Popular Posts

လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက် ဝမ်းသာစွာဖြင့် ကြိုဆိုပါသည်။သိုသော် အကျဉ်းထောင်ထဲတွင်ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော်အတွက် ထပ်မံကြိုးစားဆောင်ရွက်ပေးကြဖို့ လိုအပ်ပါသေးသည်။..
ဒေါင်းမျိုးဆက်က ကိုယ်ကျိုးမဖက်ပဲနှင့် တိုင်းပြည်အကျိုး လူထုအကျိုး ကြိုးစားလုပ်ဆောင်သွားမည်။
ပြည်သူသာအမိ ပြည်သူသာအဖ ဆောင်ပုဒ်ကို လက်ကိုင်ကာစွဲ ဒါတို့ရဲ့အောင်ပွဲ

10/17/2011

ပွင့်လင်းရာသီ ကာလ ရန်ကုန်မြို့၏ လမ်းခင်းခြင်းလုပ်ငန်းများ စတင်၊ ပျက်စီးမှုများပြားသော လမ်းများနှင့် ယာဉ်သွားလာမှု များပြားသော လမ်းများကို ဦးစားပေး ခင်းကျင်းသွားမည် ဟုဆို

AddThis Social Bookmark Button
733
ရန်ကုန်မြို့တွင်း တစ်နေရာတွင် ကွန်ကရစ်လမ်း ခင်းနေစဉ်
ပွင့်လင်းရာသီကာလ ရန်ကုန်မြို့၏ လမ်းခြင်းခြင်း လုပ်ငန်းများ  စတင်နေပြီဖြစ်ကြောင်း၊ လမ်းများ ခင်းကျင်းတွင်လည်း ပျက်စီးမှု များပြားသော လမ်းများနှင့် ယာဉ်သွားလာမှုများပြားသော လမ်းများအား ဦးစားပေး ခင်းကျင်းသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ လမ်းနှင့် တံတားဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
မိုးပြတ်သည့် အောက်တိုဘာ လဆန်းပိုင်းမှစတင်၍ လမ်းပျက် စီးမှုများပြားနေသည့် ရန်ကုန်မြို့ သင်္ကန်းကျွန်းမြို့နယ်ရှိ သံသုမာလမ်း (သွားဆေးတက္ကသိုလ်ရှေ့)နှင့် လေးထောင့်ကန်လမ်းမကြီး (ဇ၀နကား မှတ်တိုင်မှ ဘီအိုစီကားမှတ်တိုင် အကျော်အထိ)၊ မြောက်ဥက္ကလာပ မြို့နယ်ရှိ အုပ်ပုံဆိပ်လမ်း(မြောက် ဥက္ကလာပ ခုံးကျော်တံတားမှ မယ်လမုဘုရားအထိ)တို့အား အပိုင်းလိုက် ပြန်လည်ခင်းကျင်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။
733a “မိုးပြတ်တဲ့ အခုအချိန်ကစပြီး လမ်းခင်းတဲ့လုပ်ငန်းတွေကို ဆက်တိုင်လုပ်သွားမှာပါ။

