Popular Posts

လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက် ဝမ်းသာစွာဖြင့် ကြိုဆိုပါသည်။သိုသော် အကျဉ်းထောင်ထဲတွင်ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော်အတွက် ထပ်မံကြိုးစားဆောင်ရွက်ပေးကြဖို့ လိုအပ်ပါသေးသည်။..
ဒေါင်းမျိုးဆက်က ကိုယ်ကျိုးမဖက်ပဲနှင့် တိုင်းပြည်အကျိုး လူထုအကျိုး ကြိုးစားလုပ်ဆောင်သွားမည်။
ပြည်သူသာအမိ ပြည်သူသာအဖ ဆောင်ပုဒ်ကို လက်ကိုင်ကာစွဲ ဒါတို့ရဲ့အောင်ပွဲ

5/31/2012

အလုပ်သမားအောင်ပွဲ.....

အခုဆိုရင် မှော်ဘီမြောင်းတကာမြို့ရှိ Yangon Crown သံမဏိ စက်ရုံတွင် အလုပ်သမားများ ဆန္ဒဖော်ထုတ်၍ အစာငတ်ခံ ဆန္ဒပြမှုများတွင် လူဆယ်ဦးလောက်အထိ မေ့လဲကျသွားတာမျိုး ဖြစ်နေကြောင်း သိရပါတယ်..

“မနေ့ကအထိတော့ သွေးဝမ်းကိုက်တဲ့ တယောက်ကို မှော်ဘီဆေးရုံကြီးမှာ တင်ထားပါတယ်။ ကျန်တဲ့ကိုးယောက်ကိုတော့ ဆန္ဒပြ နေတဲ့ တဲနားမှာ အနားယူ ကုသပေးထားပါတယ်။ သူတို့က အနားမယူဘဲ ဆန္ဒပြတဲ့ နေရာကိုပဲ တွဲတွဲပြီး ပို့ခိုင်းနေတာပဲ၊ အဲဒီလိုပဲ သွားပြလိုက် လဲသွားလိုက်နဲ့”ဟု အလုပ်သမားများ ဆန္ဒပြမှုကို ကူညီဆောင်ရွက်ပေးနေသူ ကိုမျိုးမင်းသွင်က ပြောပါတယ်။
ရည်ရွယ်ချက်- Yangon Crown သံမဏိ စက်ရုံတွင် အစာငတ်ခံဆန္ဒပြ အဖွဲ့အပြင် လူ ၁၅၀ ပါဝင်သော ထိုင်သပိတ်ဆင်နွှဲနေသည့် အဖွဲ့ တဖွဲ့လည်း ရှိနေပြီး နှစ်ဖွဲ့လုံးက အခြေခံလစာတိုးပေးရန်နှင့် လုပ်သက်ခွင့်၊ ရှောင်တခင်ခွင့်၊ ဆေးခွင့်နှင့် လုပ်ငန်းခွင် အကာအကွယ် ပစ္စည်းများ လုံလောက်စွာ ထားရှိပေးရန်တို့ကို တညီတညွှတ်တည်း တောင်းဆိုနေကြခြင်းဖြစ်သည်။
ဆန္ဒပြသသူများရဲ့ တောင်းဆိုချက်များကိုလိုက်လျောသွားမည်ဖြစ်ကြောင်း ၂၉ရက်နေ့ နံနက်ပိုင်းက ကတိပေးသွားတာမျိုးရှိပါတယ်။ဒါကြောင့်မို့ အခြေခံစာတိုးပေးဖို့ ၁၀ရက်ကြာအောင်ဆန္ဒပြသနေကြရတဲ့ အလုပ်သမားများဟာ မနက်ဖြန်ဆိုရင် လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်မည်ဟု အလုပ်သမားခေါင်းဆောင် ကိုနော်အောင်မှ ပြောပြခဲပါတယ်။..
"သူဌေးနှင့်အတူ့ ရွှေတိဂုံအောင်မြေမှာဆွေးနွေးခဲ့ကြပါတယ်။ပြီး သူတို့ရဲ့တောင်းဆိုချက်မတွေကိုလိုက်လျောပေးမည်လို့ပြောကြားခဲ့ပါတယ်" ဒါကတော့ မိမိအခွင့်အရေးအတွက်10ရက်ကြာအောင် ဆန္ဒပြသခဲ့ကြသူများရဲ့ ပထမဆုံးအောင်ပွဲဖြစ်ပါတယ်။

5/28/2012

တစ်ဦးဆေးရုံတက်ရကာ သုံးဦးလဲကျတဲ့ထိ ဖြစ်ပွားခဲ့တဲ့ သံမဏိစက်ရုံအခြေအနေ



မှော်ဘီမြို့နယ် မြောင်းတကာစက်မှုဇုန်ရှိ သံမဏိသံရည်ချိုစက်ရုံ အစားငတ်ခံဆန္ဒပြတောင်းဆိုသူများ ထဲမှ ကိုဇော်မင်းလတ်သည် မေလ ၂၇ ရက်နေ့တွင် လဲကျသွားရခဲ့ပြီး ယနေ့နံနက် ၈နာရီ ၃၀မိနစ်တွင် မှော်ဘီဆေးရုံသို့ တက်ရောက်ဆေးကုသမှုခံယူနေရသည်။

မေလ (၂၀)ရက်နေ့မှ လုပ်ခလစာတိုးမြှင့်ရန် စတင်ဆန္ဒထုတ်ဖော်တောင်းဆိုကြရာ မေလ(၂၅)ရက် တွင် လူဦးရေ (၄၀)ခန့် အစာငတ်ခံဆန္ဒထုတ်ဖော်တောင်းဆိုကြရာ မေလ (၂၆) ရက်နေ့တွင် ကိုစိုးလင်းသည် အစာအိမ်ရောဂါနှင့် လဲကျသွားကြောင်း သိရှိရသည်။

မေလ (၂၇)ရက်နေ့တွင် ကိုတင်မိုးဝင်းသည် အစားမစားရ၍ အားအင်ကုန်းခမ်းပြီးလဲကျသွားကြောင်း ကိုဇော်မင်းလတ်သည် အစာရောဂါရှိ၍ ဗိုက်အောင့်ကာ လဲကျသွားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့က အစာအိမ်ရောဂါရှိတဲ့သူတွေကို အစာငတ်ခံဆန္ဒပြတဲ့ထဲမှာမပါပါရဘူးပြောပါတယ်၊ အဲဒါကိုဇော်မင်းလတ်က မပြောပဲဝင်သွားတာပါ၊ ညကသွေးဝန်းတွေသွားလို့ ဒီနေ့မနက် ၈နာရီခွဲမှာ မှော်ဘီဆေးရုံ တင်လိုက်ရပါတယ်” ဟု အလုပ်သမားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဇော်ထက်က ပြောသည်။

ဆန္ဒထုတ်ဖော်တောင်းဆိုသူများသည်အလုပ်သမား(၃၀၀)ကျော်ရှိပြီး၊ အဆိုပါအလုပ်သမားများသည် နေ့ကြေးကျပ်(၁၆၀)နှင့် ဆုကြေး(၁၀၀၀)ကျပ် ၀န်းကျင်ခန့် ရရှိနေကြကြောင်း ဆန္ဒ ထုတ်ဖော် အလုပ်သမားထံက သိရှိရသည်။

မီးပျက်၍ ကုန်ကြမ်းမရှိသောလများတွင် နေ့ကြေး (၁၆၀)နှင့် ရက်မှန်ကြေး(၃၀၀၀)စုစုပေါင်း ခုနှစ်ထောင်ခန့်ရရှိကြောင်း သိရှိရသည်။

“ကျွန်တော်တို့တောင်းဆိုတာကတော့ အခြေခံအလုပ်သမားတယောက်ကို တစ်ရက် တစ်ထောင့် ခြောက်ရာရဖို့   တောင်းဆိုတာပါ”ဟု    အလုပ်သမားခေါင်းဆောင်ကိုဇော်ထက်ကပြောသည်။

အဆိုပါ ဆန္ဒပြတောင်းဆိုအလုပ်သမားများထဲတွင် တစ်လလျှင် ဆုကြေးနှင့်နေ့ကြေးပေါင်းကာ တစ်သိန်းကျော် ရရှိ သူများလည်း  ပါဝင်ကြောင်း သိရှိရသည်။

“ကျွန်တော်ဆို တစ်နေ့ကို ဆုကြေးနှစ်ထောင့်နှစ်ရာရပါတယ်၊ မရတဲ့လူတွေအတွက် အစာငတ်ခံ ဆန္ဒပြတောင်းဆိုတာပါ အခြေခံအားဖြင့်တယောက်ကို ဆုကြေးတစ်ထောင့်ခြောက်ရာ ရစေချင် ပါတယ်”ဟု အစာငတ်ခံဆန္ဒပြတောင်းဆိုသူများထဲမှ ဥက္ကဌ ကိုနိုင်လင်းထွန်းကပြောသည်။

