Popular Posts

လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက် ဝမ်းသာစွာဖြင့် ကြိုဆိုပါသည်။သိုသော် အကျဉ်းထောင်ထဲတွင်ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော်အတွက် ထပ်မံကြိုးစားဆောင်ရွက်ပေးကြဖို့ လိုအပ်ပါသေးသည်။..
ဒေါင်းမျိုးဆက်က ကိုယ်ကျိုးမဖက်ပဲနှင့် တိုင်းပြည်အကျိုး လူထုအကျိုး ကြိုးစားလုပ်ဆောင်သွားမည်။
ပြည်သူသာအမိ ပြည်သူသာအဖ ဆောင်ပုဒ်ကို လက်ကိုင်ကာစွဲ ဒါတို့ရဲ့အောင်ပွဲ

5/19/2012

လှိုင်သာယာက ဟိုင်မို ပြန်လည် ဆန္ဒထုတ်ဖော် တောင်းဆိုမှု ထပ်မံဖြစ်ပွားခဲ့

     High-Artဆံပင်တုစက်ရုံဘက်မှညှိနှိုင်းလစာအတိုင်းပေးမည်ဟုစာချုပ်ချုပ်ဆိုပြီးနောက်
 ဆောင်ရွက်ပေးခြင်းမရှိသောကြောင့်အလုပ်သမားများဆန္ဒထုတ်ဖော်တောင်းဆိုမှု ထပ်မံဖြစ်ပွား


လှိုင်သာယာစက်မှုဇုန်(၄)ရှိ High-Art (HiMo) ဆံပင်တုစက်ရုံဘက်မှ ညှိနှိုင်းလစာအတိုင်း ပေးမည်ဟုဆိုကာ စာချုပ်ချုပ်ဆိုခဲ့သော်လည်း ဆောင်ရွက်ပေးခြင်း မရှိသောကြောင့် အလုပ်သမားများ ဆန္ဒထုတ်ဖော် တောင်းဆိုမှု များ မေလ ၁၇ ရက်နေ့တွင် ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။အဆိုပါ ဆံပင်တုစက်ရုံမှ အလုပ်သမားများသည် မေလ ၉ ရက်နေ့နှင့် မေလ ၁၀ ရက်နေ့များတွင် လုပ်ခလစာနှင့် ပတ်သက်၍ ဆန္ဒပြတောင်းဆိုမှုများ ဖြစ်ပွားခဲ့ပြီး မေလ ၁၀ ရက်နေ့တွင် အလုပ်ရှင်နှင့် အလုပ်သမားများ ညှိနှိုင်းပြေလည်မှုရရှိခဲ့ကြောင်း၊ သို့သော် စက်ရုံဘက်မှ အ ဆိုပါ ညှိနှိုင်းထားသည့် အချက်များအတိုင်း ဆောင်ရွက်ပေးခြင်းမရှိသောကြောင့် မေလ ၁၅ ရက်နေ့တွင် ဒုတိယအကြိမ်အဖြစ် ဆန္ဒပြတောင်းဆိုမှု ထပ်မံဖြစ်ပွားခဲ့ကာ အလုပ်သမားဝန်ကြီးဌာနမှ ညှိနှိုင်းပေးသဖြင့်မေလ ၁၆ ရက်နေ့တွင် ပြေလည်မှုရရှိသွားကြောင်း သိရသည်။ ထိုသို့ ညှိနှိုင်းပြေလည်၍ စက်ရုံဘက်မှ အလုပ်သမားများကို လုပ်ခလစာ တိုးမြှင့်ပေးခြင်းအား တရားဝင်စာဖြစ် ထုတ်ပြန်ပေးရန် အလုပ်သမားများဘက်မှ တောင်းဆိုရာ

၇ဇူလိုင် နှစ်၅၀ပြည့်အထိမ်းအမှတ် အခမ်းအနားကျင်းပရန်အတွက် အကြိုစည်းရုံးမှုများစတင်ပြုလုပ်



ဆဲဗင်းဂျုလိုင် နှစ်ငါးဆယ်ပြည့် အရေးတော်ပုံ အခမ်းအနား ကျင်းပရေး အတွက် စည်းရုံးရေး အကြိုလှုပ်ရှားမှုများ စတင် ။ နှစ်ငါးဆယ်ပြည့် ဇူလိုင်(၇)ရက် အရေးတော်ပုံ အခမ်းအနား ကျင်းပရေးကော်မတီ မှ အကြိုကာလ စည်းရုံးရေး လှုပ်ရှားမှုများ စတင် သည့်အနေဖြင့် မန္တလေး ဈေးချိုတော် အတွင်း စတစ်ကာများ ကပ်ခြင်း ၊ လက်ကမ်းစာစောင်များ လိုက်လံဝေငှခြင်း များ ဆောင်ရွက်ခဲ့ပြီး ဈေးသူဈေးသား များမှ အားတက်သရော အားပေးခဲ့ကြသည်။ မန်းမြန်မာပလာဇာသို့ ဝင်ရောက် ရာတွင် မူ တာဝန်ကျ မန်းမြန်မာပလာဇာ ဝန်ထမ်းမှ ဓါတ်ပုံများ မရိုက်ရန်၊ ကြေငြာများ မကပ်ရန် ၊ကပ်လို့ပါက ရုံးခန်းသို့ လိုက်ပြောရန် လာပြောသည်။ ကျောင်းသားများက ဓါတ်ပံမရိုက်ရန် သဘောတူသောလည်း အခြားစီးပွားရေးကြော်ငြာများကပ်သည့် နေရာများတွင် ကပ်ခဲ့ကြသည်။ အချို့နေရာများ ပြန်လည်ခွာပစ်ခဲ့ကြသည့်အတွက် မှတ်တမ်းဓါတ်ပုံများ ပြန်လည်ရိုက်ခဲ့သည်။ စီပွားရေးကြော်ငြာများ ကပ်ခွင့် ပြုထားပြီး အရေးတော်ပုံ စတစ်ကာအား ကပ်ခွင့်မပြုခဲ့သော ထိုလုပ်ရပ်ကို ကျောင်းသားများ မကျေနပ်သော်လည်း ငြိမ်းချမ်းစွာ ဖြင့် ပြီးဆုံးအောင် ဆောင်ရွက်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေး ဆပ်ကော်မတီ။ ဗကသများအဖွဲ့ချုပ်(အထက်ဗမာပြည်)

