Popular Posts

လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက် ဝမ်းသာစွာဖြင့် ကြိုဆိုပါသည်။သိုသော် အကျဉ်းထောင်ထဲတွင်ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော်အတွက် ထပ်မံကြိုးစားဆောင်ရွက်ပေးကြဖို့ လိုအပ်ပါသေးသည်။..
ဒေါင်းမျိုးဆက်က ကိုယ်ကျိုးမဖက်ပဲနှင့် တိုင်းပြည်အကျိုး လူထုအကျိုး ကြိုးစားလုပ်ဆောင်သွားမည်။
ပြည်သူသာအမိ ပြည်သူသာအဖ ဆောင်ပုဒ်ကို လက်ကိုင်ကာစွဲ ဒါတို့ရဲ့အောင်ပွဲ

8/30/2011

မြစ်ဆုံအရေး လက်မှတ်ထိုး တောင်းဆိုကြမည်



လင်းသန့် Monday, 29 August 2011 16:37
            ကချင်ပြည်နယ် မေခ၊ မလိခမြစ် ပေါင်းဆုံသည့်ဒေသ၌ မြစ်ဆုံဆည် စီမံကိန်းကြီး ဆောက်လုပ်နေခြင်းသည် အလွန်အန္တရာယ် များသည့်အတွက် အမြန် ဆုံး ရပ်တန့်ရန် တောင်းဆိုသည့် စုပေါင်းလက်မှတ်ရေးထိုးမှုကို အရှိန်မြှင့် ဆောင်ရွက်နေကြောင်း “ဧရာဝတီကို ထာဝရ ရှင်သန်စေ လို သူများ” က ပြောသည်။  တရုတ်အစိုးရပိုင် China Power Investment ကော်ပိုရေးရှင်းနှင့် မြန်မာအစိုးရ ပူးတွဲ အကောင်အထည်ဖော်နေသော ထိုစီမံကိန်း ရပ်တန့်ရေးကို လိုလားသူ အများအပြားက လက်မှတ်ထိုး ထောက်ခံနေကြသည်ဟု ဆိုသည်။
             “ကျနော်တို့ က သမ္မတဦးသိန်းစိန်ဆီကို စာကတော့ တင်ပြီးသွားပါပြီ။ အဲဒီနောက်ဆက်တွဲ လက်မှတ်ထိုးထားတာတွေက ရန်ကုန်တခွင်မှာတောင် ထောင်ချီ ရှိလာပါပြီ။ အခု နယ်တွေ ဖြန့်ထားတာတွေ ရှိတယ်။ လမ်းပန်းဆက်သွယ်ရေး ခက် နေတာတွေကြောင့် မရောက်သေးတာတွေလည်း ရှိပါတယ်။ အခု လက်မှတ်ရေးထိုးမှုက အရှိန် အတော်ရနေပါပြီ” ဟု ဦးဆောင် လှုပ်ရှားနေသူ တဦး ဖြစ်သည့် ကိုမြတ်သူက ဧရာဝတီကို ပြောသည်။
