Popular Posts

လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက် ဝမ်းသာစွာဖြင့် ကြိုဆိုပါသည်။သိုသော် အကျဉ်းထောင်ထဲတွင်ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော်အတွက် ထပ်မံကြိုးစားဆောင်ရွက်ပေးကြဖို့ လိုအပ်ပါသေးသည်။..
ဒေါင်းမျိုးဆက်က ကိုယ်ကျိုးမဖက်ပဲနှင့် တိုင်းပြည်အကျိုး လူထုအကျိုး ကြိုးစားလုပ်ဆောင်သွားမည်။
ပြည်သူသာအမိ ပြည်သူသာအဖ ဆောင်ပုဒ်ကို လက်ကိုင်ကာစွဲ ဒါတို့ရဲ့အောင်ပွဲ

10/11/2011

အကျဉ်းသား ၆၃၅၉ ဦး ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦး(ဗိုလ်) သိန်းစိန် ထုတ်ပြန်ခဲ့

မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျခံနေရသော အကျဉ်းသားများအနက် အကျဉ်းသား (၆၃၅၉) ဦးကို  အောက်တိုဘာလ ၁၂ရကိ (သတင်းကျွတ်လပြည့်နေ့) မှစတင်ပြီး လွတ်ငြိမ်းချမ်းသာခွင့် ပြုမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အမိန့်ကြေညာချက်ဖြင့် နိုင်ငံတော်သမ္မတရုံးမှ သတင်းထုတ်ပြန်ခဲ့ပါသည်။ နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်ခဲ့သော အမိန့်ကြေငြာစာ အပြည့်အစုံမှ အောက်ပါအတိုင်းဖြစ်ပါသည်။
နိုင်ငံတော်သမ္မတရုံးသည် အမိန့်အမှတ် ၄၉/၂၀၁၁ ကို ၁၃၇၂ခုနှစ် သီတင်းကျွတ်လဆန်း ၁၄ရက်၊ ၂၀၁၁ခုနှစ် အောက်တိုဘာလ ၁၁ရက် ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ပါသည်။

လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း
၁။ နိုင်ငံတော်အစိုးရသည် အေးချမ်းသာယာပြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရာတွင်
ကောင်းမွန်သောအုပ်ချုပ်ရေး၊ သန့်ရှင်းသော အစိုးရဖြစ်ပေါ်ရေး၊ ဒီမိုကရေစီကျင့်စဉ် ထွန်းကားရေး၊ တရားဥပဒေ စိုးမိုးရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲရေးနှင့်
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို ကြိုးပမ်း လုပ်ဆောင်လျက်ရှိပါသည်။

၂။ ဤသို့ နိုင်ငံတော်သစ်တည်ဆောက်ရာတွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် နိုင်ငံတော်သည် တည်ဆဲဥပဒေများကို
ကျူးလွန်ဖောက်ဖျက်ခဲ့သူများအား တရားဥပဒေနှင့်အညီ ပြစ်ဒဏ်များ စီရင်ချမှတ်ခဲ့ရပါသည်။ ဤသို့ ပြစ်ဒဏ်စီရင်ခြင်းခံရသည့် အသက်အရွယ်ကြီးရင့်သူများ၊
ကျန်းမာရေးမကောင်းသူများ၊ ကိုယ်လက်အဂါင်္ချို့တဲ့သူများ အပါအ၀င် အကျဉ်းသားများအားလုံးထဲမှ ထိုက်သင့်သောပြစ်ဒဏ်များကို ကျခံပြီး စည်းကမ်းနှင့်
အကျင့်စာရိတ္တကောင်းမွန်လာသော အကျဉ်းသားများအား နိုင်ငံတော်အစိုးရသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄ (ခ) ပါ ပြဌာန်းချက်နှင့်အညီ လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး နိုင်ငံတော်သစ်တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေသည့် နိုင်ငံသားများအဖြစ်သို့
ပြုပြင်ပြောင်းလဲပေးနိုင်ရန် အစီအမံများ စနစ်တကျ စီစဉ်ဆောင်ရွက်ပေးလိုပါသည်။