LinkWithin

Related Posts Plugin for WordPress, Blogger...

GMAIL မှလဲ ဆက်သွယ်နိုင်ပါပြီ..

အင်္ဂလိမ်ဘာသာနှင့် ဖတ်ရူချင်သူများအတွက် သတင်းများ


Get Your News Widget
Share

ဧည့်သည်တော်နိုင်ငံများ

လူ အခွင့်အရေး အပိုဒ် (၃၀)

အပိုဒ်(၁)။ လူတိုင်းသည် မွေးဖွားလာကတည်းက တန်းတူညီမှုရှိသည်။ အပိုဒ်(၂)။ မည်သူကိုမျှ ခွဲခြားဖိနှိပ်ခြင်းမရှိစေရ။ အပိုဒ်(၃)။ လူတိုင်းအသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့်လုံခြုံခွင့်ရှိသည်။ အပိုဒ်(၄)။ မည်သူကိုမှ ကျွန်အဖြစ်စေခိုင်း ရောင်းဝယ်ခြင်းမပြုရ။ အပိုဒ်(၅)။ မည်သူကိုမှ မတရားနှိပ်စက်ခြင်း၊ လူမဆန်စွာ၊ ရက်စက်စွာဆက်ဆံခြင်း၊ အပြစ်ပေးခြင်းမပြုရ။ အပိုဒ်(၆)။ တရားဥပဒေရှေ့မှောက်တွင် လူတိုင်းအား လူသားအဖြစ် အသိအမှတ်ပြုခံပိုင်ခွင့်။ အပိုဒ်(၇)။ တရားဥပဒေရှေ့တွင် တန်းတူညီခွင့်။ အပိုဒ်(၈)။ မိမိအခွင့်အရေးချိုးဖောက်ခံရပါက ဥပဒေအကူအညီရယူခွင့်။ အပိုဒ်(၉)။ မတရားဖမ်းဆီးခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းအား ကာကွယ်မှုရရှိခွင့်။ အပိုဒ်(၁၀)။ လူအများကြားနာပြီး တရားမျှတသော တရားစီရင်မှုရရှိခွင့်။ အပိုဒ်(၁၁)။ ခိုင်လုံသော အထောက်အထားမရှိမချင်း ထိုသူသည် အပြစ်မရှိဟူ၍ သတ်မှတ်ခံပိုင်ခွင့်။ အပိုဒ်(၁၂)။ ပုဂ္ဂလိကကိုယ်ရေးကိုယ်တာများအား ၀င်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ပေးခြင်း။ အပိုဒ်(၁၃)။ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် အပိုဒ်(၁၄)။ မတရားအပြစ်ပေးခံရမည်ဆိုပါက အခြားနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံပိုင်ခွင့်။ အပိုဒ်(၁၅)။ နိုင်ငံသားဖြစ်ခွင့် အပိုဒ်(၁၆)။ အရွယ်ရောက်သူတိုင်း မိမိဆန္ဒဖြင့် လက်ထပ်အိမ်ယာထူထောင်ခွင့်။ အပိုဒ်(၁၇)။ ပစ္စည်းဥစ္စာပိုင်ခွင့်။ အပိုဒ်(၁၈)။ လွတ်လပ်စွာတွေးခေါ်ယုံကြည်ကိုးကွယ်ခွင့်။ အပိုဒ်(၁၉)။ လွတ်လပ်စွာ ထုတ်ဖော်တင်ပြပြောဆိုခွင့်၊ သတင်းများရယူခွင့်။ အပိုဒ်(၂၀)။ ငြိမ်းချမ်းစွာဖွဲ့စည်းထားသောအဖွဲ့အစည်းများအား လွတ်လပ်စွာဝင်ရောက်ခွင့်။ စုဝေးခွင့်။ အပိုဒ်(၂၁)။ အစိုးရတွင်ပါဝင်ခွင့်။ အပိုဒ်(၂၂)။ လူမှုဖူလုံရေးခံစားခွင့်။ အပိုဒ်(၂၃)။ အလုပ်လုပ်ခွင့်၊ အလုပ်သမားသမဂ္ဂ၀င်ရောက်ခွင့်။ အပိုဒ်(၂၄)။ အပန်းဖြေအနားယူခွင့်။ အပိုဒ်(၂၅)။ လုံလောက်သော လူမှုအဆင့်အတန်းခံစားခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၆)။ ပညာသင်ကြားပိုင်ခွင့်။ အပိုဒ်(၂၇)။ ယဉ်ကျေးမှုဘ၀တွင် ပါဝင်ပိုင်ခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၈)။ ထိုအခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၂၉)။ အခြားသူများ၏ အခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၃၀)။ မည်သူမျှဤအခွင့်အရေးများကို မချိုးဖောက်ရန်တာဝန်။