ဒေသအသီးသီးမှ စုဆောင်းရရှိသည့် လက်မှတ်များကို စာတိုက်ကြီးမှ တဆင့်  သမ္မတ ဦးသိန်းစိန်ထံသို့ တရားဝင် ပို့မည်ဟု ဆိုသည်။ ဧရာဝတီ မြစ်ကြီး ပျောက်ကွယ်မည့် အန္တရာယ်မှ ၀ိုင်းဝန်း ကာကွယ်ကြရန် နိုင်ငံတ၀န်းလုံး  လက်မှတ်ထိုး ပူးပေါင်း တောင်းဆိုသည့် အစီအစဉ်ကို ဖော်ဆောင်ခြင်းဖြစ်သည်ဟု ကိုမြတ်သူက ပြောသည်။
              မြစ်ဆုံဆည် စီမံကိန်း ဒေသသည် စင်္ကာပူနိုင်ငံခန့် အရွယ်အစား ရှိပြီး ဒေါ်လာ ၃.၆ ဘီလျံ အကုန်ကျခံကာ ၂၀၀၉ ခုနှစ် မှ စတင် ဆောက်လုပ်နေသည်။ ၁၀ နှစ် ကြာမည့် ထိုစီမံကိန်းတွင် လုပ်ငန်းရှင် တဦး ဖြစ်သည့် ဦးထွန်းမြင့်နိုင်၏ အေရှဝေါလ် ကုမ္ပဏီက ပါဝင် လုပ်ဆောင်နေကြောင်း သိရသည်။
              စီမံကိန်းနှင့်ပတ်သက်၍ ၂၀၀၉ ခုနှစ်တွင် တရုတ်-မြန်မာ ကျွမ်းကျင်ပညာရှင်ပေါင်း ၁၀၀ ကျော် ပါဝင်သည့် စူးစမ်း လေ့လာရေးအဖွဲ့က ၆ လကြာ သုတေသန လုပ်ပြီး အစီရင်ခံစာ တစောင် ပြုစုခဲ့သည်။ မကြာသေးမီကမှ ထိုအစီရင်ခံစာ ပြင်ပသို့ ပေါက်ကြားခဲ့ခြင်း ဖြစ်သည်။
             ကချင်ပြည်နယ် ငလျင်ကြောပေါ်တွင် တည်ရှိသည့်  မြစ်ဆုံဆည်ကြီးသည်  ရေထုကြီးမားပြီး သဘာဝ ဖောက်ပြန်မှု တခုခု ဖြစ်ပေါ်ပါက မြစ်ကြီးနားမြို့ အပါအ၀င် အနီးရှိမြို့ဒေသများ ရေလွှမ်းမိုးခြင်းဒဏ်ကို ခံစား ရနိုင်သည်ဟု  အစီရင်ခံစာတွင် ထောက်ပြထားကြောင်း သိရသည်။

