Popular Posts

လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက် ဝမ်းသာစွာဖြင့် ကြိုဆိုပါသည်။သိုသော် အကျဉ်းထောင်ထဲတွင်ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော်အတွက် ထပ်မံကြိုးစားဆောင်ရွက်ပေးကြဖို့ လိုအပ်ပါသေးသည်။..
ဒေါင်းမျိုးဆက်က ကိုယ်ကျိုးမဖက်ပဲနှင့် တိုင်းပြည်အကျိုး လူထုအကျိုး ကြိုးစားလုပ်ဆောင်သွားမည်။
ပြည်သူသာအမိ ပြည်သူသာအဖ ဆောင်ပုဒ်ကို လက်ကိုင်ကာစွဲ ဒါတို့ရဲ့အောင်ပွဲ

10/22/2011

ပြန်လည်လွှတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများနှင့် ဒေါ်စုတွေဆုံကာ 'ယုံကြည်ချက်ခိုင်မာကြဖို့'' ပြောကြားခဲ့

ဝါရင့် နိုင်ငံရေးသမားကြီးတွေနဲ့ အကျဉ်းထောင်အသီးသီးက ပြန်လည် လွတ်မြောက်လာတဲ့ နိုင်ငံရေး သမားတွေကို ဂုဏ်ပြုကြိုဆိုတဲ့ အခမ်းအနား တစ်ရပ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
NLD
ဝါရင့် နိုင်ငံရေးသမားကြီးများနှင့် အကျဉ်းထောင်အသီးသီးမှ ပြန်လည် လွတ်မြောက်လာသည့် နိုင်ငံရေး သမားများကို အန်အဲလ်ဒီပါတီက ဂုဏ်ပြုကြိုဆိုသည့် အခမ်းအနားတွင် ပါတီ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ပြုစကား ပြောကြားနေစဉ်။ photo/NLD
ရွှေဂုံတိုင် NLD ရုံးချုပ်မှာ ကျင်းပတဲ့ အဲဒီ အခမ်းအနားမှာ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် က မိမိတို့ရဲ့ ယုံကြည်ချက် အတွက် ခိုင်ခိုင်မာမာ ရပ်တည်ဆောင်ရွက် ကြဖို့လိုကြောင်း အလေးအနက်ထား ပြောဆို သွားပါတယ်။ “ကျမကတော့ အဓိကထား ပြောချင်တာ ယုံကြည်ချက် ဆိုတာ ဘာလဲ၊ လွတ်မြောက်တယ် ဆိုတာ ဘာလဲ ဒီနှစ်ခုကို မီးမောင်းထိုးပြီးတော့ ပြောချင်ပါတယ်။ ကျမတို့ဟာ နိုင်ငံရေး လုပ်တယ်ဆိုတာ ယုံကြည်ချက်နဲ့ လုပ်ရမယ်။ ခံစားချက်နဲ့ မလုပ်ရဘူး။ ဒါကြောင့်မို့ ယုံကြည်ချက်နဲ့ ခံစားချက် မတူဘူးဆိုတာ ကျမတို့ နားလည်ဖို့ လိုပါတယ်။ ယုံကြည်ချက်ဆိုတာ ကိုယ်မှန်တယ်လို့ ထင်ထားတာကို စွဲစွဲမြဲမြဲ ကိုင်ထားတာဟာ ဒါ ယုံကြည်ချက်ပါပဲ” အဲဒီ အခမ်းအနားမှာ ဝါရင့်နိုင်ငံရေး သမားကြီးတွေ ဖြစ်တဲ့၊ ဦးနိုင်ငွေသိမ်း၊ သခင်လှကွန်း၊ ဦးသာဘန်း၊ ဗိုလ်အောင်နိုင်၊ ဦးအုံး (ရွှေတောင်)၊ ဦးကျော်စိန် နဲ့ ဦးထွေးမြင့်တို့ကို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တက်ရောက်လာသူတွေက လက်ဆောင်ပစ္စည်းတွေနဲ့ ကန်တော့ ခဲ့ကြပါတယ်။ ဝါရင့်နိုင်ငံရေး သမားကြီးများကိုယ်စား ဦးနိုင်ငွေသိမ်း နဲ့ သခင်လှကွန်း တို့က ဆုပေးစကား ပြန်လည် ပြောကြား ခဲ့ပါတယ်။

