Popular Posts

လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက် ဝမ်းသာစွာဖြင့် ကြိုဆိုပါသည်။သိုသော် အကျဉ်းထောင်ထဲတွင်ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော်အတွက် ထပ်မံကြိုးစားဆောင်ရွက်ပေးကြဖို့ လိုအပ်ပါသေးသည်။..
ဒေါင်းမျိုးဆက်က ကိုယ်ကျိုးမဖက်ပဲနှင့် တိုင်းပြည်အကျိုး လူထုအကျိုး ကြိုးစားလုပ်ဆောင်သွားမည်။
ပြည်သူသာအမိ ပြည်သူသာအဖ ဆောင်ပုဒ်ကို လက်ကိုင်ကာစွဲ ဒါတို့ရဲ့အောင်ပွဲ

1/12/2012

တတိယအကြိမ်မြောက် အစိုးရသစ် ရဲ့စေတနာ မေတ္တာတော်.......( နိုင်ငံရေးအကျဉ်းသားများအမြန်ဆုံးလွတ်မြောက်ပါစေ..)

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အစိုးရသစ်လက်ထက် တတိယအကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ၁၀ ရက်အကြာ အကျဉ်းသား ၆၅၁ ဦးအား ထပ်မံလွတ်ငြိမ်း ချမ်းသာခွင့်ပေးခဲ့သည်။

အကျဉ်းသား ၆၅၁ ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် နိုင်ငံတော်သမ္မတ၏ အမိန့်ကို ဇန်န၀ါရီလ ၁၂ ရက်နေ့ ညနေ ၆ နာရီအချိန်  နိုင်ငံပိုင် မြန်မာ့ရုပ်မြင်သံကြားမှ တစ်ဆင့် ထုတ်ပြန်သွားခဲ့သည်။


အဆိုပါ ထုတ်ပြန်ချက်တွင် "ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် နိုင်ငံတော် တည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်းမှု ဖော်ဆောင်ရေးအတွက် လည်းကောင်း၊ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးအတွက် လည်းကောင်း၊ နိုင်ငံရေးလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်ခွင့် ရရှိစေရေးအတွက် လည်းကောင်း၊ လူသားခြင်းစာနာထောက်ထားမှုကို အလေးပေးသောအားဖြင့် လည်းကောင်း နိုင်ငံတော်၏ မေတ္တာနှင့်စေတနာကို နားလည်ကြပြီး နိုင်ငံတော်သစ် တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေသည့် နိုင်ငံသားများအဖြစ်သို့ ပြုပြင်ပြောင်းလဲနိုင်စေရေးအတွက် လည်းကောင်း ရည်ရွယ်ပြီး အကျဉ်းထောင်အသီးသီးမှ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား၊ အကျဉ်းသူ ၆၅၁ ဦးအား ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၃ ရက်နေ့မှစပြီး လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်သည်"ဟု ဖော်ပြထားသည်။

ဇန်န၀ါရီလ ၂ ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ထုတ်ပြန်ပြီး  ၁၀ ရက်အကြာ ဇန်န၀ါရီလ ၁၂ ရက်နေ့တွင် ယခုကဲ့သို့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ထပ်မံထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော် တည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်းမှု ဖော်ဆောင်ရေးအတွက် လည်းကောင်း၊ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးအတွက် လည်းကောင်း၊ နိုင်ငံရေးလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်ခွင့် ရရှိစေရေးအတွက်လည်းကောင်း . . .

ဇန်န၀ါရီလ ၂ ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ ဇန်န၀ါရီလ ၃ ရက်နေ့တွင် အကျဉ်းထောင် အသီးသီးမှ အကျဉ်းကျခံလျက်ရှိသော အကျဉ်းသားများအနက် အကျဉ်းသား ၆၀၈၇ ဦး၊ အကျဉ်းသူ ၅၆၉ ဦး စုစုပေါင်း ၆၆၅၆ ဦးတို့ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်များ ရရှိခဲ့ပြီး ယင်းအနက် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူအချို့သာ လွတ်မြောက်ခဲ့သည်။