 ဆန္ဒထုတ်ဖော်တောင်းဆိုသည့် ဒုတိယရက် မေလ (၂၁)ရက်နေ့တွင် အလုပ်သမားဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းရှိန်လာရောက်ဖြေရှင်းပေးပြီး မေလ (၂၂)ရက်နေ့တွင် အလုပ်သမား ၀န်ကြီးမှ ညွှန်ကြားရေးမှူးချုပ် ဦးစောနိုင် က လာရောက်ညှိနှိုင်းပေးခဲ့သော်လဲ လုပ်ခလစာတိုးမြှင့်ရေး အတွက် ပြေလည်မှုမရရှိကြောင်း အစာငတ်ခံ ဆန္ဒထုတ်ဖော် အလုပ်သမား ဥက္ကဌ ကိုနိုင်လင်းထွန်းက ပြောသည်။
ပြည်တွင်းမီဒီယာတစ်ခုဖြစ်သော Myit Makha Mediagroup မှ ကူးယူဖော်ပြသည်။

စဉ်းစားစရာပါ...မြန်မာပြည်ပြောင်းလဲမည့် အရေးအတွက်..အရေးပါမယ် အချက်တွေပါ

ဒီမိုကရေစီလား-လျပ်စစ်မီးလား

ကျောက်တံတားမြို့နယ်နဲ့ ဒေါ်စုအတွက် မေးခွန်းသုံးခု

မေလ(၂၅)ရက်နေ့  ညနေ ၆နာရီ အချိန်တွင် ကျောက်တံတားမြို့ နယ်ရှိ
NLD မြို့ နယ်ရုံးကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါသည်။

အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်အား မြို့ နယ်နေ ပြည်သူတို့ က
အောက်ပါ မေးခွန်းသုံးခုကို မေးမြန်းခဲ့သည်----

(၁) ပြီးခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် ပါတီကြီးတစ်ခုမှ ၄င်းတို့ အနိုင်
ရရှိက လျှပ်စစ်မီး အချိန်ပြည့်ရရှိရေး ကူညီပေးမည်ဟု ပြောခဲ့ကြောင်း၊
 ယခုအခါ လျှပ်စစ်မီး မရရှိခြင်းမှာ ၄င်းတို့ အနိုင်မရ၍ မီးပြတ်ခြင်း ဖြစ်ရသည်မှာ ဟုတ်မဟုတ် ?

(၂)လမ်းဘေးဈေးသည်များအား မြို့တော်စည်ပင်ရဲများက အခွင့်အာဏာသုံး ဆက်ဆံမှုများပြုကာ တာဝန်ထက်ပို၍ နှိပ်ကွက်ခြင်းများ၊ ယင်းကို ဆင်းရဲသားပပျောက်ရေး လား၊ ဆင်းရဲသား ဖိနှိပ်ရေးလား?

(၃)ဒီမိုကရေစီနိုင်ငံ အသီးသီးတွင် သိက္ခာရှိ ၀န်ကြီးများသည် ၄င်းတို့ တာဝန် ယူထားသော ဌာနတွင် ပြည်သူအတွက် ထိခိုက်နစ်နာသည့် အဖြစ်မျိုးပြုလုပ်မိခဲ့လျှင် အမှားကို ၀န်ချတောင်းပန်ပြီး တာဝန်မှ နုတ်ထွက်ကြောင်း၊ မြန်မာနိုင်ငံတွင် ယင်းကဲ့သို့  ၀န်ကြီးမျိုးရှိပါသလား?

 စသည်ဖြင့် မေးခွန်းသုံးခုမေးမြန်းခဲ့ခြင်းဖြစ်သည်။



အဆိုပါ မေးခွန်း သုံးခုကို လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် မှ ပြန်လည်
ဖြေကြားထားချက်အပြည့်အစုံကို အသံဖိုင် မှာ နားထောင်နိုင်ပါသည်။(သစ်ထူးလွင်)မှ

5/26/2012

ဖိနှိပ်ခံနေရသည့်အလုပ်စက်ရုံမှ အခြေခံအလုပ်သမားသမဂ္ဂကို ဖွဲ့စည်ခံ

စံပယ်ပွင်အထည်ချုပ်စက်ရုံ၌ အခြေခံအလုပ်သမားသမဂကို(၁၆-၅-၂၀၁၂)၇က်နေ့တွင်အောင်မြင်
ွာဖွဲ့စည်းခဲ့နစ်နာချက်များအားတောင်းဆိုနေသည့်စံပယ်ပွင်အထည်ချုပ်စက်ရုံ၌ အခြေခံအလုပ်သမားသမဂကို(၁၆-၅-၂၀၁၂)၇က်နေ့တွင်အောင်မြင်
ွာဖွဲ့စည်းခဲ့ကြောင်း နှင့်မကြာမှီမှတ်ပုံတင်မည်ဖြစ်ကြောင်း အလုပ်သမားသမဂဖြစ်မြောက်ရေးအတွက်ဥပဒေအကြံပေး ရှေ့နေဦးဌေးမှပြောကြားခဲ့ပါသည်။
၁- မခင်သီတာဦး (ဥက္ကဌ)
၂- မခင်သန္တာကျော် (အတွင်းရေးမှူး)
၃- မတင်တင်အေး (ဘဏ္ဍာရေးမှူး)
၎- မသင်းသင်းဆွေ (စာရင်းစစ်)
၅- မငြိမ်းငြိမ်းအိ
၆- မစန်းခေါင်းဂျီ
၇- မဇင်မာလွင် တို့ဖြစ်ကြပါသည်။
၁၄-၅-၂၀၁၂)ရက်နေ့မှစတင်၍ (၁၇-၅-၂၀၁၂)အထိ ၄ရက်ဆက်တိုက် စံပယ်ပွင့်အထည်ချုပ်စက်ရုံမှ အလုပ်သမား၃၅၀ကျော်သည် အခြေခံလုပ်ခ သတ်မှတ်ချက်မရှိခြင်း၊ရက်ပျက်လျှင်ငွေဖြတ်ခြင်း၊ ၁မိနစ်မှ၅မိနစ်အတွင်း နောက်ကျလျှင် ၁၅၀၀ကျပ်ဖြတ်ခြင်း၊ အများပြည်သူပိတ်ရက်များတွင် အလုပ်ဆင်းရခြင်းတို့အတွက် တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်ဟု အလုပ်သမားအရေးဆောင်ရွက်သူ ရှေ့နေဦးဌေးမှပြောကြားပါသည်။မကြာမှီနောက်ရက်များတွင်လည်းနေမင်အောင်အထည်ချုပ်၊ ပုလဲအထည်ချုပ် တို့အလုပ်သမားသမဂများအမြန်ဆုံဖွဲ့စည်းနိုင်ရန်ဥပဒေရေးရာအကြံဥာဏ်များပေးနေကြောင်း အဆိုပါ ရှေ့နေဦးဌေးမှပြောကြားပါသည်။

5/23/2012

မြန်မာပြည်သားစာစောင် (အတွဲ ၁၀ - အမှတ် ၅၊ မေလ - ၂၀၁၂ခုနှစ်)


The Burmese Journal (May-2012)

မီးလုံလောက်စွာ မပေးနိုင်တော့ကြောင်း အစိုးရထုတ်ပြန်

လျှပ်စစ်မီး ၂၄ နာရီ ရရှိရေး ဆန္ဒပြမှုများ ဆက်တိုက် ဖြစ်ပေါ်ပြီးနောက် မီးပျက်ရခြင်းနှင့်ပတ်သက်၍ အစိုးရက ပြည်သူလူထုထံ မေတ္တာရပ်ခံ ပန်ကြားကြောင်း ယနေ့ထုတ် သတင်းစာများတွင် ယနေ့ ထုတ်ပြန်လိုက်သည်။
ဖရောင်းတိုင်မီးဖြင့် ညဘက် ဈေးရောင်းနေရသည့် ရန်ကုန်လမ်းဘေးဈေးသည် (ဓာတ်ပုံ - Reuters)

5/22/2012

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးအောင်မိုးဇော်၏ ပြည်တွင်းအခြေအနေပေါ် သုံးသပ်ချက်(VOA)