စော်ဘွားကြီးစပ်ရွှေသိုက် ရဲ့ သားတစ်ဦးဖြစ်တဲ့ ဦးဟန်ညောင်ဝေ နဲ့ အင်တာဗျူး

ဦးဟန်ညောင်ဝေသည် မြန်မာနိုင်ငံ၏ ပထမဆုံး သမ္မတကြီးလည်းဖြစ်၊ ညောင်ရွှေ စော်ဘွားဆက်၏ နောက်ဆုံး စော်ဘွားလည်းဖြစ်သော စော်ဘွားကြီးစပ်ရွှေသိုက်၏ သားတဦးဖြစ်သည်။ လွတ်လပ်သော မြန်မာနိုင်ငံအဖြစ် ကြေငြာပြီး ၄ လ အကြာ ၁၉၄၈ ခုနှစ် ဧပြီလ ၁၅ ရက်နေ့တွင် ဦးဟန်ညောင်ဝေကို မွေးဖွားခဲ့သည်။ အခြေခံပညာရေးကို မြန်မာနိုင်ငံတွင် သင်ယူဆည်းပူးခဲ့ပြီး ထိုင်းနိုင်ငံနှင့် ကနေဒါနိုင်ငံတို့တွင် ပညာ ဆက်လက်ဆည်းပူးကာ ဘွဲ့ရရှိသည်။ ထို့နောက် ကနေဒါနိုင်ငံ McGill University မှ စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာ မဟာဘွဲ့ (MBA) ကို ရရှိခဲ့သည်။
ဦးဟန်ညောင်ဝေ (ဓာတ်ပုံ - Shan Herald Agency for News)
ဦးဟန်ညောင်ဝေသည် မြန်မာနိုင်ငံ ဒီမိုကရေစီလှုပ်ရှားမှုအတွက် နှစ်ပေါင်းများစွာပင် ဆောင်ရွက်လာခဲ့သည်။ သူသည် Burma Alert လစဉ်သတင်းစာစောင်၏ အယ်ဒီတာ၊ အဝေးရောက် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ၀န်ကြီးချုပ် ဦးစိန်ဝင်း၏ အကြံပေး၊ မြန်မာနိုင်ငံအတွင်းသို့ နေ့စဉ် မြန်မာဘာသာအပြင် တိုင်းရင်းသား (၇) ဘာသာဖြင့် သတင်းထုတ်လွှင့်နေသော ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) ၏ စီမံခန့်ခွဲရေး ညွှန်ကြားရေးမှူး စသည့် တာဝန်များ ယူခဲ့သည်။
၁၉၉၇ ဖေဖော်ဝါရီလတွင် ဦးဟန်ညောင်ဝေသည် ဥရောပ မြန်မာရုံး၏ ညွှန်ကြားရေးမှူး ဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီအစိုးရတရပ်သို့ အသွင်းကူးပြောင်းရာတွင် မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုအား ကူညီထောက်ပံ့ပေးရန် ဥရောပသမဂ္ဂနှင့် ဂျာမန် Friedrich Ebert ဖောင်ဒေးရှင်းတို့က ပူးတွဲအကောင်အထည်ဖော်သော စီမံကိန်းတခုဖြစ်သည်။
လက်ရှိမြန်မာ့နိုင်ငံရေးဝန်းကျင်၊ ပြုပြင်ပြောင်းလဲမှုများ၏ လက်ရှိအနေအထား၊ တိုင်းပြည်အတွင်းဖြစ်ပေါ်နေသော အပြောင်းအလဲများအပေါ် နိုင်ငံတကာ၏ တုန့်ပြန်ဆောင်ရွက်ချက်၊ သက်ဆိုင်ရာ ပါဝင်ဆောင်ရွက်သူများ ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်ချက်များနှင့် ပတ်သက်၍  ဧရာဝတီမဂ္ဂဇင်းက ဦးဟန်ညောင်ရွှေကို ဆက်သွယ်မေးမြန်းထားပါသည်။

မြန်မာကို ဂျပန် ဖွံ့ဖြိုးမှု အကူအညီ ပြန်ပေးတော့မည်

လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ရပ်ဆိုင်းထားတဲ့ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီ Oversea Development Assistance (ODA) ကို မြန်မာအစိုးရကို ပြန်ပေးဖို့ ဂျပန်အစိုးရက စီစဉ်နေပါတယ်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် ထိန်းသိမ်းလိုက်တဲ့ ၂၀၀၃ ခုနှစ်ကနဲ့ ၂၀၀၇ ခုနှစ် စက်တင်ဘာ သံဃာ့လှုပ်ရှားမှုကို မြန်မာ စစ်အစိုးရက အကြမ်းဖက် နှိမ်နင်း ပြီးတဲ့နောက်မှာ ဖွံ့ဖြိုးရေး အကူအညီတွေ ပေးနေတာကို ဂျပန်ဘက်က ရပ်ဆိုင်းခဲ့တာပါ။ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီကို ဒီအချိန်မှာ ပြန်ပေးဖို့အတွက် မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေက တိုးတက် ကောင်းမွန်လာပြီလား ဆိုတာကိုတော့ မသိင်္ဂီထိုက်က စုစည်း တင်ပြထားပါတယ်။
မြန်မာ အစိုးရသစ် လက်ထက်မှာ လူ့အခွင့်အရေး အခြေအနေ ထူးထူးခြားခြား တိုးတက်လာတာ မရှိသေးတဲ့အတွက် ဂျပန် အစိုးရအနေနဲ့ ဖွံ့ဖြိုးရေး အကူအညီတွေကို ပေးဖို့ အချိန်စောလွန်းတယ်ဆိုပြီး ကန့်ကွက်မှုတွေ ရှိသလို တဘက်ကလည်း မြန်မာအစိုးရသစ်ဟာ ပြုပြင် ပြောင်းလဲရေး လမ်းကြောင်းပေါ်ကို ရောက်လာပြီ ဖြစ်လို့ အကူအညီတွေ ပြန်ပေးဖို့