ထို့ပြင် ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် နိုင်ငံတော်သမ္မတ၏ အမိန့်ကြော်ငြာစာအမှတ် ၄၉/၂၀၁၁ အရ မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင် ၄၂ ခုနှင့် အလုပ်စခန်း ၁၀၉ ခုရှိ အကျဉ်းသားဦးရေ ၄၀၀၀၀ ကျော်အနက် နေသား ၅၀ ရာခိုင်နှုန်းမှ ၇၅ ရာခိုင်နှုန်းရှိ အကျဉ်းသား ၆၃၅၉ ဦးအား အောက်တိုဘာလ ၁၂ ရက်နေ့ (သီတင်းကျွတ်လပြည့်နေ့)မှ စတင်ပြီး လွတ်ငြိမ်းချမ်းသာ ခွင့်ပြုခဲ့ရာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရပြီး လွတ်မြောက်လာသူ ၂၀၀ ကျော်ထဲတွင် ကိုသူရ (ခ)ဇာဂနာ၊ ဗိုလ်ချုပ်ဆေထင်(SSPC ဥက္ကဋ္ဌ)၊ ကိုကိုကြီး (စမ်းချောင်း)၊ မစုစုနွေးတို့ ပါဝင်ခဲ့သည်။

နိုင်ငံတော်သမ္မတ၏ ပထမဆုံး လွတ်ငြိမ်းချမ်းသာခွင့်အဖြစ် ၂၀၁၁ ခုနှစ် မေလ ၁၆ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည့် အမိန့်ကြေညာချက်အရ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူအချို့ အပါအ၀င် အကျဉ်းသား ၁၄၆၀၀ ကျော် လွတ်ငြိမ်းချမ်းသာခွင့် ရခဲ့သည်။

နက်ဖြန် 13ရက်နေ့ တွင်လွတ်မြောက်လာမည့် အကျဉ်းသား(၆၅၁)ဦးထဲမှ ရန်ကုန်က သံတမန်အသိုင်းအ၀န်းနဲ့ နိုင်ငံရေးအသိုင်းအ၀ိုင်းက သတင်းတွေ အရ ၈၈ ထိပ်တန်းခေါင်းဆောင်အားလုံးနဲ့ နိုင်ငံရေးအကျဉ်းသား များ ပြန်လည်လွတ်မြောက်လာမည်ဟုသိရ၊ ၀န်ကြီးချုပ်ဟောင်း ဗိုလ်ခင်ညွှန့် ပါ လွတ်မြောက်လာသူထဲတွင် ပါဝင်လာနိုင်ပါကြောင်းသတင်းများထွက်ပေါ်နေပါသည်။

NLD ၏ ကြားဖြတ်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်အဖြစ် စေလွှတ်သူများ ....

လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်အမတ်လောင်းအချို့၏ နာမည်များနှင့် ၄င်းတို့ ၀င်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်များကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ယနေ့နေ့လည်တွင် ထုတ်ပြန်ကြေညာသည်။

ဧပြီ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ် ၄၈ နေရာရှိရာ အဆိုပါမဲဆန္ဒနယ်အားလုံးတွင် ၀င်ရောက်ယှဉ်ပြိုင်သွားမည့် NLD ပါတီက ယနေ့ထုတ်ပြန်သောစာရင်းမှာ မဲဆန္ဒနယ် ၂၂ နေရာတွင် ၀င်ရောက်ယှဉ်ပြိုင်အရွေးချယ်ခံမည့် စာရင်းဖြစ်ပြီး ကျန်အမတ်လောင်းစာရင်းများကို ဆက်လက်ကြေညာသွားရန်ရှိကြောင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ကြေငြာသည်။