မြန်မာပြည် အပြောင်းအလဲ နဲ့ ပြည်ပနိုင်ငံရေး အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ မြန်မာအစိုးရက ပြည်ပရောက် နိုင်ငံရေးအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များကို ပြန်လည်ခေါ်ယူမှုအပေါ် ပြည်ပရောက် အဖွဲ့အစည်းများနဲ့ လှုပ်ရှားသူများရဲ့  တုံ့ပြန်ပြောဆိုချက်နဲ့ မြန်မာ့နိုင်ငံရေးမှာ ပြင်ပရောက်အဖွဲ့အစည်းတွေ ဘယ်လိုဆောင်ရွက်နိုင်မလဲ၊ ပြင်ပမှာ ဘာတွေဆက်လက် ဆောင်ရွက်သွားနိုင်မလဲစတဲ့ အရေးကိစ္စအကြောင်းအရာများကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နဲ့ ဗွီအိုအေဌာနမှူး ဦးသန်းလွင်ထွန်း တို့ တွေ့ဆုံဆွေးနွေးထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဦးအောင်မိုးဇော် က အခုလက်ရှိ ဝါရှင်တန်ဒီစီမှာ ရောက်ရှိနေပြီး NED (National Endowment for Democracy) အဖွဲ့မှာ လေ့လာရေးအစီအစဉ်တခုအနေနဲ့ လုပ်နေတယ်လို့ ပြောပါတယ်။ ဆိုတော့ ဘယ်အစီအစဉ်၊ ဘယ်အလုပ်တွေကို လေ့လာနေတယ်ဆိုတာကို တချက်လောက် ရှင်းပြပါ။

5/21/2012

ကိုမင်းကိုနိုင်တို့ 88ကျောင်းသားများ အဖွဲ့သည်လှိုင်သာယာရှိ ဆန္ဒပြ အလုပ်သမားများထံသို့ သွားရောက်


 လှိုင်သာယာစက်မှုဇုန် ဆန္ဒပြ စက်ရုံအလုပ်သမားများထံသို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့်အဖွဲ့တို့ မေလ (၂၁) ရက်နေ့က လာရောက်တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။


5/20/2012

မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့တွင် ဆန္ဒဖော်ထုတ်ပွဲကျင်းပမည်




(၂၀-၅-၂၀၁၂)ရက်နေ့ ည (၇)နာရီမှာ မန္တလေးမြို့၊ မန္တလေးတိုင်းဒေသကြီး လျှပ်စစ်ရုံး အနီး ကျုံးဘေးတွင် ဖယောင်းတိုင်ထွန်းညှိ၍ ၂၄ နာရီ လျှပ်စစ်မီးရရှိရေး ဝိုင်းဝန်း တောင်းဆိုကြမှာ ဖြစ်ပါတယ်။ မန္တလေး မြို့တော်သူ မြို့တော်သားများ အနေဖြင့် ဖယောင်းတိုင် ကိုယ်စီဖြင့် လာရောက် ဆန္ဒဖော်ထုတ်ကြပါရန် နှိုးဆော်အပ်ပါသည်။
(ဖတ်ရှုသူများ အနေဖြင့် ထပ်မံ Share လုပ်ပေးကြပါရန် တောင်းဆိုပါသည်)
 

နေ့ရက် ၂၀-၅-၂၀၁၂ (တနင်္ဂနွေနေ့)
အချိန် ည (၇)နာရီ
နေရာ ၂၆ လမ်း ၊ ၇၇×၇၈ ကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့

ရန်ကုန်တက္ကသိုလ် ဂုဏ်သိက္ခာ ပြန်လည်တည်ဆောက်ရေး သမ္မတအကြံပေးရဲ့ အိတ်ဖွင့်ပေးစာ

ရန်ကုန်တက္ကသိုလ်ရဲ့ အစဉ်အလာ ဂုဏ်သိက္ခာကို ပြန်လည် တည်ဆောက်ရေးအတွက် Myanmar Development Resource Institute- MDRI မြန်မာ့ဖွံ့ဖြိုးတိုးတက်ရေး
အရင်းအမြစ် အဖွဲ့အစည်း ခေါင်းဆောင်လည်းဖြစ် နိုင်ငံတော် သမ္မတရဲ့ စီးပွားရေး အကြံပေးလည်း ဖြစ်တဲ့ ဦးမြင့်ကပြည်သူသို့ အိတ်ဖွင့်ပေးစာတစောင် ဒီနေ့ ဖြန့်ချီလိုက်ပါတယ်။

ပညာရေးကဏ္ဍ လိုအပ်ချက် အတွက် ရန်ကုန် တက္ကသိုလ်ရဲ့ အစဉ်အလာ ဂုဏ်သိက္ခာကို ပြန်လည်တည်ဆောက်ရေး အတွက် စဉ်းစားကြဖို့ စာမှာ အဆိုပြုထားတာပါ။
ရန်ကုန်တက္ကသိုလ် ဆိုတာ ပြည်သူတရပ်လုံးက ပိုင်ဆိုင်တဲ့ အမျိုးအသား အမွေအနှစ်ဖြစ်တဲ့ အကြောင်း၊ တက္ကသိုလ် သမိုင်းဦးကာလမှာ အာရှတိုက်က အကောင်းဆုံး၊ အကြီးအကျယ်ဆုံး တက္ကသိုလ်တွေထဲက တခု ဖြစ်တဲ့အကြောင်း၊ အရင်က ရှိခဲ့တဲ့ ဂုဏ်ရောင်တွေနဲ့ အသွေးအရောင်စုံတွေ လွင့်ပြယ်ခဲ့ရတဲ့ အကြောင်းတွေကို ပေးစာမှာ ဖော်ပြထားပါတယ်။ရန်ကုန်တက္ကသိုလ် ပင်မ၀င်းထဲက စာသင်ခန်းတွေမှာ ဘွဲ့ကြို၊ဘွဲ့လွန်ပုံမှန်အတန်းတွေ ပြန်သင်ကြားဖို့၊၁၉၉၀ ပြည့်နှစ်ပိုင်းတွေကစပြီးကျောင်းသူကျောင်းသားတွေ ကင်းမဲ့သွားတဲ့ အဆောင်တွေမှာ အဆောင်သူ အဆောင်သားတွေ ပြန်ထားဖို့ ကိုလည်း ရေးထားပါတယ်။
ရန်ကုန်တက္ကသိုလ်မှာ စာပြန်သင်နိုင်အောင် အဲဒီလို အဆိုပြုထားတဲ့အပြင် တက္ကသိုလ်ရဲ့ သမိုင်း၊ လက်ရှိတက္ကသိုလ်ရဲ့ အခြေအနေတွေကိုပြောဆိုရေးသား တင်ပြပေးဖို့နဲ့ ရန်ကုန်တက္ကသိုလ်ကို အရင်က ဂုဏ်သိက္ခာမျိုး ပြန်ရရှိဖို့ လုပ်ငန်းစီမံကိန်း ရေးဆွဲ အကောင်အထည်ဖော်ရေး
အကြံပြုကြဖို့လည်းတင်ပြထားပါတယ်။ဒီလိုအရင်ကဂုဏ်သိက္ခာအတိုင်း ပြန်တည်ဆောက်ဖို့ ကျောင်းသားသမဂ္ဂ အဆောက်အဦ ပြန်တည်ဆောက်ရေးကိုလည်း ဦးမြင့်ရဲ့ ပေးစာမှာရေးသားထားပါတယ်။

ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ အထူးအစည်းအဝေး၏ ထုတ်ပြန်ကြေညာချက်


UNFC Statement_ May2012_ Bur

5/19/2012

လှိုင်သာယာက ဟိုင်မို ပြန်လည် ဆန္ဒထုတ်ဖော် တောင်းဆိုမှု ထပ်မံဖြစ်ပွားခဲ့

     High-Artဆံပင်တုစက်ရုံဘက်မှညှိနှိုင်းလစာအတိုင်းပေးမည်ဟုစာချုပ်ချုပ်ဆိုပြီးနောက်
 ဆောင်ရွက်ပေးခြင်းမရှိသောကြောင့်အလုပ်သမားများဆန္ဒထုတ်ဖော်တောင်းဆိုမှု ထပ်မံဖြစ်ပွား


လှိုင်သာယာစက်မှုဇုန်(၄)ရှိ High-Art (HiMo) ဆံပင်တုစက်ရုံဘက်မှ ညှိနှိုင်းလစာအတိုင်း ပေးမည်ဟုဆိုကာ စာချုပ်ချုပ်ဆိုခဲ့သော်လည်း ဆောင်ရွက်ပေးခြင်း မရှိသောကြောင့် အလုပ်သမားများ ဆန္ဒထုတ်ဖော် တောင်းဆိုမှု များ မေလ ၁၇ ရက်နေ့တွင် ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။အဆိုပါ ဆံပင်တုစက်ရုံမှ အလုပ်သမားများသည် မေလ ၉ ရက်နေ့နှင့် မေလ ၁၀ ရက်နေ့များတွင် လုပ်ခလစာနှင့် ပတ်သက်၍ ဆန္ဒပြတောင်းဆိုမှုများ ဖြစ်ပွားခဲ့ပြီး မေလ ၁၀ ရက်နေ့တွင် အလုပ်ရှင်နှင့် အလုပ်သမားများ ညှိနှိုင်းပြေလည်မှုရရှိခဲ့ကြောင်း၊ သို့သော် စက်ရုံဘက်မှ အ ဆိုပါ ညှိနှိုင်းထားသည့် အချက်များအတိုင်း ဆောင်ရွက်ပေးခြင်းမရှိသောကြောင့် မေလ ၁၅ ရက်နေ့တွင် ဒုတိယအကြိမ်အဖြစ် ဆန္ဒပြတောင်းဆိုမှု ထပ်မံဖြစ်ပွားခဲ့ကာ အလုပ်သမားဝန်ကြီးဌာနမှ ညှိနှိုင်းပေးသဖြင့်မေလ ၁၆ ရက်နေ့တွင် ပြေလည်မှုရရှိသွားကြောင်း သိရသည်။ ထိုသို့ ညှိနှိုင်းပြေလည်၍ စက်ရုံဘက်မှ အလုပ်သမားများကို လုပ်ခလစာ တိုးမြှင့်ပေးခြင်းအား တရားဝင်စာဖြစ် ထုတ်ပြန်ပေးရန် အလုပ်သမားများဘက်မှ တောင်းဆိုရာ

