Popular Posts

လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက် ဝမ်းသာစွာဖြင့် ကြိုဆိုပါသည်။သိုသော် အကျဉ်းထောင်ထဲတွင်ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော်အတွက် ထပ်မံကြိုးစားဆောင်ရွက်ပေးကြဖို့ လိုအပ်ပါသေးသည်။..
ဒေါင်းမျိုးဆက်က ကိုယ်ကျိုးမဖက်ပဲနှင့် တိုင်းပြည်အကျိုး လူထုအကျိုး ကြိုးစားလုပ်ဆောင်သွားမည်။
ပြည်သူသာအမိ ပြည်သူသာအဖ ဆောင်ပုဒ်ကို လက်ကိုင်ကာစွဲ ဒါတို့ရဲ့အောင်ပွဲ

1/20/2012

မင်းအောင်လှိုင်တစ်ယောက် ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွား


AddThis Social Bookmark Button
4422
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်
တွေ့ဆုံပြီး တပ်မတော်နှစ်ရပ် အကြားဆွေးနွေးစဉ်
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Tanasak Patimapragorn ၏ ဖိတ်ကြားချက်အရ ထိုင်း နိုင်ငံသို့ ချစ်ကြည်ရေးခရီး ဇန်န၀ါရီလ ၈ ရက်နေ့မှ ၁၂ရက်နေ့အထိ သွားရောက်ခဲ့သည်။
ခရီးစဉ်အတွင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် ထိုင်းဘုရင့်အကြံပေး ကောင်စီဥက္ကဋ္ဌ  General Prem Tin sulanonda (အငြိမ်းစား)၊ ထိုင်း နိုင်ငံဝန်ကြီးချုပ် မစ္စရင်လပ်ရှင်နာဝပ်တို့နှင့် နှစ်နိုင်ငံ အကျိုးတူကိစ္စရပ်များကို သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် အဆင့်မြင့် ချစ်ကြည်ရေး ကိုယ်စားလှယ်များသည် ဇန်န၀ါရီ ၉ ရက်နေ့တွင် ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး ဧည့်ခန်းမဆောင်(၆၃) ၌  ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Tanasak Patimapragorn  ဦးဆောင်သော ထိုင်းတပ်မတော် အရာရှိကြီးများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြရာတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က မြန်မာ၊ ထိုင်း၊  လာအိုနိုင်ငံနယ်စပ်ဒေသများတွင် မူး ယစ်ဆေးဝါးပြဿနာများ၊ နယ်စပ် ဖြတ်ကျော်ရာဇ၀တ်မှုများ ပူးပေါင်း ဖြေရှင်းနိုင်ရေး၊ နှစ်နိုင်ငံနယ်နိမိတ် အတွင်း ရောက်ရှိနေသော  တပ်စခန်းများ ကိစ္စအား ဆောလျင်စွာ ဖြေရှင်း ဆောင်ရွက်ရေး၊ နှစ်နိုင်ငံနယ်စပ် မြစ်ကြောင်းတစ်လျှောက် မြေထိန်းနံရံများ ပြုလုပ်နေသည့် ကိစ္စနှင့် ပတ်သက်၍ ညှိနှိုင်းဆောင်ရွက်ရေး တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား အပြန်အလှန် လည်ပတ်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးနှင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး အတွက် ထိထိရောက်ရောက် ဆောင်ရွက်ရေး ဆိုင်ရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် ထိုင်းတပ်မတော် ကာကွယ်ရေးဦးစီးချုပ်က မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ် အေးချမ်းမှုကို အပြည့်အ၀ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
ထို့ပြင် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် ဇန်န၀ါရီ  ၉ ရက်နေ့တွင် ထိုင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး General Yutthasak Sasiprapa အား ကာကွယ်ရေးဝန်ကြီးရုံး ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
မြန်မာ့တပ်မတော် အဆင့်မြင့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ဇန်န၀ါရီ  ၁၀ ရက် နေ့တွင် ထိုင်းဘုရင့်ကြည်းတပ် ရဟတ်ယာဉ်များဖြင့် ထိုင်းဘုရင့် ကြည်းတပ် စစ်တက္ကသိုလ်သို့ သွားရောက် ကြည့်ရှုလေ့လာခဲ့သည်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ဦးဆောင်သော  မြန်မာ့တပ်မတော် အဆင့်မြင့်ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ဝင်များသည် ထိုင်းဘုရင့်လေ တပ်ဦးစီးချုပ် Air Chief Marshal Itthaporn Subhawong  လိုက်ပါလျက် ထိုင်းတပ်မတော် အထူးလေယာဉ်ဖြင့် Suratthani ပြည်နယ်ရှိ ထိုင်းဘုရင့်လေတပ် Wing-7 သို့ ဇန်န၀ါရီ ၁၁ ရက်တွင် ရောက်ရှိ လေ့လာခဲ့ကြောင်းလည်း သိရှိရပါသည်။

