သတ်မှတ်ခံပိုင်ခွင့်။ အပိုဒ်(၁၂)။ ပုဂ္ဂလိကကိုယ်ရေးကိုယ်တာများအား ၀င်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ပေးခြင်း။ အပိုဒ်(၁၃)။ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် အပိုဒ်(၁၄)။ မတရားအပြစ်ပေးခံရမည်ဆိုပါက အခြားနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံပိုင်ခွင့်။ အပိုဒ်(၁၅)။ နိုင်ငံသားဖြစ်ခွင့် အပိုဒ်(၁၆)။ အရွယ်ရောက်သူတိုင်း မိမိဆန္ဒဖြင့် လက်ထပ်အိမ်ယာထူထောင်ခွင့်။ အပိုဒ်(၁၇)။ ပစ္စည်းဥစ္စာပိုင်ခွင့်။ အပိုဒ်(၁၈)။ လွတ်လပ်စွာတွေးခေါ်ယုံကြည်ကိုးကွယ်ခွင့်။ အပိုဒ်(၁၉)။ လွတ်လပ်စွာ ထုတ်ဖော်တင်ပြပြောဆိုခွင့်၊ သတင်းများရယူခွင့်။ အပိုဒ်(၂၀)။ ငြိမ်းချမ်းစွာဖွဲ့စည်းထားသောအဖွဲ့အစည်းများအား လွတ်လပ်စွာဝင်ရောက်ခွင့်။ စုဝေးခွင့်။ အပိုဒ်(၂၁)။ အစိုးရတွင်ပါဝင်ခွင့်။ အပိုဒ်(၂၂)။ လူမှုဖူလုံရေးခံစားခွင့်။ အပိုဒ်(၂၃)။ အလုပ်လုပ်ခွင့်၊ အလုပ်သမားသမဂ္ဂ၀င်ရောက်ခွင့်။ အပိုဒ်(၂၄)။ အပန်းဖြေအနားယူခွင့်။ အပိုဒ်(၂၅)။ လုံလောက်သော လူမှုအဆင့်အတန်းခံစားခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၆)။ ပညာသင်ကြားပိုင်ခွင့်။ အပိုဒ်(၂၇)။ ယဉ်ကျေးမှုဘ၀တွင် ပါဝင်ပိုင်ခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၈)။ ထိုအခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၂၉)။ အခြားသူများ၏ အခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၃၀)။ မည်သူမျှဤအခွင့်အရေးများကို မချိုးဖောက်ရန်တာဝန်။