ယနေ့ထုတ်ပြန်သောစာရင်းအရ ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဒေါ်စုစုလွင်က သုံးခွမြို့၊ ဒေါက်တာမျိုးအောင်က ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ဒေါ်ဖြူဖြူသင်းက မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဦးဖြိုးမင်းသိန်းက လှည်းကူးမြို့နယ်နှင့် ဒေါက်တာဒေါ်မေ၀င်းမြင့်က မရမ်းကုန်းမြို့နယ်တို့မှ ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ပဲခူးတိုင်းဒေသကြီးရှိ လစ်လပ်မဲဆန္ဒနယ် ၆ နေရာတွင် ဦးအောင်စိုးမြင့်က တောင်ငူမြို့နယ်၊ ဦးစိန်ထွန်းက ထန်းတပင်မြို့နယ်၊ ဦးမြင့်ဦးက သနပ်ပင်မြို့နယ်၊ ဦးကျော်မင်းက လက်ပံတန်းမြို့နယ်၊ ဦးမင်းဦးက အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၇) ဖြစ်သည့် အုတ်တွင်းမြို့နယ်နှင့် ထန်းတပင်မြို့နယ်၊ ဦးမျိုးခိုင်က က၀မြို့နယ်တို့တွင် အသီးသီးဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

မန္တလေးတိုင်းဒေသကြီးတွင် လစ်လပ်မဲဆန္ဒနယ် ၂ နေရာ ရှိသည့်အနက် ဦးအုန်းကြိုင်က မဟာအောင်မြေမြို့နယ်တွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဦးဝင်းထိန်က မိတ္ထီလာမြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

မွန်ပြည်နယ်ရှိ တစ်နေရာတည်းသော မဲဆန္ဒနယ်ဖြစ်သည့် မော်လမြို့နယ်တွင် ဒေါ်ခင်ဌေးကြွယ်က ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

လစ်လပ်မဲဆန္ဒနယ် ၂ ခုရှိသော ရှမ်းပြည်နယ်တွင် ဒေါက်တာဒေါ်သန်းငွေက ကလောမြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဦးစိုင်းမြင့်မောင်က အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၃)ဖြစ်သည့် လားရှိုး၊ တန်ယန်း၊ မိုင်းရယ်၊ သိနီ၊ ကွမ်းလုံစသည့် ငါးမြို့နယ်တွင် ၀င်ရောက်အရွေးခံမည်ဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီးတွင် မဲဆန္ဒနယ် ၅ ခုရှိရာ ဦးဝင်းမြင့်က ပုသိမ်မြို့နယ်၊ ဦးစိန်ဝင်းဟန်(ခ)ဦးစိန်ဝင်းက မအူပင်မြို့နယ်၊ ဦးမန်းဂျော်နီက မြောင်းမြမြို့နယ်၊ ဦးသိမ်းဆွေက အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် (၁၀)ဖြစ်သည့် ဖျာပုံ၊ ဒေးဒရဲမြို့နယ်တို့မှ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဒေါက်တာလှမြတ်သွေးက ရေကြည်မြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်မှ ၀င်ရောက်အရွေးချယ်ခံမည့် ဦးဖြိုးမင်းသိန်းက "ကျနော်ကတော့ ဒီညနေပဲ လှည်းကူးကိုသွားပြီး လေ့လာမှုတွေ စတင်လုပ်တော့မယ်။ နောက်ရက်မှာ အဲဒီမှာရှိတဲ့ ကျနော်တို့(ပါတီ)ရဲ့ လူတွေနဲ့တွေ့မယ်။ အောင်နိုင်ရေးအတွက် စအလုပ်လုပ်တော့မယ်" ဟု ပြောသည်။

ဒေါ်အောင်းဆန်းစုကြည်လည်း ၄င်းဝင်ရောက်ယှဉ်ပြိုင်မည့် ကော့မှူးမြို့နယ်သို့ မကြာမီ ခရီးထွက်ရန်ရှိပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံသွားရန်ရှိကြောင်း ဦးဖြိုးမင်းသိန်းက ဖြည့်စွက်ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည့် ဒေါ်ဖြူဖြူသင်းက "အောင်နိုင်ရေးအတွက် ရုံးခန်းပြင်ဆင်နေတယ်။ တိုင်းကနေ ချထားပေးတဲ့ ခြောက်မြို့နယ်မှာ အောင်နိုင်ရေးအစီအစဉ်တွေရှိတယ်"