၇ဇူလိုင် နှစ်၅၀ပြည့်အထိမ်းအမှတ် အခမ်းအနားကျင်းပရန်အတွက် အကြိုစည်းရုံးမှုများစတင်ပြုလုပ်



ဆဲဗင်းဂျုလိုင် နှစ်ငါးဆယ်ပြည့် အရေးတော်ပုံ အခမ်းအနား ကျင်းပရေး အတွက် စည်းရုံးရေး အကြိုလှုပ်ရှားမှုများ စတင် ။ နှစ်ငါးဆယ်ပြည့် ဇူလိုင်(၇)ရက် အရေးတော်ပုံ အခမ်းအနား ကျင်းပရေးကော်မတီ မှ အကြိုကာလ စည်းရုံးရေး လှုပ်ရှားမှုများ စတင် သည့်အနေဖြင့် မန္တလေး ဈေးချိုတော် အတွင်း စတစ်ကာများ ကပ်ခြင်း ၊ လက်ကမ်းစာစောင်များ လိုက်လံဝေငှခြင်း များ ဆောင်ရွက်ခဲ့ပြီး ဈေးသူဈေးသား များမှ အားတက်သရော အားပေးခဲ့ကြသည်။ မန်းမြန်မာပလာဇာသို့ ဝင်ရောက် ရာတွင် မူ တာဝန်ကျ မန်းမြန်မာပလာဇာ ဝန်ထမ်းမှ ဓါတ်ပုံများ မရိုက်ရန်၊ ကြေငြာများ မကပ်ရန် ၊ကပ်လို့ပါက ရုံးခန်းသို့ လိုက်ပြောရန် လာပြောသည်။ ကျောင်းသားများက ဓါတ်ပံမရိုက်ရန် သဘောတူသောလည်း အခြားစီးပွားရေးကြော်ငြာများကပ်သည့် နေရာများတွင် ကပ်ခဲ့ကြသည်။ အချို့နေရာများ ပြန်လည်ခွာပစ်ခဲ့ကြသည့်အတွက် မှတ်တမ်းဓါတ်ပုံများ ပြန်လည်ရိုက်ခဲ့သည်။ စီပွားရေးကြော်ငြာများ ကပ်ခွင့် ပြုထားပြီး အရေးတော်ပုံ စတစ်ကာအား ကပ်ခွင့်မပြုခဲ့သော ထိုလုပ်ရပ်ကို ကျောင်းသားများ မကျေနပ်သော်လည်း ငြိမ်းချမ်းစွာ ဖြင့် ပြီးဆုံးအောင် ဆောင်ရွက်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေး ဆပ်ကော်မတီ။ ဗကသများအဖွဲ့ချုပ်(အထက်ဗမာပြည်)

5/18/2012

ကရင် သတင်းစာ April 2012


Karen Newsletter _April-2012_

5/16/2012

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီ

ဖိုင်ဒေါင်းလုပ်ရယူရန်
</iframe>http://www.scribd.com/doc/93614003/Peace-Fomulating-Commetee-Tables-15-5
Peace Fomulating Commetee Tables (15.5

မြောက်ကိုရီယားနဲ့ ယခုအခါ လက်နက်အတွက် ဆက်ဆံခြင်းမရှိကြောင်း....



မြောက်ကိုရီးယားမှ လက်နက်များဝယ်ယူခြင်းမရှိတော့ဟု မြန်မာသမ္မတ ဦးသိန်းစိန်က တောင်ကိုရီးယား သမ္မတ လီမြောင်ဘက် ကို ကတိပေး ပြောကြားလိုက်သည်။
တောင်ကိုရီးယားသမ္မတလီမြောင်ဘက်ကိုသမ္မတဦးသိန်းစိန်က နေပြည်တော်တွင်လက်ခံကြိုဆိုစဉ်

တောင်ကိုရီးယားသမ္မတရုံးထုတ်ပြန်ကြေညာချက်အရ မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနှင့် နျူကလီးယား စီမံကိန်း ပူးပေါင်း ဆောင်ရွက်ခြင်း မည်သည့်အခါမှ မရှိကြောင်း၊ သို့ရာတွင် သမားရိုးကျ စစ်လက်နက်များ အရောင်းအဝယ်ရှိခဲ့ကြောင်း၊ ယခုအခါ ကုလသမဂ္ဂ၏ သဘောတူညီချက်ကို လိုက်နာသောအားဖြင့် လက်နက်ဝယ်ယူမှုမပြုတော့ကြောင်း သမ္မတ ဦးသိန်းစိန်က တောင် ကိုရီးယား သမ္မကို ကတိကဝတ်ပြုလိုက်သည်ဟု သိရှိရသည်။
မစ္စတာ လီမြောင်ဘက်၏ ယခုခရီးစဉ်သည် နှစ်ပေါင်း ၃၀ အတွင်း မြန်မာနိုင်ငံသို့ လာရောက်သည့် တောင်ကိုရီးယား သမ္မတ၏ ပထမဆုံး ခရီးစဉ်ဖြစ်သည်။ မြန်မာနိုင်ငံသို့ နောက်ဆုံး လာရောက်လည်ပတ်ခဲ့သော တောင်ကိုရီးယား သမ္မတမှာ မစ္စတာ ချန်ဒူးဝမ် ဖြစ်သည်။
၁၉၈၃ ခုနှစ်က တောင်ကိုရီးယား သမ္မတ မစ္စတာ ချန်ဒူးဝမ်၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျဆုံးသွားသော အာဇာနည် ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်တွင် မြောက်ကိုရီးယား သူလျှို ၃ ဦးက ဗုံးခွဲ တိုက်ခိုက် လုပ်ကြံခဲ့ကြသဖြင့် တောင် ကိုရီယား ဒု ၀န်ကြီးချုပ်၊ နိုင်ငံခြားရေး ၀န်ကြီး အပါအ၀င် အစိုးရ ၀န်ကြီးများ၊ အကြံပေးများ၊ လုံခြုံရေးများ၊ မြန်မာ အရာရှိများ စုစု ပေါင်း ၂၁ ဦး သေဆုံးခဲ့ပြီး ၄၆ ဦး အပြင်းအထန် ဒဏ်ရာ ရခဲ့ကြသည်။
သို့သော် တောင်ကိုရီးယား သမ္မတမှာ နောက်ကျလာခဲ့၍ အသက်ဘေးက ကင်းလွတ်ခဲ့သည်။
ထိုကိစ္စဖြစ်ပွားပြီးနောက် မြောက်ကိုရီးယားနိုင်ငံ သံရုံးကို နှင်ထုတ်ခဲ့ပြီး နှစ်ပေါင်း ၂၅ နှစ်ကျော်ကြာ မြန်မာ-မြောက်ကိုရီးယား၂ နိုင်ငံ ဆက်ဆံရေးကို ပြတ်တောက်ခဲ့သည်။
မြန်မာအစိုးရသည် အဏုမြူနှင့် ဒုံးပျံနည်းပညာ၊ စစ်လက်နက်ပစ္စည်းများနှင့်ပတ်သက်ပြီး လွန်ခဲ့သောနှစ်များအတွင်းက မြောက် ကိုရီးယားနှင့် တိတ်တဆိတ် စစ်ရေးအရ ပြန်လည်ဆက်သွယ်မှုများ လုပ်ခဲ့ကြောင်း အမေရိကန်နှင့် ဒေသတွင်း အစိုးရများက စိုးရိမ်မကင်းဖြစ်လာခဲ့သည်။
ယနေ့ ရန်ကုန်မြို့တွင် တောင်ကိုရီးယား သမ္မတ၏ ခရီးစဉ်အတွက် လုံခြုံရေးတင်းကျပ်စွာ ချထားသည်။
တောင်ကိုရီးယား သမ္မတသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၄၅ မိနစ်ကြာ တွေ့ဆုံခဲ့ပြီး မြန်မာနှင့် တောင်ကိုရီးယားတို့သည် အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ရောက်အောင် ခက်ခဲစွာ ဖြတ်သန်းရမှုမှာ တူညီကြောင်း ပြော ဆိုခဲ့သည်။
ထို့အပြင် ၁၉၈၃ ခုနှစ်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သော အာဇာနည်ကုန်းသို့လည်း ခေတ္တအလည်သွား၍ အာဇာနည်ခေါင်းဆောင်ကြီး များကို အလေးပြုခဲ့သေးသည်။
တောင်ကိုရီးယား သမ္မတရုံး၏ ကြေညာချက်အရ မြန်မာနိုင်ငံသို့ ငွေကြေးထောက်ပံ့မှုများနှင့် ချေးငွေများ တိုးမြှင့်ပေးရန် မစ္စတာ လီမြောင်ဘက်က သဘောတူညီခဲ့ကြောင်းလည်း သိရသည်။ ထို့အပြင် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးနှင့် မြန်မာကျောင်းသား များကို တောင်ကိုရီးယားသို့ ပညာတော်သင်ပေးမည့် အစီစဉ်များကိုလည်း သဘောတူခဲ့ကြောင်း သိရသည်။

