Popular Posts

လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက် ဝမ်းသာစွာဖြင့် ကြိုဆိုပါသည်။သိုသော် အကျဉ်းထောင်ထဲတွင်ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော်အတွက် ထပ်မံကြိုးစားဆောင်ရွက်ပေးကြဖို့ လိုအပ်ပါသေးသည်။..
ဒေါင်းမျိုးဆက်က ကိုယ်ကျိုးမဖက်ပဲနှင့် တိုင်းပြည်အကျိုး လူထုအကျိုး ကြိုးစားလုပ်ဆောင်သွားမည်။
ပြည်သူသာအမိ ပြည်သူသာအဖ ဆောင်ပုဒ်ကို လက်ကိုင်ကာစွဲ ဒါတို့ရဲ့အောင်ပွဲ

2/11/2012

အရှင်ဂမ္ဘီရ ပြန်လည်သတင်းသုံးနေပြီ

သံင်္ဃာစက်နှင့်မရ၍ အာဏာစက်ဖြင့် ခေါ်ဆောင်သွားခဲ့သော စစ်အာဏာပိုင်များမှ လယ်တီဝိပဿနာကျောင်းတွင် ခေတ္တသီတင်းသုံး နေထိုင်နေသည့် ရွှေဝါရောင် ဦးဆောင်ဆရာတော် အရှင်ဂမ္ဘီရအား အာဏာပိုင်များမှ ခေါ်ဆောင်သွားခဲ့ရာ ယနေ့ည ၈ နာရီခွဲအချိန်တွင် ပြန်လည်ရောက်ရှိလာပြီး ယခုအခါ မဂ္ဂင်ကျောင်းတိုက်၌ ပြန်လည် သီတင်းသုံးနေပြီဖြစ်ကြောင်း သိရှိရသည်။ မည်သည့်အတွက်ကြောင့် ခေါ်ဆောင်သွားသည်ကိုမူ မသိရှိရသေးပါ။

ယနေ့ နေ့လည်ပိုင်းတွင် ရွှေဝါရောင်တော်လှန်ရေးအပြီး ချိပ်ပိတ်ခြင်းခံထားရသည့် ကျောင်းတိုက်လေးခုအနက်မှ မဂ္ဂင်ကျောင်းတိုက်၊ ရွှေတောင်ကျောင်းတိုက်တို့အား သာသနာရေးဦးစီးဌာနနှင့် အာဏာပိုင်များမှ ပြန်လည် ဖွင့်လှစ်ပေးခဲ့ပြီး သာသနာ့သိပ္ပံကျောင်းတိုက်နှင့် ရတနာ့ဂုဏ်ရည် ကျောင်းတိုက်တို့အား ချိတ်ပိတ်ထားဆဲဖြစ်ကြောင်း သိရသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဌ ဦးအောင်မိုးဇော်နှင့်အဖွဲ့ ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းနှင့်တွေ့ဆုံ

dsc00239
၅-၂-၂၀၁၂ ရက်နေ့၌ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဌ ဦးအောင်မိုးဇော် ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး အဖွဲ့ခေါင်းဆောင် ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းနှင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုသို့ဆွေးနွေးရာတွင် နှစ်ဘက်အကြား သဘောထား အမြင်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေး ဖလှယ်ခဲ့ကြသည်။
ဆွေးနွေးရာတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဘက်က ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန်တို့၏ ဆွေးနွေးမှု ဖြစ်စဉ်ကို ဆက်လက်ဆောင်ရွက်ရန်၊ ထိုသို့ဆွေးနွေးရာတွင်လည်း အသွင်ကူးပြောင်းရေးဆိုင်ရာ လုပ်ငန်းစဉ်အား နှစ်ဦးနှစ်ဘက် သဘောတူညီသော အချိန်ဇယားတခု သတ်မှတ်ရန်လည်း အကြံပြုခဲ့သည်။
ထို့အပြင် အကျဉ်းထောင်များအတွင်း ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသားများအား ပြန်လွှတ်ပေးရေး၊ ပြည်ပရောက် နိုင်ငံရေး အင်အားစု များ အား မြန်မာ့နိုင်ငံရေးဖြစ်စဉ် များတွင် ပါဝင်နိုင်ရေးအတွက် ဥပဒေများ ပြန်ဌာန်းပေးရေးနှင့် ဒီမိုကရေစီ စနစ်နှင့် မလျော်ညီတော့သည့် နိုင်ငံရေးနှင့် လုံခြုံရေး ဆိုင်ရာဥပဒေများအား ပြန်လည်ပြင်ဆင်ခြင်း သို့တည်း မဟုတ် ဖျက်သိမ်းပေးရန် တောင်းဆို တိုက်တွန်းခဲ့သည်။    ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းမှလည်း ၎င်း၏ အမြင်များကို ရင်းနှီးပွင့်လင်းစွာ တုန့်ပြန်ဆွေးနွေး ခဲ့သည်။ တနာရီခွဲ ကြာ ဆွေးနွေးပွဲ အတွင်း လက်နက်ကိုင် တိုင်းရင်းသားအင်အားစုများအရေးကိုလည်း ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံဆွေးနွေး ပွဲတွင် နှစ်ဘက်အကြား ဆက်လက်ဆွေးနွေးရန် အတွက် လမ်းဖွင့်ထားသော်လည်း နေ့ရက်အတိအကျကို သတ်မှတ်ထားခြင်း မရှိသေးချေ။

LinkWithin

Related Posts Plugin for WordPress, Blogger...