ဆလုံလူမျိုးတို့၏ပုံရိပ်ကိုထင်ဟပ်စေခဲ့သည့် 'ဆလုံကျွန်းမှပုံရိပ်များ' ဓာတ်ပုံပြပွဲ

b29_17
ပင်လယ်ပျော်ဆလုံလူမျိုး သုံးထောင်ကျော်တို့၏ ၁၈၉၄ ခုနှစ်မှ ယနေ့အထိ ရှင်သန်နေထိုင်ကြပုံ သမိုင်းကြောင်းပုံရိပ်များကို ထင်ဟပ်စေသည့် 'ဆလုံကျွန်းမှပုံရိပ်များ' ဓာတ်ပုံပြပွဲကို အောက်တိုဘာလ ၁၅ ရက်နေ့ကစပြီး မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်ယဉ်ကျေးမှုဌာနတွင် ပြုလုပ်လျှက်ရှိပါသည်။။ ၁၈၉၄ ခုနှစ်မှ ယနေ့အထိ ဆလုံလူမျိုးတို့ရဲ့သမိုင်းကြောင်းကို ထင်ဟပ်စေမည့်ဓာတ်ပုံ များ၊ကလေးငယ်များ၏ပန်းချီလက်ရာ များ၊ ဆလုံလူမျိုးများအသုံးပြုသည့် ကိရိယာတန်ဆာပလာများကို ပြသထားသည့်အပြင် ပြခန်းတွင်လည်း ဆလုံလူမျိုးများကို ရိုက်ကူးထားသည့် ဗီဒီယိုခွေအား ပြသထားပေးပါသည်။

ပြခန်းအတွင်းသို့ဝင်လိုက်လျှင် ဆလုံလူမျိုးများ၏ နတ်ကိုးကွယ် ယုံကြည်မှု၊ခေတ်အဆက်ဆက် နေထိုင်ခဲ့ကြသည့်ပုံစံ၊ ငါးဖမ်းဓလေ့၊ လက်ရှိဆလုံလူမျိုးများ၏ နေထိုင်ကြသည့်ပုံစံများကို ဓာတ်ပုံလက်ရာများ အနေဖြင့် တွေ့မြင်ခွင့်ရနိုင်သည့်အပြင် ဆလုံတို့၏လှေငယ်ပုံစံကိုလည်း ပြသထားပါသည်။ ဆလုံလူမျိုးတို့၏ မျက်နှာသွင်ပြင်ကို အနီးကပ်ပုံဖော်ထားသည့် ဓာတ်ပုံလက်ရာမှာ အသက်ဝင်သည့်အပြင် ဆလုံလူမျိုးတို့ယုံကြည်ရာ၊ရှင်သန်နေထိုင်ရာဘ၀အဓိပ္ပာယ်ကို ပုံဖော်စဉ်းစားမိစေပါသည်။ ပြခန်း၏အ၀င်ဝတွင် ဆလုံလူမျိုးများနှင့် ပတ်သက်တဲ့အချက်အလက်များကို ရေးသားပြုစုထားသည့် စာအုပ်များလည်း ဖတ်ရှုနိုင်ရန် ထားပေးထားသည်ကို တွေ့မြင်နိုင်ပါသည်။

'ဆလုံကျွန်းမှပုံရိပ်များ' ဓာတ်ပုံပြပွဲကို မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်ယဉ်ကျေးမှုဌာနမှ IRASEC ၊ CNRS ၊ ဒေသဆိုင်ရာ ယဉ်ကျေးမှု ဖလှယ်ရေးဌာန၊ SEAMEO Chat တို့နှင့် ပူးပေါင်းပြုလုပ်ခြင်းဖြစ်ပြီး 'လူမျိုးစုနဲ့သဘာဝပတ်ဝန်းကျင်' ခေါင်း စဉ်နှင့် ဟောပြောပွဲများကို အောက်တိုဘာလ ၂၀ နှင့် ၂၁ ရက်တို့တွင် ပြုလုပ်ခဲ့ပါသည်။ ဓာတ်ပုံပြပွဲကို နိုဝင်ဘာလ ၃ ရက်အထိ ဆက်လက် ပြသသွားမည်ဖြစ်ပြီး မည်သူမဆို ၀င်ရောက်ကြည့်ရှုနိုင်သည်ဟု သိရှိရသည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့က ''ဗုဒ္ဓဘာသာပြည်သူများထံသို့ နှိုးဆော်ချက်''