KIOနှင့်အစိုးရအဖွဲ့အကြား နှစ်ရက်ကြာ ဆွေးနွေးခဲ့ပြီးနောက် ကြေညာချက်ထုတ်ပြန်



KIO နှင့် အစိုးရ အဖွဲ့အကြား ငြိမ်းချမ်းရေး ရရှိရန်အတွက် ပဏာမ တွေ့ဆုံမှုကို ဇန်န၀ါရီလ ၁၈ရက်နှင့် ၁၉ရက် နေ့များတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ရွှေလီမြို့၌ ပြုလုပ် ခဲ့ပါသည်။ နှစ်ရက်ကြာ တွေ့ဆုံမှု အပြီးတွင် ကြေညာချက် တစ်ရပ် ထုတ်ပြန်ခဲ့ကာ ကြေညာချက်၌ အချက်လေးချက် ဖော်ပြခဲ့ပါသည်။ ဆွေးနွေးမှု အပြီး ထုတ်ပြန်ခဲ့သော ကြေညာချက်ပါ အချက် လေးချက်မှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။

(၁) ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် KIO ကိုယ်စားလှယ်တို့သည် ပြည်ထောင်စု မြန်မာ နိုင်ငံတော်ကြီး တည်ငြိမ် အေးချမ်းရေးနှင့် တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေး ဖော်ဆောင်ရန် ရှေးရှု၍ ၂၀၁၂ခုနှစ် ဇန်န၀ါရီလ ၁၈ရက်နေ့ နှင့် ၁၉ရက်နေ့တို့တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ရွှေလီမြို့တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။

(၂) နိုင်ငံတော် အစိုးရနှင့်  KIO တို့သည် နိုင်ငံရေး နည်းလမ်းဖြင့် ဆက်လက် ညှိနှိုင်း ဆွေးနွေး သွားမည်။

(၃) ဆွေးနွေးကြသည့် အကြောင်းအရာများကို ပြည်သူအများ သိရှိစေရန် မှန်ကန်သော သတင်းများ ထုတ်ပြန်သွားမည် ဖြစ်ပါသည်။

(၄) စစ်ရေး အရှိန်များကို ထိန်းသိမ်းသွားနိုင်ရန်နှင့် ယုံကြည်မှု တည်ဆောက် သွားနိုင်ရန် အတွက် ပြဿနာ ဖြစ်ပွားနိုင်သော ဒေသများရှိ နှစ်ဖက်သော တပ်များ ကိစ္စအား ညှိနှိုင်း ဆောင်ရွက် သွားမည် ဖြစ်ပါသည်။

LinkWithin

Related Posts Plugin for WordPress, Blogger...

GMAIL မှလဲ ဆက်သွယ်နိုင်ပါပြီ..