                   သို့သော် မြန်မာနှင့် တရုတ်အစိုးရတို့က အစီရင်ခံစာပါ သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမည့် အချက်အများ အပါ အ၀င် အရေးကြီးသည့် ဆိုးကျိုးများကို လျစ်လျူရှုပြီး ဆက်လက် ဆောက်လုပ်နေကြောင်း၊ ဧရာဝတီမြစ် ပျက်စီး ပျောက်ကွယ်မသွားရေးသည် အားလုံးအတွက် အရေးကြီးကြောင်း  ကိုမြတ်သူက ပြောသည်။
                  “မြစ်ဆုံအလှက ကချင်ပြည်နယ်ရဲ့ သင်္ကေတဖြစ်တယ်။ ယဉ်ကျေးမှုတွေ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိန်းရေးဆိုင်ရာ တွေ စတဲ့ အများကြီး ဆက်စပ်နေတဲ့ ကိစ္စ ဖြစ်တယ်။ ကချင်ပြည်နယ်ဒေသတင် မကဘူး။ ဆည်ဆောက်လိုက်တော့ မြစ်ရေက ထိန်းသလိုဖြစ်သွားရင် မြစ်ရေ နည်းသွားမယ်။ ပင်လယ်ဆားငန်ရေ တိုးဝင်လာမယ်။ ဧရာဝတီမြစ်ရိုးတလျှောက် မှီတင်း လုပ်ကိုင်စားသောက်သူ အားလုံး ထိခိုက်သွားမယ့် အရေးလည်း ဖြစ်နေတယ်၊ ဒါက အမျိုးသားရေး တာဝန်တရပ် ဖြစ်လာတယ်” ဟု သူက ဆက်လက် ရှင်းပြသည်။  ရုပ်ရှင်သရုပ်ဆောင်ကျော်သူ အပါအ၀င်  ထင်ရှားသည့် အနုပညာရှင်များကလည်း စုပေါင်း လက်မှတ်ရေးထိုးမှုတွင် ပါဝင် လုပ်ဆောင်နေကြသည်။
          သတင်းစာဆရာ လူထုစိန်ဝင်း၊ မောင်စိန်ဝင်း(ပုတီးကုန်း) တို့ကဲ့သို့ ထင်ရှားသူများက  ဧရာဝတီ မြစ်နှင့် မြစ်ဆုံရေကာတာတို့ကြောင့် ဖြစ်လာမည့် နောက်ဆက်တွဲများအရေးကို စိုးရိမ်ပူပန်ကြောင်း လူသိရှင်ကြား ပြောဆိုကြသဖြင့် အများပြည်သူက ပို၍ စိတ်ဝင်စားလာသည်။
           “ဒီလှုပ်ရှားမှုက တခြားသော နိုင်ငံရေး လှုပ်ရှားမှုတွေနဲ့ မတူပါဘူးခင်ဗျ။ နိုင်ငံရေး လှုပ်ရှားမှုတွေက နိုင်ငံရေး သီးသန့်အနေနဲ့ လုပ်တာလို့ ထင်မြင်ယူဆကြတဲ့ လူတွေရှိကြတာပဲလေ။ ဒီလှုပ်ရှား မှုက ဧရာဝတီမြစ်ကြီး မတိမ်ကော  မပပျောက်အောင် ပင်မအရင်းခံ မိမိရဲ့နိုင်ငံနဲ့ ဧရာဝတီမြစ်ကြီးကို ချစ်မြတ်နိုးကြတဲ့ အနုပညာရှင်တွေသာ မကပါဘူး။ အားလုံးကလည်း ထောက်ခံ လက်မှတ် ရေးထိုးပေးကြပါတယ်ခင်ဗျ” ဟု Hip Hop အဆိုတော် ကိုဇေယျာသော်က ဧရာဝတီကို ပြောသည်။
              မကြာသေးမီက မြန်မာအစိုးရပိုင် သတင်းစာများတွင် ဧရာဝတီမြစ်ဆုံဆည် ကိစ္စနှင့် ပတ်သက်၍ ကာကွယ် ရေးသားလာကြသည်။ စီမံကိန်းကြောင့် အလုပ်အကိုင် အခွင့်အလမ်း တိုးပွားလာမည်ဟု ဆိုပြီး စီမံကိန်းကို ဆက်လက် အကောင် အထည်ဖော်မည်ဟု ဆိုသည်။
           “အစိုးရက ဖွံ့ဖြိုးရေးအတွက်၊ အလုပ်အကိုင် အခွင့်အလမ်း စတာတွေအတွက်လို့ ပြောပေမယ့် ကျနော်တို့ကတော့ ပြည်သူတွေဘက်က စိုးရိမ်ပူပန်တဲ့ အကြောင်း ကို လက်မှတ်ထိုး တင်ပြတဲ့အပိုင်းကို လုပ်နေတာပါ။ ဒီရဲ့ ဆိုးကျိုးတွေ ကို ပညာရှင်တွေက ထောက်ပြထားတာတွေနဲ့ ပတ်သက်ပြီး မသိသေးသူတွေကိုလည်း သိအောင်၊ သိပြီးသားသူတွေကလည်း ပူးပေါင်း ပါဝင်ဖို့ လိုတယ်” ဟု ကိုမြတ်သူက ပြောသည်။