ထိုင်းနိုင်ငံမဲဆောက်မြို့တွင်နှစ်ပေါင်း(109)နှစ်ကျော်ကြာမြင့်အောင်တည်ရှိနေ
ခဲ့သောမြန်မာဗုဒ္ဓဘုန်းတော်ကြီးကျောင်းတစ်ခုဖြစ်သည့် (ဘာဝနာနိရာမ)တောရကျောင်းဟောင်းသည် ဆရာတော် ဦးမဟိန္ဒအားအမှူးထား၍ နှစ်စဉ်နှစ်တိုင်း ကျင်းပမြဲ ဖြစ်သော စုစုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာပွဲကို(20.10.2011)နေ့တွင် ကျင်းပရာမလိုလားအပ်သော နှောင့်ယှက်ဟန့်တားခြင်းခံလိုက်ရပါသည်။
ဤကိစ္စသည် လွန်ခဲ့သော ငါးနှစ်လောက်က ကျောင်းထိုင်နေရာလုခဲ့ဘူးသော ထိုင်းရဟန်းတစ်ပါးသည် ကထိန်အလှူပွဲကို ပျက်ပြားစေရုံသာမက ဆရာတော်ဘုရားကြီးနှင့်တကွ ဗုဒ္ဓဘာသာမြန်မာဘုန်းကြီးကျောင်းအဖြစ် ဆက်လက်တည်ရှိမှုကိုပါ အကွက်ချထိုးနှက်လာမှုဖြစ်သည်။ဤပြဿနာကို(25.10.2011)ရက်နေ့တွင် တာဝန်ရှိ ဆရာတော် သံဃာတော်များနှင့် သက်ဆိုင်ရာ အာဏာပိုင်များက လာရောက်ဖြေရှင်းပေးမည့်ဖြစ်ပါသောကြောင့်  မဲဆောက်မြို့ တောရကျောင်း ဟောင်းသည် ဗုဒ္ဓဘာသာမြန်မာဘုန်းကြီးကျောင်းအဖြစ်ဆက်လက်တည်ရှိရေးအတွက် ဗုဒ္ဓဘာသာမြန်မာ ဘုန်းကြီးကျောင်းအဖြစ် ဆက်လက်တည်ရှိရေးအတွက် ဗုဒ္ဓဘာသာမြန်မာ လူမျိုးများ အနေနဲ့ (25.10.2011)နေ့နံနက် (11)နာရီတွင် ဤ တောရကျောင်းဟောင်းသို့ လာရောက်ပြီး တက်ရောက် ကြားနာပေးပါရန် မေတ္တာရပ်ခံ တိုက်တွန်းနှိုးဆော် အပ်ပါသည်။
                                                                                       ဒါယိကာ၊ဒါယိကာမများ 
ဘာဝနာနိရာမတောရကျောင်းဟောင်း
 မဲဆောက်မြို့

ဆက်သွယ်ရန်
ဦးသိမ်းဆန်း(၀၈၄ ၃၁၉၅၇၁၁)
ကိုအရှည်ကြီး(၀၈၆ ၉၃၃၆၄၇၀)
ကိုကျော်သူ(၀၈၆ ၂၁၂ ၈၉၈၃)
ကိုမြပဒိုင် (၀၈၁ ၆၀၅၄၂၇၈)
ဦးကျော်ထက်(၀၈၈ ၉၀၄၁ ၆၆၉)