နိုင်ငံရေးအကျဉ်းသားများအမြန်ဆုံးလွှတ်ပေးးရေးအတွက်..ဝတ်ပြုဆုတောင်းသူများ

ယုံကြည်ချက်ကြောင့် ဆက်လက်  အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဆုတောင်းပွဲနှင့် တီရှပ်ကမ်ပိန်းများကိုနက်ဖြန် သောကြာနေ့ မနက် ၁၀ နာရီမှာ ရွှေတိဂုံဘုရားမှာ ပြုလုပ်သွားဖို့ ရှိတယ်လို့  ၈၈မျိုးဆက်ကျောင်းသားတဦးဖြစ်တဲ့  ကိုကိုကြီး(စမ်းချောင်း) က ပြောပါတယ်။ ဒေါ်အုန်းလှဦးဆောင်တဲ့ အဂါင်္ဆုတောင်းအဖွဲ့ ၊၈၈မျိုးဆက်ကျောင်းသားများ၊မျိုးဆက်သစ်လူငယ်များအစည်းအရုံးနဲ့ ရန်ကုန်တိုင်းတွင်းရှိ မြို့ နယ်အသီးသီးမှ စိတ်ပါဝင်စားသူများ စုပေါင်းပြီး နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဆုတောင်းပွဲကို ပြုလုပ်ကြမှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အပတ်စဉ် အင်္ဂါ နေ့ တိုင်းလုပ်နေကျ ဆုတောင်းပွဲကို နိုင်ငံရေးအကျဉ်းသားများ အတွက် ရည်စူးပြီး သောကြာနေ့ ကို ရွေ့ ပြောင်းပြီး ယခင် ၀တ်နေကျ အ၀ါရောင် တီရှပ်များအစား ထောင်ကျနေသူများအထိမ်းအမှတ်ဖြင့် "နိုင်ငံရေးအကျဉ်းသားများအမြန်ဆုံးလွတ်မြောက်ပါစေ" လို့ ရေးထားတဲ့ အပြာရောင်တီရှပ်များကို ၀တ်ဆင်ပြီး ဆုတောင်းကြမယ်လို့ သိရပါတယ်။ အဲဒါအပြင် "လွှတ် . ယုံကြည်ချက် အကျဉ်းသား" လို့ ရင်ဘတ်ရှေ့ မှာ ရေးထားတဲ့ တီရှပ်များကိုလည်း စုပေါင်းဝတ်ဆင်ပြီး ထိုတီရှပ်များကို အခမဲ့ ဝေသွားဖို့ ရှိတယ်လို့  ကိုကိုကြီး က ပြောပါတယ်။ ပြီးခဲ့တဲ့ အပတ်က စတင်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး စုပေါင်းလှုပ်ရှားမှုကိုလည်း လာမည့် တနင်္ဂနွေ နေ့ မှာ ဆက်လက် ပြုလုပ်သွားဖို့ ရှိပြီး ကို မင်းကိုနိုင် ပုံပါတဲ့ တီရှပ်များကို ၀တ်ဆင်ပြီး နိုင်ငံရေးအကျဉ်းသားမိသားစုအိမ်တွေကို သွားဖို့ ရှိတယ်လို့ ပြောပါတယ်။








ဓါတ်ပုံများကိုGeneration Wavefacebook စာမျက်နှာမှ ကူးယူဖော်ပြပါသည်။။

LinkWithin

Related Posts Plugin for WordPress, Blogger...

GMAIL မှလဲ ဆက်သွယ်နိုင်ပါပြီ..