GMAIL မှလဲ ဆက်သွယ်နိုင်ပါပြီ..

အင်္ဂလိမ်ဘာသာနှင့် ဖတ်ရူချင်သူများအတွက် သတင်းများ


Get Your News Widget
Share

ဧည့်သည်တော်နိုင်ငံများ

လူ အခွင့်အရေး အပိုဒ် (၃၀)

အပိုဒ်(၁)။ လူတိုင်းသည် မွေးဖွားလာကတည်းက တန်းတူညီမှုရှိသည်။ အပိုဒ်(၂)။ မည်သူကိုမျှ ခွဲခြားဖိနှိပ်ခြင်းမရှိစေရ။ အပိုဒ်(၃)။ လူတိုင်းအသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့်လုံခြုံခွင့်ရှိသည်။ အပိုဒ်(၄)။ မည်သူကိုမှ ကျွန်အဖြစ်စေခိုင်း ရောင်းဝယ်ခြင်းမပြုရ။ အပိုဒ်(၅)။ မည်သူကိုမှ မတရားနှိပ်စက်ခြင်း၊ လူမဆန်စွာ၊ ရက်စက်စွာဆက်ဆံခြင်း၊ အပြစ်ပေးခြင်းမပြုရ။ အပိုဒ်(၆)။ တရားဥပဒေရှေ့မှောက်တွင် လူတိုင်းအား လူသားအဖြစ် အသိအမှတ်ပြုခံပိုင်ခွင့်။ အပိုဒ်(၇)။ တရားဥပဒေရှေ့တွင် တန်းတူညီခွင့်။ အပိုဒ်(၈)။ မိမိအခွင့်အရေးချိုးဖောက်ခံရပါက ဥပဒေအကူအညီရယူခွင့်။ အပိုဒ်(၉)။ မတရားဖမ်းဆီးခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းအား ကာကွယ်မှုရရှိခွင့်။ အပိုဒ်(၁၀)။ လူအများကြားနာပြီး တရားမျှတသော တရားစီရင်မှုရရှိခွင့်။ အပိုဒ်(၁၁)။ ခိုင်လုံသော အထောက်အထားမရှိမချင်း ထိုသူသည် အပြစ်မရှိဟူ၍ သတ်မှတ်ခံပိုင်ခွင့်။ အပိုဒ်(၁၂)။ ပုဂ္ဂလိကကိုယ်ရေးကိုယ်တာများအား ၀င်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ပေးခြင်း။ အပိုဒ်(၁၃)။ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် အပိုဒ်(၁၄)။ မတရားအပြစ်ပေးခံရမည်ဆိုပါက အခြားနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံပိုင်ခွင့်။ အပိုဒ်(၁၅)။ နိုင်ငံသားဖြစ်ခွင့် အပိုဒ်(၁၆)။ အရွယ်ရောက်သူတိုင်း မိမိဆန္ဒဖြင့် လက်ထပ်အိမ်ယာထူထောင်ခွင့်။ အပိုဒ်(၁၇)။ ပစ္စည်းဥစ္စာပိုင်ခွင့်။ အပိုဒ်(၁၈)။ လွတ်လပ်စွာတွေးခေါ်ယုံကြည်ကိုးကွယ်ခွင့်။ အပိုဒ်(၁၉)။ လွတ်လပ်စွာ ထုတ်ဖော်တင်ပြပြောဆိုခွင့်၊ သတင်းများရယူခွင့်။ အပိုဒ်(၂၀)။ ငြိမ်းချမ်းစွာဖွဲ့စည်းထားသောအဖွဲ့အစည်းများအား လွတ်လပ်စွာဝင်ရောက်ခွင့်။ စုဝေးခွင့်။ အပိုဒ်(၂၁)။ အစိုးရတွင်ပါဝင်ခွင့်။ အပိုဒ်(၂၂)။ လူမှုဖူလုံရေးခံစားခွင့်။ အပိုဒ်(၂၃)။ အလုပ်လုပ်ခွင့်၊ အလုပ်သမားသမဂ္ဂ၀င်ရောက်ခွင့်။ အပိုဒ်(၂၄)။ အပန်းဖြေအနားယူခွင့်။ အပိုဒ်(၂၅)။ လုံလောက်သော လူမှုအဆင့်အတန်းခံစားခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၆)။ ပညာသင်ကြားပိုင်ခွင့်။ အပိုဒ်(၂၇)။ ယဉ်ကျေးမှုဘ၀တွင် ပါဝင်ပိုင်ခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၈)။ ထိုအခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၂၉)။ အခြားသူများ၏ အခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၃၀)။ မည်သူမျှဤအခွင့်အရေးများကို မချိုးဖောက်ရန်တာဝန်။