ရေဘေးကြောင့် အိမ်ပြန်သူများ အဓမ္မ ငွေတောင်းမှုနှင့်ကြုံ

ထိုင်းနိုင်ငံအတွင်း ရေကြီးမှုကြောင့် စက်ရုံအလုပ်ရုံများ ပိတ်လိုက်၍ နေရပ်ပြန်လာကြသည့် မြန်မာ အလုပ်သမားများကို
ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့တွင်လူပွဲစားများက နယ်ခြားစောင့် တပ်ဖွဲ့ဝင်များနှ င့်ပေါင်း၍ အဓမ္မ ငွေကြေးကောက်ခံ မှုများပြုလုပ်နေသောကြောင့် အခက်အခဲဖြစ်ကြရသည်ဟု အလုပ်သမားများက ပြောဆိုသည်။
နေရပ်ပြန်မည့် မြန်မာအလုပ်သမားတချို့ကို ယနေ့နံနက်ပိုင်းက ထိုင်းနိုင်ငံဘက် ချစ်ကြည်ရေး တံတားထိပ်တွင်တွေ့ရစဉ် (ဓာတ်ပုံ- ဧရာဝတီ)
ယခုလဆန်းမှ စတင်ပြီး ထိုင်းနိုင်ငံ အယုဒ္ဓယ ခရိုင်၊ ဘန်ကောက်မြို့အနီးရှိ ပထုံဌာနီ နှင့် န၀ပ်နခေါ စက်မှုဇုန်ကြီးများတွင် လုပ် ငန်းများရပ်ဆိုင်းလိုက်ရသည်အထိ ရေကြီးမှုများကြောင့် မြန်မာအလုပ်သမားများ အောက်တိုဘာ ၁၅ ရက်နေ့မှ စတင်ကာ နေ့စဉ်လူ၂၀၀ ခန့်နေရပ် ပြန်လာနေကြခြင်းဖြစ်သည်ဟု ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ ထိုင်း စက်လှေဂိတ် ပိုင်ရှင်များက ပြောပြသည်။
အယုဒ္ဓယ ခရိုင်ရှိ အုတ်ဖုတ်လုပ်ငန်းမှ ပြန်လာသည့် ကိုဝကြီးက“၁၆ ရက်နေ့က ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြန်လာကြတာပါ၊  မဲဆောက်ကို လိုင်းကား စီးပြီးပြန်လာကြတယ်။ မဲဆောက်အ၀င်မှာ ထိုင်းလ၀ကရဲ့ဖမ်းတာကိုခံရပြီးတဲ့နောက် မြ၀တီဘက်ကမ်း ၉၉၉ ဂိတ်မှာ သွားသွန်တယ်၊ မြ၀တီဘက်ရောက်မှ လူပွဲစားတွေက ကျနော်တို့ကို ခေါ်ထားပြီး တယောက်ကို ထိုင်းဘတ် ၂၅၀၀ တောင်းတယ်၊ မပေးလို့မရဘူး၊ ပိုက်ဆံမရှိတဲ့လူတွေကို ဘယ်မှ ပေးမသွားဘဲ၊ ထိုင်းနဲ့ မြန်မာပြည်မှာရှိတဲ့ ဆွေမျိုးသားချင်း တွေကို မရမက အဆက်အသွယ် လုပ်ခိုင်းတယ်”ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ အုတ်လုပ်ငန်း၌ မြန်မာအလုပ်သမား ထောင်ဂဏန်းအထက်ရှီပြီး အများစုမှာ မည်သည့် အထောက်အထား လက်မှတ်မှ မရှိကြောင်း သိရသည်။
ပထုံဌာနီ ခရိုင်ရှိ ခေါင်းစောင် ပလတ်စတစ်စက်ရုံမှ ကိုတကော်က ယမန်နေ့နံနက်က မြ၀တီ ၉၉၉ ဂိတ်သို့အရောက်တွင် ၎င်းနှင့် အတူပါလာသူ ၁၀ ဦးမှာ လူပွဲစားများထံသို့ တဦးလျှင် ဘတ်၂၅၀၀ နှုန်းနှင့် ဘတ်၂၅၀၀၀ ပေးခဲ့ရ ကြောင်း ပြောဆိုသည်။
ဘန်ကောက်မြို့မှ ပြန်လာသည့် မစန်းစန်းနွယ်ကလည်း ၎င်း အပါအ၀င် မိန်းကလေး ၃ ဦးသည် ယင်း လူပွဲစားများကို ငွေပေး ခဲ့ရသည့်အပြင် ခြိမ်းခြောက်ခံရခြင်းများလည်း ရှိသည်ဟု ပြောသည်။
“ကျမတို့ ၃ ယောက် ပိုက်ဆံ၂၀၀၀ ကျော်ပဲပါတယ်၊ ဘယ်လိုမှပြောလို့ မရဘူး၊ အဲဒီဂိတ်မှာ၂ ညအိပ်နေခဲ့ရတယ်၊ ဘန်ကောက် မှာ ရှိတဲ့ အစ်မတွေဆီကို လူပွဲစားတွေရဲ့ လက်ကိုင်ဖုံးနဲ့ အဆက်အသွယ်လုပ်ပြီး သူတို့ဘဏ်စာရင်းထဲကို ငွေလွှဲပြီးမှ ကျမတို့ကိုပြန်လွတ်ပေးတာ၊ ဒါတောင်မှ ထမင်းဖိုးက တရက်ဘတ် ၁၀၀ နှုန်းနဲ့ သတ်သတ်ပေးရသေးတယ်”ဟု မစန်းစန်းနွယ်က ပြောပြ သည်။
မြ၀တီမှ မွန်ပြည်နယ် မော်လမြိုင်မြို့သို့သွားသည့်ကားစရိတ်မှာ လူတဦးလျှင်ကျပ် ၁၀၀၀၀ ခန့် ပေးရသည်ဟုလည်း သိရသည်။

LinkWithin

Related Posts Plugin for WordPress, Blogger...

GMAIL မှလဲ ဆက်သွယ်နိုင်ပါပြီ..