အင်္ဂလိမ်ဘာသာနှင့် ဖတ်ရူချင်သူများအတွက် သတင်းများ


Get Your News Widget
Share

ဧည့်သည်တော်နိုင်ငံများ

လူ အခွင့်အရေး အပိုဒ် (၃၀)

အပိုဒ်(၁)။ လူတိုင်းသည် မွေးဖွားလာကတည်းက တန်းတူညီမှုရှိသည်။ အပိုဒ်(၂)။ မည်သူကိုမျှ ခွဲခြားဖိနှိပ်ခြင်းမရှိစေရ။ အပိုဒ်(၃)။ လူတိုင်းအသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့်လုံခြုံခွင့်ရှိသည်။ အပိုဒ်(၄)။ မည်သူကိုမှ ကျွန်အဖြစ်စေခိုင်း ရောင်းဝယ်ခြင်းမပြုရ။ အပိုဒ်(၅)။ မည်သူကိုမှ မတရားနှိပ်စက်ခြင်း၊ လူမဆန်စွာ၊ ရက်စက်စွာဆက်ဆံခြင်း၊ အပြစ်ပေးခြင်းမပြုရ။ အပိုဒ်(၆)။ တရားဥပဒေရှေ့မှောက်တွင် လူတိုင်းအား လူသားအဖြစ် အသိအမှတ်ပြုခံပိုင်ခွင့်။ အပိုဒ်(၇)။ တရားဥပဒေရှေ့တွင် တန်းတူညီခွင့်။ အပိုဒ်(၈)။ မိမိအခွင့်အရေးချိုးဖောက်ခံရပါက ဥပဒေအကူအညီရယူခွင့်။ အပိုဒ်(၉)။ မတရားဖမ်းဆီးခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းအား ကာကွယ်မှုရရှိခွင့်။ အပိုဒ်(၁၀)။ လူအများကြားနာပြီး တရားမျှတသော တရားစီရင်မှုရရှိခွင့်။ အပိုဒ်(၁၁)။ ခိုင်လုံသော အထောက်အထားမရှိမချင်း ထိုသူသည် အပြစ်မရှိဟူ၍ သတ်မှတ်ခံပိုင်ခွင့်။ အပိုဒ်(၁၂)။ ပုဂ္ဂလိကကိုယ်ရေးကိုယ်တာများအား ၀င်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ပေးခြင်း။ အပိုဒ်(၁၃)။ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် အပိုဒ်(၁၄)။ မတရားအပြစ်ပေးခံရမည်ဆိုပါက အခြားနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံပိုင်ခွင့်။ အပိုဒ်(၁၅)။ နိုင်ငံသားဖြစ်ခွင့် အပိုဒ်(၁၆)။ အရွယ်ရောက်သူတိုင်း မိမိဆန္ဒဖြင့် လက်ထပ်အိမ်ယာထူထောင်ခွင့်။ အပိုဒ်(၁၇)။ ပစ္စည်းဥစ္စာပိုင်ခွင့်။ အပိုဒ်(၁၈)။ လွတ်လပ်စွာတွေးခေါ်ယုံကြည်ကိုးကွယ်ခွင့်။ အပိုဒ်(၁၉)။ လွတ်လပ်စွာ ထုတ်ဖော်တင်ပြပြောဆိုခွင့်၊ သတင်းများရယူခွင့်။ အပိုဒ်(၂၀)။ ငြိမ်းချမ်းစွာဖွဲ့စည်းထားသောအဖွဲ့အစည်းများအား လွတ်လပ်စွာဝင်ရောက်ခွင့်။ စုဝေးခွင့်။ အပိုဒ်(၂၁)။ အစိုးရတွင်ပါဝင်ခွင့်။ အပိုဒ်(၂၂)။ လူမှုဖူလုံရေးခံစားခွင့်။ အပိုဒ်(၂၃)။ အလုပ်လုပ်ခွင့်၊ အလုပ်သမားသမဂ္ဂ၀င်ရောက်ခွင့်။ အပိုဒ်(၂၄)။ အပန်းဖြေအနားယူခွင့်။ အပိုဒ်(၂၅)။ လုံလောက်သော လူမှုအဆင့်အတန်းခံစားခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၆)။ ပညာသင်ကြားပိုင်ခွင့်။ အပိုဒ်(၂၇)။ ယဉ်ကျေးမှုဘ၀တွင် ပါဝင်ပိုင်ခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၈)။ ထိုအခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၂၉)။ အခြားသူများ၏ အခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၃၀)။ မည်သူမျှဤအခွင့်အရေးများကို မချိုးဖောက်ရန်တာဝန်။