ဧရာဝတီတွင် စုစုပေါင်း ဆည် ၈ ခု တည်ဆောက်ရန်  မြန်မာစစ်အစိုးရနှင့် တရုတ်အစိုးရပိုင် ကုမ္ပဏီများက ၂၀၀၇ ခုနှစ် ကတည်းက သဘောတူခဲ့ကြသည်။ ထို ဆည် ၈ ခု မှ ရေအားလျှပ်စစ် ထုတ်ယူကာ တရုတ်နိုင်ငံသို့ တင်ပို့မည်ဖြစ်သည်။

မြစ်ဆုံဆည်ကြီးသည် အဆိုပါ ဆည် ၈ ခုထဲတွင်  အကြီးဆုံးဖြစ်ပြီး တည်ဆောက် ပြီးစီးသွားလျှင် ဧရာဝတီမြစ်ကြီး၏ မူလ အစ ပြောင်းလဲသွားမည်ဟု လက်မှတ်ရေးထိုးသူ တဦးက ဧရာဝတီကို ပြောသည်။ 
        “မေခ မလိခ မြစ်ဆုံဆိုတာ ပျောက်ကွယ်သွားပြီး မြစ်ဆုံဆည်ကြီးကနေ ဧရာဝတီက မြစ်ဖျားခံတယ် ဆိုတာ ဖြစ်လာမယ်။ ဒါကလည်း တရုတ်ဘက်ကို ဖြစ်ထွန်းမှု လျှပ်စစ်ဓာတ်အားတွေ ရောင်းမှာ ဆိုတော့  တရုတ်အစိုးရပိုင် ဖြစ်သွားမယ့်သဘောပေါ့၊ ဧရာဝတီရဲ့ မြန်မာ့ယဉ်ကျေးမှုကို တရုတ်အစိုးရ လက်ထဲ ၀ ကွက်အပ်လိုက်သလို ဖြစ်နေတာ” ဟု လက်မှတ်ရေးထိုးမှုတွင် ပါဝင်သည့် အမည်မဖော်လိုသူ ရန်ကုန်မြို့ခံတဦးက ပြောသည်။
            မြစ်ဆုံဆည်စီမံကိန်းကြီး အမြန်ဆုံး ရပ်တန့်ရေးအတွက် လက်ရှိ အစိုးရတွင် တာဝန် အရှိဆုံး ဖြစ်ပြီး ပြည်သူများ၏ စိုးရိမ်ပူပန်မှုကို  အလေးအနက် ထည့်သွင်းစဉ်းစားပြီး အမြန်ဆုံး ဆောင်ရွက်သွားမည်ဟု မျှော်လင့်ကြောင်း လက်မှတ်ထိုးလှုပ်ရှားမှု ဦးဆောင်သူများက ပြောသည်။
           မကြာသေးမီကာလ က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဧရာဝတီမြစ်ကြီး အန္တရာယ် နှင့် ရင်ဆိုင်နေရသည့်အတွက် အားလုံး လက်တွဲ ပူးပေါင်းဆောင်ရွက်သွားကြရန် ပန်ကြားလွှာတစောင်ကို သြဂုတ်လ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
           ဧရာဝတီမြစ်တွင် ပြဿနာပေါင်းစုံ ဖြစ်ပေါ်လာရခြင်းမှာ စနစ်ကျသည့် စီမံကိန်းများ မရှိခြင်း၊ ထိန်းသိမ်းမှုဆိုင်ရာ ဥပဒေများကို မလိုက်နာခြင်း၊ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ အသိပညာနှင့် ဗဟုသုတ အားနည်းခြင်းတို့ ကြောင့်ဖြစ် သည်ဟု အင်္ဂလိပ် မြန်မာ နှစ်ဘာသာဖြင့် ထုတ်ပြန်သည့် ပန်ကြားချက်တွင် ဒေါ်အောင်ဆန်းစုကြည်က  ထောက်ပြထားသည်။

ယခုအခါ ကချင်ပြည်နယ် မြစ်ဆုံဒေသ အနီးဝန်းကျင်တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် မြန်မာအစိုးရ စစ်တပ်တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေသောကြောင့် ဆောက်လုပ်ရေး လုပ်ငန်းများ ရပ်တန့်နေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

“ဝိုင်းကြီးပတ်ပတ် ဒူဝေဝေ ...” (ကာတွန်း ဟန်လေး )

တစ်ယောက်ကို တစ်ယောက်လွှဲချနေတယ် သူ ပထွေးတွေမှာပဲ အာဏာရှိတယ်ဆိုတာ ကို မပြောဘူး

နိုင်ငံရေးအကျဉ်းသားတွေကိုတော့ လွှတ်မပေးနိုင်သေး

8/29/2011

ဗကသ တရား​ဝင်ရပ်တည်ခွင့်​ရ​ရေး​ လုပ်​ဆောင်မည်



August 29, 2011 by မင်းလွင်   
ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ကို တရားဝင်ရပ်တည်လို့ရတဲ့ အဖွဲ့အစည်းဖြစ်ဖို့ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