ဥပဒေသစ်အရ အလုပ်သမား ရပိုင်ခွင့်ထိခိုက်ဟု ပြည်ပရောက်ရှေ့နေ့အဖွဲ့ ဝေဖန်

မကြာခင်က မြန်မာအစိုးရသမ္မတ ဦးသိန်းစိန် လက်မှတ်ထိုးပြဌာန်းလိုက်တဲ့ အလုပ်သမားအဖွဲ့အစည်း ဥပဒေဟာ အလုပ်သမား အခွင့်အရေးတွေကို ထိန်းချုပ်ထားတဲ့ ဥပဒေသာဖြစ်တယ်လို့ ပြည်ပအခြေစိုက် မြန်မာနိုင်ငံ ရှေ့နေများကောင်စီက ပြောလိုက်ပါတယ်။ ဒါ့အပြင် လက်ရှိ အလုပ်သမား အဖွဲ့အစည်းဥပဒေဟာ အခြား တည်ဆဲဥပဒေတွေရဲ့ လွှမ်းမိုးမှုကြောင့် အကောင်အထည်ဖော် အသက်သွင်းဖို့ ခက်ခဲလိမ့်မယ်လို့ ဥပဒေရှုဒေါင့်ကနေ ဝေဖန်သွားပါတယ်။
၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့အထိ တည်ဆဲဥပဒေဖြစ်ခဲ့တဲ့ ၁၉၂၆ ခုနှစ် အလုပ်သမား သမဂ္ဂဥပဒေဟာ အခုအစိုးရက ပြဌာန်းလိုက်တဲ့ အလုပ်သမား အဖွဲ့အစည်းဥပဒေထက် အဆများစွာ အလုပ်သမား အခွင့်အရေးတွေကို အကာအကွယ် ပေးနိုင်တယ်လို့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီက ထုတ်ပြန်ပါတယ်။ သမ္မတဦးသိန်းစိန် လက်မှတ်ထိုးပြဌာန်းလိုက်တဲ့ အခု အလုပ်သမားအဖွဲ့အစည်း ဥပဒေထဲမှာတော့ ၁၉၂၆ ခုနှစ် အလုပ်သမား သမဂ္ဂဥပဒေကို ရုပ်သိမ်းလိုက်ပြီလို့ ဖော်ပြပါတယ်။ တကယ်တော့ အခု ဖျက်သိမ်းလိုက်တဲ့ ဥပဒေကို ၁၉၆၂ ခုနှစ်ကစတဲ့ စစ်အစိုးရကာလတွေ တလျှောက်လုံး အလုပ်သမားတွေ မခံစားခဲ့ရပါဘူး။ ဒါကတော့ စစ်အစိုးရကာလတွေမှာ ဥပဒေစိုးမိုးမှု

LinkWithin

Related Posts Plugin for WordPress, Blogger...

GMAIL မှလဲ ဆက်သွယ်နိုင်ပါပြီ..