တရုတ်ကွန်မြူနစ်ပါတီနှင့် တွေ့ဆုံခဲ့သော ဦးသိန်းစိန်

 သမ္မတ ဦးသိန်းစိန် မေ ၁၄၊ ၂၀၁၂ က လက်ခံ တွေ့ဆုံခဲ့တဲ့ တရုတ် ကွန်မြူနစ်ပါတီက ပေါ်လစ်ဗျူရိုအဖွဲ့ဝင် မစ္စတာ ၀မ် ဂမ်းက ဘယ်လိုလူလဲ၊ နှစ်နိုင်ငံကြား အရေးကြီးတဲ့ ပြောဆိုစရာ ဘာအချက်တွေ ရှိနေလဲ၊ တရုတ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘာကြောင့် မတွေ့သလဲ။ (bbcchinese.com အယ်ဒီတာ မစ္စ ယုဝမ်ရဲ့ သုံးသပ် ပြောဆိုချက်ကို နားဆင်နိုင်ပါတယ်)။ FD76FB50 President TS meets China s Wang Gang by sweetkocho
FD76FB50 President TS meets China s Wang Gang

ဒေါ်စုနဲ့ လီမြောင်ဘတ်တွေ့ဆုံ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်နဲ့ မေလ ၁၅ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့မှာရှိတဲ့ ဆီဒိုနားဟိုတယ်မှာ တွေ့ဆုံပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ခုကို ပြုလုပ်ခဲ့တယ်။
မြောက်ကိုရီးယားနဲ့ ဆက်ဆံမှုတွေဟာ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်နေတယ်ဆိုတာကို မြန်မာအစိုးရအနေနဲ့ နားလည်မယ်လို့ မျှော်လင့်ကြောင်းနဲ့ မြန်မာအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ ပြင်ဆင်နေပြီး မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေအတွက် နှစ်ဆတိုး ထောက်ခံသွားမှာဖြစ်တယ်လို့ တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်က ပြောကြားခဲ့ပါတယ်။


မြန်မာနိုင်ငံအနေနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို လိုချင်သလို ငြိမ်းချမ်းမှုနဲ့ တရားမျှတမှုတို့ကိုပါ လိုအပ်ကြောင်း ပြည်သတွေရဲ့ လုပ်ပိုင်ခွင့်ရရှိမှုဟာ် စစ်မှန်တဲ့ဒီမိုကရေစီအတွက် အရေးကြီးကြောင်း၊ ပြည်သူတွေအနေနဲ့ အနာဂတ်ဟာ ပြည်သူတွေရဲ့ လက်ထဲမှာသာရှိနေတယ်ဆိုတာကိုနားလည်ဖို့ အခုချိန်မှာ အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

ဓါတ်ပုံတဲ့...သဘောကျစရာတွေပဲ

                        အခုအပြောင်းအလဲ အခြေအနေတွေ နဲ့ ဆက်စပ်နေသော ..စာစုလေးပါ..


ထောင်ထမင်း၊ထောင်ဟင်း လွမ်းမည့် သူများအတွက်တဲ့..( အစိုးရရဲ့ ပင်တိုင်ဟင်းလျာ တာလပေါ နဲံတဲ့)

Facebook နှစ်ခြိုက်ရင် ကူးယူဖော်ပြပါသည်။


5/15/2012

သမ္မတကြီး ကိုယ်တိုင် သိသင့်သော သတင်းများ....


ကော့ကရိတ် မြို့နယ်မှ ဖားအံဘက်အထွက် ဂျိုင်းမြစ်ကူးတံတား ဂိတ်တွင် ဂိတ်ကြေး (ခ) ဆက်ကြေး မပေးသည့်အတွက် ယာဉ်မောင်းကို အခုလို ကိုယ်ထိလက်ရောက် ရိုက်နှက်ပြီး ယူနီဖောင်း အပြည့်အစုံ မ၀တ်တဲ့ ရဲဝန်ထမ်းတွေက လက်ထိပ်ခတ်ပြီး ဖမ်းဆီးသွား ပါတယ်တဲ့။ ထိုပါဝင်သော ရဲဝန်ထမ်းအရေအတွက်မှာ ငါးဦးဟု သိရှိရသည်။

၂၀၁၂ မေလ ၁၁ ရက်နေ့ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး များကို ပိုမို ထိရောက်စွာ ပြုပြင်ပြောင်းလဲ ကြိုးပမ်း ဆောင်ရွက်ရေး ဆိုင်ရာ ညှိနှိုင်း အစည်းအဝေးမှာ သမ္မတကြီး ပြောခဲ့သလို "အဆင်းရဲဆုံး LCD နိုင်ငံဘ၀ကနေ ရုန်းထွက်နိုင်ဖို့ အတွက် တခုတည်းသော နည်းလမ်းဟာ ဥပဒေနဲ့ အညီ အလုပ်လုပ်ကြဖို့ ဖြစ်ပါတယ်။ ယခု ကောင်းမွန်တဲ့ မူတွေချပေးပြီး ဖြစ်ပါတယ်။ မူတွေ ကောင်းသော်လည်း လူတွေ မကောင်းရင် မအောင်မြင်နိုင်ပါဘူး" ဆိုတာ အမှန်ပါ။ ဒီလို လူတွေရှိနေသမျှ မူကောင်း သော်လည်း မအောင်မြင်ပါ။

ဒီတော့ အရာရာကို ပြုပြင်ပြောင်းလဲပြီး ရှေ့ကိုဆက်ပါမယ် ဆိုရင် ဒီလို အပြုအမူ စရိုက်လက္ခာတွေ ရှိနေတဲ့ နိုင်ငံဝန်းထမ်းကို ထိရောက်စွာ အရေးယူနိုင် ရပါမယ်။ အကျင့်ပျက် ၀န်ထမ်းတွေကြောင့် နိုင်ငံ့ ၀န်ထမ်းတိုင်း နာမည်ပျက် ဂုဏ်သိက္ခာ ကျဆင်းနေပါပြီ။

ခင်ကလျာစိုး မေ ၁၃ ၂၀၁၂

(ဓါတ်ပုံ- လူမင်းသောင်းထွန်း/ Thu Ra Myo)


https://www.facebook.com/photo.php?fbid=10150821975409611&set=a.10150102052294611.277419.535524610&type=1&theater facebook.com စာမျက်နှာမှ ကူးယူ ဖော်ပြသည်။

5/14/2012

ဦးမြင့်ဆွေရဲ့ ရှေ့တစ်လှမ်းတိုး ပြဇာတ်ခုံ....