ဦး သိန်းစိန် ခေါင်းဆောင်တဲ့ အရပ်သားအစိုးရသစ်ကနေ ဗကသကို တရားဝင် ရပ်တည်ခွင့် ပြုခဲ့ရင် တရားဝင် အဖွဲ့အစည်းအဖြစ် ရပ်တည်သွားမယ်လို့ ဗကသများအဖွဲ့ချုပ် ပြောခွင့်ရသူ မကြည်သာတင့်က ပြောပါတယ်။
“ကျမတို့နေနဲ့ လုပ်ဆောင်လို့ ရရင် ဆက်လက်ပြီး တရားဝင် လုပ်ဆောင်ဖို့လည်း ရှိပါတယ်။ တကယ်လို့ သူတို့ ခွင့်မပြုဘူးဆိုရင် ကျမတို့က ရတဲ့နေရာမှာ ဆက်ပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”
ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ဟာ အင်္ဂလိပ် ကိုလိုနီခေတ်ကတည်း မြန်မာပြည် လွတ်လပ်ဖို့အတွက် လှုပ်ရှားဆောင်ရွက်ခဲ့တဲ့ ထင်ရှားတဲ့ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ အဖွဲ့အစည်း ဖြစ်ခဲ့ပါတယ်။
၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးခဲ့တဲ့ နောက်ပိုင်းမှာ မြေပေါ်မှာ တရားဝင် ရပ်တည်ခွင့် မရတော့ဘဲ ၁၉၆၄ ခုနှစ်ကတည်းက မြေအောက်လှုပ်ရှားမှုဖြင့် စစ်အာဏာရှင် ဆန့်ကျင့်ရေး ပြည်တွင်းငြိမ်းချမ်းရေး ဒီမိုကရေစီရေးအတွက် လှုပ်ရှားခဲ့ပါတယ်။
၁၉၈၈ လူထုလှုပ်ရှားမှုအတွင်း ဩဂုတ်လ ၂၈ ရက်နေ့မှာ ကိုမင်းကိုနိုင်ကို ဥက္ကဋ္ဌ အဖြစ် တင်မြှောက်ပြီး ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။ ၂၀၀၇ သံဃာလှုပ်ရှားမှု မတိုင်ခင် ဩဂုတ်လ ၂၈ ရက်မှာ ဗကသအဖွဲ့ချုပ်ကို ပြန်လည်ဖွဲ့စည်းနိုင်ခဲ့ပြီး ဒီကနေ့ဟာ ၄ နှစ်ပြည့်မြောက်တဲ့နေ့လည်း ဖြစ်ပါတယ်။
၎ နှစ်ပြည့်မြောက်တဲ့နေ့မှာ ဗကသများ အဖွဲ့ချုပ်ကနေ ကြေညာချက်တစောင်ကို ထုတ်ပြန်ခဲ့ပြီး ကြေညာချက်နဲ့ ပတ်သက်လို့ မကြည်သာတင့်က အခုလို ပြောပါတယ်။