အင်္ဂလိမ်ဘာသာနှင့် ဖတ်ရူချင်သူများအတွက် သတင်းများ


Get Your News Widget
Share

ဧည့်သည်တော်နိုင်ငံများ

လူ အခွင့်အရေး အပိုဒ် (၃၀)

အပိုဒ်(၁)။ လူတိုင်းသည် မွေးဖွားလာကတည်းက တန်းတူညီမှုရှိသည်။ အပိုဒ်(၂)။ မည်သူကိုမျှ ခွဲခြားဖိနှိပ်ခြင်းမရှိစေရ။ အပိုဒ်(၃)။ လူတိုင်းအသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့်လုံခြုံခွင့်ရှိသည်။ အပိုဒ်(၄)။ မည်သူကိုမှ ကျွန်အဖြစ်စေခိုင်း ရောင်းဝယ်ခြင်းမပြုရ။ အပိုဒ်(၅)။ မည်သူကိုမှ မတရားနှိပ်စက်ခြင်း၊ လူမဆန်စွာ၊ ရက်စက်စွာဆက်ဆံခြင်း၊ အပြစ်ပေးခြင်းမပြုရ။ အပိုဒ်(၆)။ တရားဥပဒေရှေ့မှောက်တွင် လူတိုင်းအား လူသားအဖြစ် အသိအမှတ်ပြုခံပိုင်ခွင့်။ အပိုဒ်(၇)။ တရားဥပဒေရှေ့တွင် တန်းတူညီခွင့်။ အပိုဒ်(၈)။ မိမိအခွင့်အရေးချိုးဖောက်ခံရပါက ဥပဒေအကူအညီရယူခွင့်။ အပိုဒ်(၉)။ မတရားဖမ်းဆီးခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းအား ကာကွယ်မှုရရှိခွင့်။ အပိုဒ်(၁၀)။ လူအများကြားနာပြီး တရားမျှတသော တရားစီရင်မှုရရှိခွင့်။ အပိုဒ်(၁၁)။ ခိုင်လုံသော အထောက်အထားမရှိမချင်း ထိုသူသည် အပြစ်မရှိဟူ၍ သတ်မှတ်ခံပိုင်ခွင့်။ အပိုဒ်(၁၂)။ ပုဂ္ဂလိကကိုယ်ရေးကိုယ်တာများအား ၀င်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ပေးခြင်း။ အပိုဒ်(၁၃)။ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် အပိုဒ်(၁၄)။ မတရားအပြစ်ပေးခံရမည်ဆိုပါက အခြားနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံပိုင်ခွင့်။ အပိုဒ်(၁၅)။ နိုင်ငံသားဖြစ်ခွင့် အပိုဒ်(၁၆)။ အရွယ်ရောက်သူတိုင်း မိမိဆန္ဒဖြင့် လက်ထပ်အိမ်ယာထူထောင်ခွင့်။ အပိုဒ်(၁၇)။ ပစ္စည်းဥစ္စာပိုင်ခွင့်။ အပိုဒ်(၁၈)။ လွတ်လပ်စွာတွေးခေါ်ယုံကြည်ကိုးကွယ်ခွင့်။ အပိုဒ်(၁၉)။ လွတ်လပ်စွာ ထုတ်ဖော်တင်ပြပြောဆိုခွင့်၊ သတင်းများရယူခွင့်။ အပိုဒ်(၂၀)။ ငြိမ်းချမ်းစွာဖွဲ့စည်းထားသောအဖွဲ့အစည်းများအား လွတ်လပ်စွာဝင်ရောက်ခွင့်။ စုဝေးခွင့်။ အပိုဒ်(၂၁)။ အစိုးရတွင်ပါဝင်ခွင့်။ အပိုဒ်(၂၂)။ လူမှုဖူလုံရေးခံစားခွင့်။ အပိုဒ်(၂၃)။ အလုပ်လုပ်ခွင့်၊ အလုပ်သမားသမဂ္ဂ၀င်ရောက်ခွင့်။ အပိုဒ်(၂၄)။ အပန်းဖြေအနားယူခွင့်။ အပိုဒ်(၂၅)။ လုံလောက်သော လူမှုအဆင့်အတန်းခံစားခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၆)။ ပညာသင်ကြားပိုင်ခွင့်။ အပိုဒ်(၂၇)။ ယဉ်ကျေးမှုဘ၀တွင် ပါဝင်ပိုင်ခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၈)။ ထိုအခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၂၉)။ အခြားသူများ၏ အခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၃၀)။ မည်သူမျှဤအခွင့်အရေးများကို မချိုးဖောက်ရန်တာဝန်။