ဒု သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး ရာထူးမှ နုတ်ထွက်စာ တင်ခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်ပြီး ရာထူးနေရာကို အစားထိုးခန့်အပ်ဖို့ ထိပ်ဆုံးက ထင်ကြေးပေးခံရသူများစာရင်းမှာ  လက်ရှိ ဒု ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ ကြည်းရေလေ ညှိုနှိုင်းရေးမှူးဗိုလ်ချုပ်ကြီးလှဌေးဝင်းတို့အပြင် အခုနောက်ဆုံး ရှေ့တန်းကို ထွက်လာသူက ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေပါ။
ဧပြီ ၂၈ ရက် ဥရောပသမဂ္ဂရုံးသစ်ဖွင့်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်၊ ကက်သရင်း အက်ရှတန်တို့နှင့် အတူတွေ့ရတဲ့ ဦးမြင့်ဆွေ (ဓာတ်ပုံ - ဧရာဝတီ)
နေပြည်တော်အစိုးရ သတင်းရပ်ကွက်အဆိုအရ ဗိုလ်ချုပ်ဟောင်း ဦးမြင့်ဆွေဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်သား ကိုယ်စားလှယ်တွေက ရွေးချယ်တင်မြှောက်ပြီး ကာကွယ်ရေး ဦးစီးချုပ်ရဲ့ သဘောတူညီမှု ရရှိသူ ဖြစ်ဖို့ အလားအလာကောင်းနေတယ်လို့ သိရပါတယ်။
“သူ့နောက်ကြောင်းက သန့်ရှင်းတယ်။ လူတွေနဲ့ ပြေလည်အောင် ဆက်ဆံတတ်တယ်။ တရင်းတနှီးလည်း ပေါင်းသင်းတတ်တော့ သူ ဖြစ်ဖို့များတယ်” လို့ အမည်မဖော်လိုတဲ့ တပ်မတော်အရာရှိကြီးတဦးက ဧရာဝတီကို ပြောပါတယ်။
ဦးမြင့်ဆွေနဲ့ ရင်းနှီးတဲ့ စီးပွားရေးသမားတဦးကလည်း ဦးမြင့်ဆွေဟာ သမ္မတ ဦးသိန်းစိန်လို လာဘ်စားမှုအနည်းဆုံး စစ်အရာရှိကြီးတွေထဲက တယောက်လို့ ဆိုပါတယ်။ နိုင်ငံရေးနဲ့လည်း မျက်ခြေမပြတ်ဘူးလို့လည်း ပြောပါတယ်။ “ဒါပေမယ့် သူက လူလုံးမပြဘူး။ ခပ်လျှိုလျှို ချည်းကပ်တတ်တာ သူ့သဘာဝပဲ” လို့ ဧရာဝတီကို ပြောပြပါတယ်။
ဦးမြင့်ဆွေကို မကြာသေးမီက ဒေါ်အောင်ဆန်းစုကြည်၊ ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒရေးရာမှူး ကက်သရင်းအက်ရှတန်တို့နဲ့အတူ ရန်ကုန်မှာ ဥရောပသမဂ္ဂရုံးသစ်ဖွင့်ပွဲမှာ ဖဲကြိုးဖြတ်ပေးတာ အများက မြင်တွေ့ခဲ့ရပါတယ်။
ဦးမြင့်ဆွေဟာ မွန်လူမျိုး ဖြစ်ပါတယ်။ ၁၉၇၁ ခုနှစ်မှာ မေမြို့စစ်တက္ကသိုလ် အပတ်စဉ် ၁၅ က ဆင်းလာခဲ့ပြီး ရာထူးအဆင့်ဆင့်တိုးလာကာ ၁၉၈၈ နောက်ပိုင်း ရန်ကုန်လုံခြုံရေးအတွက်ဖွဲ့တဲ့ တပ်မ ၁၁ ကို ကိုင်ရတယ်။
ဦးသိန်းစိန်ကို တြိဂံတိုင်းမှူး ခန့်လို့ စစ်ရုံးချုပ်မှာ လစ်လပ်သွားတဲ့ရာထူး (General Staff Officer) စစ်ဦးစီးအရာရှိ ဗိုလ်မှူးချုပ်ကို ဦးမြင့်ဆွေကို ခန့်ခဲ့တယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ တိုက်ရိုက်ကွပ်ကဲမှုအောက်မှာ အလုပ်လုပ်ရတာပါ။
နောက်ပိုင်းရာထူးအဆင့်ဆင့် တက်လာပြီး အရှေ့တောင်တိုင်းမှူး၊ အယုံကြည်ရဆုံးနဲ့ အထက်မြက်ဆုံး အရာရှိတွေကိုသာ ခန့်လေ့ရှိတဲ့ ရန်ကုန်တိုင်းမှူးထိ ရောက်လာခဲ့တယ်။  (Bureau of Special Operations 5 ) အမှတ် ၅ အထူးစစ်ဆင်ရေးမှူး ဖြစ်လာတော့လည်း ရန်ကုန်လုံခြုံရေးကို ကြီးကြပ်ရတာပါပဲ။
ဦးမြင့်ဆွေရဲ့ ရန်ကုန်လုံခြုံရေးတာဝန်တွေထဲမှာ ပြောစမှတ်ပြုစရာတွေ အတော်များပါတယ်။ ၂၀၀၂ မှာ ဦးနေဝင်းနဲ့ မိသားစုတွေကို ဖမ်းတာ၊ ၂၀၀၄ မှာ ဦးခင်ညွန့်နဲ့ ထောက်လှမ်းရေးတွေကို ဖမ်းတာတို့က ထင်ရှားပါတယ်။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာလည်း အထက်အမိန့်အရ ရန်ကုန်ကို ကိုင်ရပြန်ပါတယ်။ ရုပ်မြင်သံကြားမှာ အများမြင်ရတဲ့ သူ့ တာဝန်က သံဃာတွေကို ဆန်၊ဆီ၊ဆေးဝါးနဲ့  ဝတ္ထုကပ်လှူရတာ ဖြစ်သွားပါတယ်။
၂၀၀၈ နာဂစ် ကူညီထောက်ပံ့ရေးမှာလည်း ဦးမြင့်ဆွေပါပါတယ်။ မုန်တိုင်းသင့်ဒုက္ခသည်တွေအတွက် ထိုင်းနိုင်ငံက လှူလိုက်တဲ့ ပုံးတွေပေါ်မှာ ဦးမြင့်ဆွေလှူဒါန်းသည်ဆိုပြီး တံဆိပ်ကပ်ထားကြောင်း မြန်မာ့အရေးလှုပ်ရှားတက်ကြွသူတွေဖွဲ့ထားတဲ့ ALTSEAN အဖွဲ့က ရှာရှာဖွေဖွေ တွေ့ခဲ့ရတဲ့အထိပါ။
နောက်ဆုံး စစ်တပ်က မထွက်ရခင် ၂၀၀၉ မှာ ဦးသန်းရွှေက သူ့ကို ကာကွယ်ရေးဦးစီးချုပ် ခန့်နိုင်တယ်ဆိုပြီး သုံးသပ်ပြောဆိုသံတွေ ထွက်လာခဲ့ဖူးပါတယ်။
အခုတခေါက် ဒု-သမ္မတ ရာထူး ဦးမြင့်ဆွေကို တပ်မတော်ကိုယ်စားလှယ်အဖြစ် ရွေးနိုင်စရာ အကြောင်းတွေက အထက်မှာတင်ပြခဲ့သလို အားကောင်းနေသလို မေမြို့စစ်တက္ကသိုလ် အပတ်စဉ် ၁၉ ဆင်း လက်ရှိ ကာကွယ်ရေးဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သဘောတူရင်ဖြင့် ဦးမြင့်ဆွေ ရန်ကုန်ကိုစွန့်ပြီး နေပြည်တော်မှာ ရုံးထိုင်ရတော့မှာ ဖြစ်ပါတယ်။

ဧရာဝတီ သတင်းမှ ကူးယူဖော်ပြပါသည်။

STOP လာဘ်စားခြင်းတဲ့.....


 
ဒီနေ့ မနက် မဟာမြိုင်မှတ်တိုင်နားမှာ သင်တန်းသွားတက်ရင်း KMD နဲ့ မဟာမြိုင်မှတ်တိုင်ကြား လမ်းလယ်ခေါင် အုတ်ခုံမှာရေးထားတဲ့ စာတန်းလေးကိုတွေ့လို့ဓါတ်ပုံ ရိုက်လာတာပါ........ ဒီလုပ်ရပ်က နိုင်ငံကြီးသား မပီသပေမယ့် ရေးရဲတဲ့သတ္တိရယ် စားသားလေးကိုတော့ သဘောကျတယ်....... လက်ရှိမြန်မာပြည်မှာ ဖြစ်ပွားမှုအများဆုံး ပြသနာကို ပြည်သူတွေ ကိုယ်စား ရပ်တန့်ခိုင်းလိုက်တာပါ...... အမြန်ဆုံး ပြည်သူတွေအတွက် အကျိုးမရှိတဲ့အလုပ်တွေပြင်မှ ဒီလိုလုပ်ရပ်တွေမလုပ်တော့မှာပါ....... ပြည်သူတွေအတွက် အကျိုးမရှိတဲ့လုပ်ရပ်တွေ ချက်ချင်းရပ်တန့်ပေးပါ...........
   ကျနော်သာဆိုရင်တော့ stop လာဘ်စားခြင်းအစား stop ခိုးယူခြင်းလိုသာရေးပစ်လိုက်ချင်ပါတယ်....