“၂၀၀၇ မှာ ပြန်လည်ဖွဲ့စည်းခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ၄ နှစ်မြောက်နေ့မှာ ကျမတို့ အဓိက ပြောချင်တာက ကျမတို့တိုင်းပြည် ငြိမ်းချမ်းရေးရဖို့ ပြည်တွင်းစစ်ရပ်စဲဖို့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ခြွင်းချက်မရှိ လွတ်မြောက်ဖို့ ဧရာဝတီ မြစ်ဆုံ စီမံကိန်း ရပ်တန့်ဖို့ အပါအဝင် တိုင်းရင်းသားပြည်သူတွေရဲ့ အကျိုးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကို ကျမတို့ ဗကသအဖွဲ့ချုပ်ကနေ အပြည့်အဝ ထောက်ခံကြောင်း အဓိက ပြောချင်ပါတယ်။ ”
၂၀၀၇ ခုနှစ်မှာ ပြန်လည်ဖွဲ့စည်းခဲ့တဲ့ ဗကသများအဖွဲ့ချုပ် ခေါင်းဆောင်တွေဖြစ်တဲ့ ကိုကျော်ကိုကို၊ ကိုစည်သူမောင်၊ ကိုဒီငြိမ်းလင်း မဖြိုးဖြိုးအောင်နဲ့ မဟန်နီဦး အပါအဝင် ကျောင်းသားခေါင်းဆောင်တွေကတော့ မြန်မာပြည်က နယ်စွန်းနယ်ဖျား အကျဉ်းထောင်တွေမှာ နှစ်ရှည် အကျဉ်းကျခံနေရပါတယ်။
မြန်မာနိုင်ငံအတွင်း က ကျောင်းသားအများစုကိုလည်း ကျောင်းသားထုအခွင့်အရေးကာကွယ်ရေး မြန်မာပြည်ရဲ့ လက်ငင်းကြုံတွေတဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်နဲ့ လက်တွဲ လုပ်ဆောင်သွားဖို့ကိုလည်း တိုက်တွန်းပါတယ်။
“အသီးသီးမှာ ရှိတဲ့ ကျောင်းသားတွေဟာဆိုရင် တိုင်းပြည်ကို ချစ်တဲ့စိတ်၊ ကျောင်းသားစိတ်ဓာတ် အပြည့်အဝနဲ့ သမိုင်းမှာ အစဉ်အလာ ကြီးမားတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂရဲ့ အောက်မှာ ကျောင်းသားထုရဲ့ အခွင့်ရေးတွေ၊ အမိမြန်မာပြည်မှာ ကြုံတွေ့ရတဲ့ ပြဿနာတွေကို ကျောင်းသားကျောင်းသူတွေ အတူလက်တွဲပြီးတော့ လှုပ်ရှားဆောင်ရွက်ဖို့လည်း ကျမတို့ ဒီနေ့မှာ အလေးအနက်ထား တိုက်တွန်းချင်ပါတယ်။