အင်္ဂလိမ်ဘာသာနှင့် ဖတ်ရူချင်သူများအတွက် သတင်းများ


Get Your News Widget
Share

ဧည့်သည်တော်နိုင်ငံများ

လူ အခွင့်အရေး အပိုဒ် (၃၀)

အပိုဒ်(၁)။ လူတိုင်းသည် မွေးဖွားလာကတည်းက တန်းတူညီမှုရှိသည်။ အပိုဒ်(၂)။ မည်သူကိုမျှ ခွဲခြားဖိနှိပ်ခြင်းမရှိစေရ။ အပိုဒ်(၃)။ လူတိုင်းအသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့်လုံခြုံခွင့်ရှိသည်။ အပိုဒ်(၄)။ မည်သူကိုမှ ကျွန်အဖြစ်စေခိုင်း ရောင်းဝယ်ခြင်းမပြုရ။ အပိုဒ်(၅)။ မည်သူကိုမှ မတရားနှိပ်စက်ခြင်း၊ လူမဆန်စွာ၊ ရက်စက်စွာဆက်ဆံခြင်း၊ အပြစ်ပေးခြင်းမပြုရ။ အပိုဒ်(၆)။ တရားဥပဒေရှေ့မှောက်တွင် လူတိုင်းအား လူသားအဖြစ် အသိအမှတ်ပြုခံပိုင်ခွင့်။ အပိုဒ်(၇)။ တရားဥပဒေရှေ့တွင် တန်းတူညီခွင့်။ အပိုဒ်(၈)။ မိမိအခွင့်အရေးချိုးဖောက်ခံရပါက ဥပဒေအကူအညီရယူခွင့်။ အပိုဒ်(၉)။ မတရားဖမ်းဆီးခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းအား ကာကွယ်မှုရရှိခွင့်။ အပိုဒ်(၁၀)။ လူအများကြားနာပြီး တရားမျှတသော တရားစီရင်မှုရရှိခွင့်။ အပိုဒ်(၁၁)။ ခိုင်လုံသော အထောက်အထားမရှိမချင်း ထိုသူသည် အပြစ်မရှိဟူ၍ သတ်မှတ်ခံပိုင်ခွင့်။ အပိုဒ်(၁၂)။ ပုဂ္ဂလိကကိုယ်ရေးကိုယ်တာများအား ၀င်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ပေးခြင်း။ အပိုဒ်(၁၃)။ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် အပိုဒ်(၁၄)။ မတရားအပြစ်ပေးခံရမည်ဆိုပါက အခြားနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံပိုင်ခွင့်။ အပိုဒ်(၁၅)။ နိုင်ငံသားဖြစ်ခွင့် အပိုဒ်(၁၆)။ အရွယ်ရောက်သူတိုင်း မိမိဆန္ဒဖြင့် လက်ထပ်အိမ်ယာထူထောင်ခွင့်။ အပိုဒ်(၁၇)။ ပစ္စည်းဥစ္စာပိုင်ခွင့်။ အပိုဒ်(၁၈)။ လွတ်လပ်စွာတွေးခေါ်ယုံကြည်ကိုးကွယ်ခွင့်။ အပိုဒ်(၁၉)။ လွတ်လပ်စွာ ထုတ်ဖော်တင်ပြပြောဆိုခွင့်၊ သတင်းများရယူခွင့်။ အပိုဒ်(၂၀)။ ငြိမ်းချမ်းစွာဖွဲ့စည်းထားသောအဖွဲ့အစည်းများအား လွတ်လပ်စွာဝင်ရောက်ခွင့်။ စုဝေးခွင့်။ အပိုဒ်(၂၁)။ အစိုးရတွင်ပါဝင်ခွင့်။ အပိုဒ်(၂၂)။ လူမှုဖူလုံရေးခံစားခွင့်။ အပိုဒ်(၂၃)။ အလုပ်လုပ်ခွင့်၊ အလုပ်သမားသမဂ္ဂ၀င်ရောက်ခွင့်။ အပိုဒ်(၂၄)။ အပန်းဖြေအနားယူခွင့်။ အပိုဒ်(၂၅)။ လုံလောက်သော လူမှုအဆင့်အတန်းခံစားခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၆)။ ပညာသင်ကြားပိုင်ခွင့်။ အပိုဒ်(၂၇)။ ယဉ်ကျေးမှုဘ၀တွင် ပါဝင်ပိုင်ခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၈)။ ထိုအခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၂၉)။ အခြားသူများ၏ အခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၃၀)။ မည်သူမျှဤအခွင့်အရေးများကို မချိုးဖောက်ရန်တာဝန်။