ဒေါင်းမျိုးဆက်

 
 

မြန်မာနိုင်ငံ၏ ပထမဆုံးသော သတင်းပြန်ကြားရေးဝက်ဆိုက်ဒ်.

http://www.president-office.gov.mm/ ဆိုတဲ့ဝက်ဆိုက်ဒ်လင့်လေးကတော့ တစ်ကြိမ်တစ်ခါမှ မဖွင့်လှစ်ခဲ့ဘူးသော မြန်မာနိုင်ငံတော်အစိုးရ ရဲ့ သတင်းပြန်ကြားရေး ဌာနတစ်ခု ဖြစ်ပါတယ်။ လွှတ်တော် သတင်း၊နိုင်ငံတော်ရဲ့ စီးပွားရေး အရေးကိစ္စနဲ့ ပတ်သတ်သော သတင်းမှန်သမျှကို လဲ ထိုသတင်းဝက်ဆိုက်ဒ်မှာ ကြည့်ရူနိုင်ပြီးဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
   ထိုသတင်းဌာနကိုကြည့်ရူနိုင်သည့် Unicode font မှာMyanmar 3 Unicode Fontဖြစ်ပြီး..ထို Unicode font ကို ဒေါင့်လော့စ်လုပ်ရန်အတွက် လဲ ဒီနေရာတွင်ကလစ်၍ Click here! ဒေါင်းလော့ လုပ်နိုင်ပါတယ်..
 အားလုံးအဆင်ပြေပါစေ...
          ဒေါင်းမျိုးဆက်

5/04/2012

အဓိပတိ ယာဉ်လိုင်းမှ တာဝန်ရှိသူ များ၏ ရမ်းကားမှုများ

သို့

နိုင်ငံတော်သမ္မတနှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူများ သိစေရန်

အကြောင်းအရာ။ ။ ဗန္ဓုလခရီးသည် သယ်ယူပို့ဆောင်ရေး ယာဉ်လိုင်းဖြစ်သော
အဓိပတိ(အဖြူရောင်) ယာဉ်လိုင်းမှ လူအုပ်စုဖွဲ့၍ မင်းမဲ့စရိုက် ဆန်ဆန်
လူနေရပ်ကွက် အတွင်းဝင်ရောက်၍ ဆဲဆိုခြင်း၊ ရိုက်နှက်ခြင်း တို့ကို တင်ပြ
အသိပေး တိုင်ကြားခြင်းကိစ္စ..

အထက်ပါ အကြောင်းရာ ကိစ္စနှင့်ပတ်သက်၍ (၄.၄.၂၀၁၂)ရက်နေ့ မွန်းလွဲ
(၁း၀၀)နာရီ အချိန်ခန့်တွင် ဗန္ဓုလ ခရီးသည်တင် ယာဉ်လိုင်းမှ
အဓိပတိ(အဖြူရောင်)ယာဉ်အမှတ် (၂ဂ/ ၅၃၅၄) ကားသည် သင်္ဃန်းကျွန်းမြို့နယ်၊
လေးဒေါင့်ကန်လမ်းမကြီး၊ ဘ၀မြင့် ကားမှတ်တိုင်အနီး လမ်းမကြီးပေါ်တွင်
ကားပျက်၍ ရပ်ထားခဲ့ပါသည်။ ကားပျက်သော်လည်း (၁)လမ်းဘေးသို့
ချ၍ရပ်မထားခြင်း (၂) ညဘက် လျှပ်စစ်မီး ပျက်နေသော်လည်း ကားမှာ
မီးမထွန်းထားခြင်းတို့ကို တွေ့ရှိရပါသည်။

၎င်းနေ့ည(၁၁း၀၀)ခန့်တွင် လေးထောင့်ကန် လမ်းမကြီးအတိုင်း အနောက်မှအရှေ့သို့
မောင်းနှင်လာ သောဂျစ်ကား အမှတ်(၃ဂ/၆၅၈၁) ကားမှာ ပျက်နေသော အ့ဓိပတိကားကြီး
နောက်မှ ၀င်ရောက် တိုက်မိခဲ့ပါသည်။ အရှိန်ပြင်းသောကြောင့်
ကားကြီးပေ(၅၀)ခန့်အကွာအဝေးသို့ေ
ရာက်ရှိပြီး ပလက်ဖောင်းပေါ်တွင်
စိုက်ထူထားသော အလင်းရောင် ဓါတ်ပုံ၊ စတူဒီယို ဆိုင်းဘုတ်ကိုပါကားကြီးမှ
ဝင်ရောက် တိုက်မိ၍ လဲပြိုခဲ့ပါသည်။ ဂျစ်ကား မောင်းလာသူမှာ ကားထဲတွင်
ညက်နေ၍ အနီးပတ်ဝန်းကျင် ရပ်ကွက်သူ ရပ်ကွက်သားတို့မှ ခက်ခဲစွာ ဆွဲထုတ်ယူ၍
နီးစပ်ရာစံပြဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။

ည(၁၁း၃၀) နာရီတွင် လျှပ်စစ်မီးပြန်လာ၍ ၎င်းယာဉ်တိုက်မှုဖြစ်စဉ်ကို
ရပ်ကွက်သူရပ်ကွက်သားတို့က ၀ိုင်းအုံကြည့်ရှုနေစဉ် အဓိပတိယာဉ်လိုင်းမှ
တာဝန်ရှိသူ အသက်(၃၅)နှစ် ၀န်းကျင်ခန့် ရောက်ရှိလာပြီး မှတ်တမ်းတင်
ဓာတ်ပုံခြင်း၊ လက်ကိုင်ဖုန်း စကားပြောခြင်းတို့ ပြုလုပ်နေပြီး ရုတ်တရက်
လူပရိသတ် ဘက်လှည့်၍ “ မင်းတို့က ဘာကောင်တွေလဲ၊ မင်းတို့အလုပ်ဘာရှိသလဲ၊
မဆိုင်တဲ့ကောင်ပြန် “ ဟုမောက်မာစွာ ပြောဆိုခဲ့ပါသည်။ ကျွန်တော်တို့က “
ကျုပ်တို့ဟာ ရပ်ကွက်သားတွေ ဖြစ်ကြောင်း၊ ယာဉ်တိုက်မှုမှာ ကူညီကြသူများ
ဖြစ်သည့်အတွက် မပြန်နိုင်ကြောင်း၊ မိမိအိမ်ရှေ့မှာ မိမိဘာသာ လွတ်လပ်စွာ
နေထိုင်နိုင်ခွင့် ရှိကြောင်း၊ ပြန်ပြောသည့်အခါ ထိုသူက “ ကျုပ်ဟာ
နိုင်ငံတော် ပြန်တမ်းဝင် အရာရှိ တစ်ယောက်ဖြစ်တယ် “ ၊ “ အဲဒါဆိုရင်
ခင်ဗျားကပိုလို့ နားလည်ရမှာ ဖြစ်ကြောင်း” ကျွန်တော်က ပြောပြခဲ့ပါတယ်။
ထိုသူက “ ထိုသူက သူမှားသွားကြောင်း ပြန်ပါအုံးမည်” ဟုပြောပြီး
ပေကြိုးတိုင်း၍ တာဝန် ထမ်းဆောင်နေသော ယာဉ်မှုစစ်အား “ဟေ့ကောင် မင်းလည်း
လုပ်စရာမလိုဘူးပြန် “ ဟုပြောပြီး ၎င်းစီးလာသော တက္ကစီအနီရောင်ဖြင့် ပြန်လည်
ထွက်ခွာသွားခဲ့ပါသည်။ ကျွန်တို့လည်း လူစုခွဲ၍ အိမ်သို့ပြန်ရောက်ပြီးမိနစ်
(၂၀) ခန့်အကြာ(၁၂း၃၀) နာရီခန့်တွင်လမ်းမတန်းမှ လူအုပ်စုအသံကြီးနှင့်
“ငါတို့ ဗန္ဓုလယာဉ်လိုင်းကို စော်ကားတဲ့ကောင်တွေ အကုန်ရိုက်”
အော်ဟစ်ဆဲဆိုပြီး ရပ်ကွက်အတွင်းသို့ ၀င်ရောက်ခဲ့ကြပါသည်။

ကျွုန်ပ်လည်း အသံကြား၍ ထွက်ကြည့်လိုက်ရာ နဖူးတွင်စွပ်ကျယ် အင်္ကျီကိုစည်း
ကိုယ်လုံးတွင် အင်္ကျီဗလာယူနီ ဖောင်းနက်ပြာ ဘောင်းဘီကို ဒူးအထိလိပ်
လက်ထဲတွင်လုံးပတ် တစ်လက်မ အရှည်တစ်ပေခွဲခန့် သံပိုက်လုံး ကိုယ်စီ
ကိုင်ဆောင်ပြီး မြင်မြင်သမျှ လိုက်လံရိုက်နှက် နေကြသဖြင့် ကျွန်ုပ်တို့
ရပ်ကွက်သားတို့မှာ မိမိတို့ အိမ်ထဲ ပြေးဝင်ရောက် ရှောင်ပုန်းခဲ့ကြပါသည်။
ရပ်ကွက်အတွင်းမှ မော်ခန်းဟု ခေါ်သော အသက်(၂၇)နှစ်အရွယ် လူငယ်၏ ညာပခုံးကို
တစ်ချက်ရိုက်မိခဲ့ပါသည်။ ရပ်ကွက်အတွင်းတွင် မင်းမဲ့ စရိုက်ဆန်ဆန်
ပြုမူကျင့်ကြံပြီး (၁၅) မိနစ်ခန့်အကြာတွင် ၎င်းတို့စီးလာသော
အဓိပတိ(အဖြူရောင်) ကားနှစ်စီးနှင့် လူအင်အား(၇၀)ခန့်မှာ ပြန်လည်ထွက်ခွာ
သွားခဲ့ပါသည်။ ၎င်းယာဉ်နှစ်စီး၏ နံပါတ်များမှာ (၃ဂ/၃၁၆၇) ၊ (၃ဂ/၃၈၈၁)
တို့ဖြစ်ကြပါသည်။