၉၀ ​ရွေး​ကောက်ပွဲရလဒ်နှင့်​အတူ အ​ရွေး​ချယ်ခံများ​၏ကဏ္ဍ ပျက်ပြယ်ပြီဟုဆို

၁၉၉၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲ ရလဒ်နဲ့ ရွေးကောက်ခံရတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အခန်းကဏ္ဍ ပျက်ပြယ်သွားပြီလို့ ပြည်ထောင်စု ရွေးကောက်ပွဲကျင်းရေးကော်မရှင်က ပြောပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲကျင်းရေးကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးကိုယ်စား အဖွဲ့ဝင် ဦးမြင့်နိုင်က ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်ပုံမှန်အစည်းဝေးမှာ ပြောကြား လိုက်တာပါ။၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ကြတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ၁၂၀ နဲ့ပတ်သက်ပြီး ဘယ်လိုစဉ်းစားထားလဲလို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ရဲ့ မေးခွန်းကို အဲဒီလိုရှင်းလင်းဖြေကြားသွားတာလို့ မြေပုံမဲဆန္ဒနယ်က ဦးဖေသန်းက ပြောပြပါတယ်။
“၁၉၉၀ ခုနှစ် ပါတီစုံရွေးကောက်ပွဲဥပဒေကို အခုရွေးကောက်ပွဲမှာ ဒီကော်မရှင် ဥပဒေနဲ့ ပြောင်းလိုက်ပြီလို့ ပြောလိုက်တဲ့အတွက် အဲဒီ ၁၂၀ ရဲ့ ပြဿနာက ဘာမှ မဆိုင်တော့ဘူးပေါ့။ လက်ရှိဥပဒေနဲ့ ဖျက်သိမ်းလိုက်ပြီဖြစ်တယ်လို့ ပြောလိုက်တာကြောင့် ၁၉၉၀ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲဥပဒေဟာ အလိုလို ပျက်ပြယ်ပြီးသားဖြစ် တယ်။ အဲဒီအတွက် ၁၂၀ ဟာလည်း အလိုလို ပျက်ပြယ်ပြီးဖြစ်တယ်လို့ ရွေးကောက် ပွဲ ကော်မရှင်ကိုယ်စား ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားသွားတာ။”
၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (စီအာပီပီ) အထွေထွေအတွင်းရေးမှူး ဦးအေးသာအောင်ကတော့ရွေးကောက်ပွဲတခုကို ကျင်းပထားပြီးတော့ ဒီရွေးကောက်ပွဲရဲ့ ရလဒ်ကို တစုံတရာ အကောင်အထည်မဖော်ဘဲနဲ့ လက်လွတ်စပယ် ပြောတယ်လုပ်တယ် ဆိုတာတော့ နိုင်ငံအတွက်ကော သမိုင်းမှာကော မကောင်းတဲ့ လက္ခဏာတခုပဲ”လို့ ဝေဖန် ပြောကြားပါတယ်။
“အန်အယ်ဒီအပါအဝင် အန်ကယ်တို့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်က ၉၀ ရွေးကောက် ပွဲကြောင့် ပြည်သူတွေက တာဝန်ပေးတဲ့အတိုင်း နိုင်ငံရေးပါတီတွေဖြစ်တယ်၊ နိုင်ငံရေးသ မားတွေဖြစ်တယ်။ ဒီအခြေခံကို အကြောင်းပြုပြီးတော့ အန်အယ်လ်ဒီအပါအဝင် အန်ကယ်တို့ပါတီတွေက ရပ်တည်နေတာဖြစ်တယ်။
“နဝတ၊ နအဖက ပြောင်းလိုက်တဲ့ သမ္မတ ဦးသိန်းစိန်အစိုးရလည်း ပြည်ထောင်စု အစိုးရသစ်လို့ပဲ ခေါ်ခေါ် ဒီအစိုးရနဲ့ကတော့ တမျိုးသားလုံးအတွက် ရှေ့ဆက်သွားမယ့်ရေးကြီးတဲ့ အမျိုးသားရေး ကိစ္စတွေ၊ တနည်းအားဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ကိစ္စတွေကို ဆွေးနွေးတဲ့အခါမှာ ဒီလိုအချက်အလက်တွေကို တနည်းနည်းဖြင့် အသိအ မှတ်ပြုဖို့ကောင်အထည်ဖော်ဖို့ကောင်အထည်ဖော်ဖို့ ဆိုတဲ့နေရာမှာ အာဏာလွှဲဖို့ အစိုးရဖွဲ့ပေးဖို့ ဒီလိုပြောတာမဟုတ်ဘူး တိုင်းပြည်အတွက်ရော၊ လုပ်ခဲ့တဲ့နိုင်ငံရေး သမားတွေအတွက်ရော တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကော အသီးသီးကို အသိအမှတ်ပြုဖို့ လိုမယ်လို့ ယူဆပါတယ်။”
၂၀၁၀ ရွေးကောက်ပွဲတုန်းက ပါတီမှတ်ပုံမတင်ခဲ့တဲ့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအပါဝင် တိုင်းရင်းသားပါတီတွေဟာ တရားဝင် ပါတီ ရပ်တည်မှု ပျက်ပြယ်ပြီလို့ ပြည်ထောင်စုရွေးကောက်ပွဲကျင်းရေး ကော်မရှင်က ကြေ ညာခဲ့ပါတယ်။

LinkWithin

Related Posts Plugin for WordPress, Blogger...

GMAIL မှလဲ ဆက်သွယ်နိုင်ပါပြီ..