အင်္ဂလိမ်ဘာသာနှင့် ဖတ်ရူချင်သူများအတွက် သတင်းများ


Get Your News Widget
Share

ဧည့်သည်တော်နိုင်ငံများ

လူ အခွင့်အရေး အပိုဒ် (၃၀)

အပိုဒ်(၁)။ လူတိုင်းသည် မွေးဖွားလာကတည်းက တန်းတူညီမှုရှိသည်။ အပိုဒ်(၂)။ မည်သူကိုမျှ ခွဲခြားဖိနှိပ်ခြင်းမရှိစေရ။ အပိုဒ်(၃)။ လူတိုင်းအသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့်လုံခြုံခွင့်ရှိသည်။ အပိုဒ်(၄)။ မည်သူကိုမှ ကျွန်အဖြစ်စေခိုင်း ရောင်းဝယ်ခြင်းမပြုရ။ အပိုဒ်(၅)။ မည်သူကိုမှ မတရားနှိပ်စက်ခြင်း၊ လူမဆန်စွာ၊ ရက်စက်စွာဆက်ဆံခြင်း၊ အပြစ်ပေးခြင်းမပြုရ။ အပိုဒ်(၆)။ တရားဥပဒေရှေ့မှောက်တွင် လူတိုင်းအား လူသားအဖြစ် အသိအမှတ်ပြုခံပိုင်ခွင့်။ အပိုဒ်(၇)။ တရားဥပဒေရှေ့တွင် တန်းတူညီခွင့်။ အပိုဒ်(၈)။ မိမိအခွင့်အရေးချိုးဖောက်ခံရပါက ဥပဒေအကူအညီရယူခွင့်။ အပိုဒ်(၉)။ မတရားဖမ်းဆီးခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းအား ကာကွယ်မှုရရှိခွင့်။ အပိုဒ်(၁၀)။ လူအများကြားနာပြီး တရားမျှတသော တရားစီရင်မှုရရှိခွင့်။ အပိုဒ်(၁၁)။ ခိုင်လုံသော အထောက်အထားမရှိမချင်း ထိုသူသည် အပြစ်မရှိဟူ၍ သတ်မှတ်ခံပိုင်ခွင့်။ အပိုဒ်(၁၂)။ ပုဂ္ဂလိကကိုယ်ရေးကိုယ်တာများအား ၀င်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ပေးခြင်း။ အပိုဒ်(၁၃)။ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် အပိုဒ်(၁၄)။ မတရားအပြစ်ပေးခံရမည်ဆိုပါက အခြားနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံပိုင်ခွင့်။ အပိုဒ်(၁၅)။ နိုင်ငံသားဖြစ်ခွင့် အပိုဒ်(၁၆)။ အရွယ်ရောက်သူတိုင်း မိမိဆန္ဒဖြင့် လက်ထပ်အိမ်ယာထူထောင်ခွင့်။ အပိုဒ်(၁၇)။ ပစ္စည်းဥစ္စာပိုင်ခွင့်။ အပိုဒ်(၁၈)။ လွတ်လပ်စွာတွေးခေါ်ယုံကြည်ကိုးကွယ်ခွင့်။ အပိုဒ်(၁၉)။ လွတ်လပ်စွာ ထုတ်ဖော်တင်ပြပြောဆိုခွင့်၊ သတင်းများရယူခွင့်။ အပိုဒ်(၂၀)။ ငြိမ်းချမ်းစွာဖွဲ့စည်းထားသောအဖွဲ့အစည်းများအား လွတ်လပ်စွာဝင်ရောက်ခွင့်။ စုဝေးခွင့်။ အပိုဒ်(၂၁)။ အစိုးရတွင်ပါဝင်ခွင့်။ အပိုဒ်(၂၂)။ လူမှုဖူလုံရေးခံစားခွင့်။ အပိုဒ်(၂၃)။ အလုပ်လုပ်ခွင့်၊ အလုပ်သမားသမဂ္ဂ၀င်ရောက်ခွင့်။ အပိုဒ်(၂၄)။ အပန်းဖြေအနားယူခွင့်။ အပိုဒ်(၂၅)။ လုံလောက်သော လူမှုအဆင့်အတန်းခံစားခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၆)။ ပညာသင်ကြားပိုင်ခွင့်။ အပိုဒ်(၂၇)။ ယဉ်ကျေးမှုဘ၀တွင် ပါဝင်ပိုင်ခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၈)။ ထိုအခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၂၉)။ အခြားသူများ၏ အခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၃၀)။ မည်သူမျှဤအခွင့်အရေးများကို မချိုးဖောက်ရန်တာဝန်။