လူကြီးမင်းခင်ဗျား ယခုကျွန်တော် အစီရင်ခံအပ်သော ကိစ္စရပ်များမှာ တရားဥပဒေ
စိုးမိုးမှုအတွက်၎င်း၊ ရပ်ရွာအေးချမ်း သာယာရေးအတွက်၎င်း၊ များစွာသော
စိုးရိမ်ကြောင့်ကျ ဖြစ်ရပါသောကြောင့် လူကြီးမင်းမှ တစ်ဆင့်နိုင်ငံတော်
သမ္မတထံသို့ သိရှိနိုင်ပါရန် လေးစားစွာ တင်ပြတောင်းခံ အပ်ပါသည်ခင်ဗျား။

                                                                                           အကူအညီ တင်ပြတောင်းခံသူ
 
ဦးစိန်သန်း
၁၂/သဃက(နိုင်)၀၄၈၉၄၆
အမှတ်(၂၅၈/B) ပြည်တော်အေးလမ်း၊
လေးဒေါင့်ကန်ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
http://feeds.feedburner.com/thithtoolwin/yIWV

5/02/2012

ဒီလိုအခြေအနေရောက်နေပြီ...ဘာတွေဆက်လုပ်အုံးမလဲ

ဒေါ်အောင်ဆန်းစုကြည် ၏လက်မှတ်ပါရှိသော ပြည်ထောင်စုလွှတ်တော်၏ ကတိပြုချက် မှတ်တမ်းလွှာ....

5/01/2012

လယ်သိမ်းမြေသိမ်း ဖမ်းဆီးထောင်ချ...


မြန်မာ့စိုက်ပျိုးရေးဘဏ်ကနေပြီး ၂၀၁၁ - ၂၀၁၂ အတွက် တောင်သူ လယ်သမားတွေကို ထုတ်ချေးထားတဲ့ ချေးငွေကို ၂ ရက် အတွင်း
ပြန်မဆပ်နိုင်ရင် လယ်ယာမြေသိမ်းယူတာ ၊ လယ်ပိုင်ရှင်တွေကို ဖမ်းဆီးထောင်ချတာ လုပ်မယ်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက
ပြောဆိုတာကြောင့် ရန်ကုန်တိုင်း သုံးခွမြို့နယ်က ချေးငွေမဆပ်နိုင်ကြတဲ့
ဒေသခံတောင်သူတွေဟာ ထောင်ချခံရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေကြရတယ်လို့ သိရပါတယ်။

စပါးနဲ့ပဲ တွေပျက်စီးခဲ့လို့ တောင်သူတွေ ငွေပြန်မပေါ်ပဲ ဆုံးရှုံးခဲ့သလို စိုက်ဘဏ်က ချေးငွေတွေပါ ပြန်ဆပ်ဖို့ အခက်အခဲ ဖြစ်နေချိန်မှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေက မနက်ဖြန် ဧပြီ ၂၇ ရက်နေ့ နောက်ဆုံးထား မပေးရင် လယ်မြေတွေ သိမ်းဆည်းပြီး လယ်ပိုင်ရှင်တွေကိုပါ ထောင်ချမယ်
ဆိုပြီး အသိပေးလာတာဖြစ်တယ်လို့ သဲကုန်းတူးမြောင်းကျေးရွာမှာ
နေထိုင်တဲ့ လယ်သမားတစ်ဦးက ပြောပါတယ်။

LinkWithin

Related Posts Plugin for WordPress, Blogger...

GMAIL မှလဲ ဆက်သွယ်နိုင်ပါပြီ..

အင်္ဂလိမ်ဘာသာနှင့် ဖတ်ရူချင်သူများအတွက် သတင်းများ


Get Your News Widget
Share

ဧည့်သည်တော်နိုင်ငံများ

လူ အခွင့်အရေး အပိုဒ် (၃၀)

အပိုဒ်(၁)။ လူတိုင်းသည် မွေးဖွားလာကတည်းက တန်းတူညီမှုရှိသည်။ အပိုဒ်(၂)။ မည်သူကိုမျှ ခွဲခြားဖိနှိပ်ခြင်းမရှိစေရ။ အပိုဒ်(၃)။ လူတိုင်းအသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့်လုံခြုံခွင့်ရှိသည်။ အပိုဒ်(၄)။ မည်သူကိုမှ ကျွန်အဖြစ်စေခိုင်း ရောင်းဝယ်ခြင်းမပြုရ။ အပိုဒ်(၅)။ မည်သူကိုမှ မတရားနှိပ်စက်ခြင်း၊ လူမဆန်စွာ၊ ရက်စက်စွာဆက်ဆံခြင်း၊ အပြစ်ပေးခြင်းမပြုရ။ အပိုဒ်(၆)။ တရားဥပဒေရှေ့မှောက်တွင် လူတိုင်းအား လူသားအဖြစ် အသိအမှတ်ပြုခံပိုင်ခွင့်။ အပိုဒ်(၇)။ တရားဥပဒေရှေ့တွင် တန်းတူညီခွင့်။ အပိုဒ်(၈)။ မိမိအခွင့်အရေးချိုးဖောက်ခံရပါက ဥပဒေအကူအညီရယူခွင့်။ အပိုဒ်(၉)။ မတရားဖမ်းဆီးခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းအား ကာကွယ်မှုရရှိခွင့်။ အပိုဒ်(၁၀)။ လူအများကြားနာပြီး တရားမျှတသော တရားစီရင်မှုရရှိခွင့်။ အပိုဒ်(၁၁)။ ခိုင်လုံသော အထောက်အထားမရှိမချင်း ထိုသူသည် အပြစ်မရှိဟူ၍ သတ်မှတ်ခံပိုင်ခွင့်။ အပိုဒ်(၁၂)။ ပုဂ္ဂလိကကိုယ်ရေးကိုယ်တာများအား ၀င်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ပေးခြင်း။ အပိုဒ်(၁၃)။ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် အပိုဒ်(၁၄)။ မတရားအပြစ်ပေးခံရမည်ဆိုပါက အခြားနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံပိုင်ခွင့်။ အပိုဒ်(၁၅)။ နိုင်ငံသားဖြစ်ခွင့် အပိုဒ်(၁၆)။ အရွယ်ရောက်သူတိုင်း မိမိဆန္ဒဖြင့် လက်ထပ်အိမ်ယာထူထောင်ခွင့်။ အပိုဒ်(၁၇)။ ပစ္စည်းဥစ္စာပိုင်ခွင့်။ အပိုဒ်(၁၈)။ လွတ်လပ်စွာတွေးခေါ်ယုံကြည်ကိုးကွယ်ခွင့်။ အပိုဒ်(၁၉)။ လွတ်လပ်စွာ ထုတ်ဖော်တင်ပြပြောဆိုခွင့်၊ သတင်းများရယူခွင့်။ အပိုဒ်(၂၀)။ ငြိမ်းချမ်းစွာဖွဲ့စည်းထားသောအဖွဲ့အစည်းများအား လွတ်လပ်စွာဝင်ရောက်ခွင့်။ စုဝေးခွင့်။ အပိုဒ်(၂၁)။ အစိုးရတွင်ပါဝင်ခွင့်။ အပိုဒ်(၂၂)။ လူမှုဖူလုံရေးခံစားခွင့်။ အပိုဒ်(၂၃)။ အလုပ်လုပ်ခွင့်၊ အလုပ်သမားသမဂ္ဂ၀င်ရောက်ခွင့်။ အပိုဒ်(၂၄)။ အပန်းဖြေအနားယူခွင့်။ အပိုဒ်(၂၅)။ လုံလောက်သော လူမှုအဆင့်အတန်းခံစားခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၆)။ ပညာသင်ကြားပိုင်ခွင့်။ အပိုဒ်(၂၇)။ ယဉ်ကျေးမှုဘ၀တွင် ပါဝင်ပိုင်ခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၈)။ ထိုအခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၂၉)။ အခြားသူများ၏ အခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၃၀)။ မည်သူမျှဤအခွင့်အရေးများကို မချိုးဖောက်ရန်တာဝန်။