အင်္ဂလိမ်ဘာသာနှင့် ဖတ်ရူချင်သူများအတွက် သတင်းများ


Get Your News Widget
Share

ဧည့်သည်တော်နိုင်ငံများ

လူ အခွင့်အရေး အပိုဒ် (၃၀)

အပိုဒ်(၁)။ လူတိုင်းသည် မွေးဖွားလာကတည်းက တန်းတူညီမှုရှိသည်။ အပိုဒ်(၂)။ မည်သူကိုမျှ ခွဲခြားဖိနှိပ်ခြင်းမရှိစေရ။ အပိုဒ်(၃)။ လူတိုင်းအသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့်လုံခြုံခွင့်ရှိသည်။ အပိုဒ်(၄)။ မည်သူကိုမှ ကျွန်အဖြစ်စေခိုင်း ရောင်းဝယ်ခြင်းမပြုရ။ အပိုဒ်(၅)။ မည်သူကိုမှ မတရားနှိပ်စက်ခြင်း၊ လူမဆန်စွာ၊ ရက်စက်စွာဆက်ဆံခြင်း၊ အပြစ်ပေးခြင်းမပြုရ။ အပိုဒ်(၆)။ တရားဥပဒေရှေ့မှောက်တွင် လူတိုင်းအား လူသားအဖြစ် အသိအမှတ်ပြုခံပိုင်ခွင့်။ အပိုဒ်(၇)။ တရားဥပဒေရှေ့တွင် တန်းတူညီခွင့်။ အပိုဒ်(၈)။ မိမိအခွင့်အရေးချိုးဖောက်ခံရပါက ဥပဒေအကူအညီရယူခွင့်။ အပိုဒ်(၉)။ မတရားဖမ်းဆီးခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းအား ကာကွယ်မှုရရှိခွင့်။ အပိုဒ်(၁၀)။ လူအများကြားနာပြီး တရားမျှတသော တရားစီရင်မှုရရှိခွင့်။ အပိုဒ်(၁၁)။ ခိုင်လုံသော အထောက်အထားမရှိမချင်း ထိုသူသည် အပြစ်မရှိဟူ၍ သတ်မှတ်ခံပိုင်ခွင့်။ အပိုဒ်(၁၂)။ ပုဂ္ဂလိကကိုယ်ရေးကိုယ်တာများအား ၀င်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ပေးခြင်း။ အပိုဒ်(၁၃)။ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် အပိုဒ်(၁၄)။ မတရားအပြစ်ပေးခံရမည်ဆိုပါက အခြားနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံပိုင်ခွင့်။ အပိုဒ်(၁၅)။ နိုင်ငံသားဖြစ်ခွင့် အပိုဒ်(၁၆)။ အရွယ်ရောက်သူတိုင်း မိမိဆန္ဒဖြင့် လက်ထပ်အိမ်ယာထူထောင်ခွင့်။ အပိုဒ်(၁၇)။ ပစ္စည်းဥစ္စာပိုင်ခွင့်။ အပိုဒ်(၁၈)။ လွတ်လပ်စွာတွေးခေါ်ယုံကြည်ကိုးကွယ်ခွင့်။ အပိုဒ်(၁၉)။ လွတ်လပ်စွာ ထုတ်ဖော်တင်ပြပြောဆိုခွင့်၊ သတင်းများရယူခွင့်။ အပိုဒ်(၂၀)။ ငြိမ်းချမ်းစွာဖွဲ့စည်းထားသောအဖွဲ့အစည်းများအား လွတ်လပ်စွာဝင်ရောက်ခွင့်။ စုဝေးခွင့်။ အပိုဒ်(၂၁)။ အစိုးရတွင်ပါဝင်ခွင့်။ အပိုဒ်(၂၂)။ လူမှုဖူလုံရေးခံစားခွင့်။ အပိုဒ်(၂၃)။ အလုပ်လုပ်ခွင့်၊ အလုပ်သမားသမဂ္ဂ၀င်ရောက်ခွင့်။ အပိုဒ်(၂၄)။ အပန်းဖြေအနားယူခွင့်။ အပိုဒ်(၂၅)။ လုံလောက်သော လူမှုအဆင့်အတန်းခံစားခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၆)။ ပညာသင်ကြားပိုင်ခွင့်။ အပိုဒ်(၂၇)။ ယဉ်ကျေးမှုဘ၀တွင် ပါဝင်ပိုင်ခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၈)။ ထိုအခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၂၉)။ အခြားသူများ၏ အခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၃၀)။ မည်သူမျှဤအခွင့်အရေးများကို မချိုးဖောက်ရန်တာဝန်။