၃။ သို့ဖြစ်ရာ ထိုက်သင့်သော ပြစ်ဒဏ်များကို ကျခံပြီးဖြစ်သည့် စည်းကမ်းနှင့် အကျင့်စာရိတ္တကောင်းမွန်လာသော အကျဉ်းသားများအား လူသားချင်းစာနာထောက်ထားမှုနှင့် သနားချစ်ခင်မှုတို့ကို အလေးထားသည့် အနေဖြင့်လည်းကောင်း၊ ယင်းတို့၏ မိသားစုများအား ငဲ့ညာသော အနေဖြင့် လည်းကောင်း၊
ယင်းတို့သည် နိုင်ငံတော်၏ မေတ္တာနှင့်စေတနာကို နားလည်ကြပြီး မိမိအကျိုး၊ ဒေသအကျိုး၊ နိုင်ငံအကျိုးအတွက် အများပြည်သူနှင်အတူ တာဝန်ထမ်းဆောင်သွားနိုင်စေရန်အတွက် လည်းကောင်း၊ အကျဉ်းထောင်အသီးသီးမှ ပူးတွဲအမည်စာရင်းပါ အကျဉ်းသား ၆၃၅၉ ဦးတို့အား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ  ပုဒ်မ ၂၀၄ (ခ) အရ ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအပေါ် ၁၃၇၃ခုနှစ် သီတင်းကျွတ်လပြည့်နေ့  ခရစ်သက္ကရာဇ် ၂၀၁၁ခုနှစ် အောက်တိုဘာလ ၁၂ရက်မှ စ၍ ကျခံနေရသော ပြစ်ဒဏ်အသီးသီးကို လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်သည်။

ပုံ
သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်


ဆက်စပ်သတင်းများ

ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်တစ်ယောက် ကျန်းမာရေးအခြေအနေ ဆိုးရွှားနေ

ရခိုင်ပြည်နယ် ဘူးသီးတောင် အကျဉ်းထောင်မှာ ၆၅ နှစ်ကျော် ထိန်းသိမ်းခံထားရတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုဌေးကြွယ်ရဲ့ ကျန်းမာရေး အခြေအနေ ဆိုးရွားနေတဲ့ အတွက် မိသားစုဝင်တွေ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
AFP
ဒီမိုကရေစီ အင်အားစုများ၏ အထွေထွေ ရွေးကောက်ပွဲ အနိုင်ရ နှစ်ပတ်လည်နေ့ ဖြစ်သော ၂၀ဝ၇ခုနှစ် မေလ ၂၇ရက် တွင် လက်ချင်းချိတ်၍ ပါဝင်ဆင်နွှဲနေသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဖြစ်ပါသည်။ (ဝဲမှယာ) ကိုမြအေး၊ ကိုကိုကြီး၊ ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်း ထောင်ဝင်စာ သွားတွေ့ခဲ့တဲ့ ယောက်ဖဖြစ်သူ ကိုဖြိုးမင်းသိန်းက သူ တွေ့ရှိခဲ့ရတဲ့ ကိုဌေးကြွယ်ရဲ့ ကျန်းမာရေး အခြေအနေကို အခုလို ပြောပြပါတယ်။ "ကိုဌေးကြွယ်ကို လွန်ခဲ့တဲ့ ရက် ၂၀ လောက်က ကျနော် ထောင်ဝင်စာသွားတွေ့တော့ ကိုဌေးကြွယ်က ငွေ့ငွေ့ ဖျားနေတယ်။ အဲဒီအတွက် ထောင်ကနေပြီးတော့ ကျမ်းမာရေး စစ်ဆေးမှု တစ်ခုလုပ်ပေးမယ် ဆိုပြီးတော့ အဲဒီ စစ်ဆေးမှုဟာ ဓါတ်မှတ်ရိုက်ဖို့တို့၊ အီးစီဂျီ ရိုက်ဖို့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ထောင်မှာ ဆောင်ရွက်လို့ မရနိုင်တဲ့အတွက် သူ့ကို အပြင် ဆေးရုံကို ထုတ်ဖို့အတွက် အထက် အဆင့်ဆင့်ကို တင်ပြထားတယ်လို့ ကျနော်တို့ သိခဲ့ရတယ်။" ကိုဌေးကြွယ် အနေနဲ့ နှစ်လကျော် ဖျားနာနေတာနဲ့ ပတ်သက်လို့ ဆေးစစ်ခွင့်ပေးဖို့ မိသားစုတွေက တောင်းဆိုထားတာကို အာဏာပိုင်တွေဘက်က လိုက်လျောခဲ့တယ်လို့ သိရပါတယ်။ ဘူးသီးတောင် ဆေးရုံက ဆေးစစ်ချက်တွေကို ရန်ကုန်က အထူးကု ဆရာဝန်ကြီးတွေဆီ ပြသ တိုင်ပင်မယ်လို့ ကိုဖြိုးမင်းသိန်းက ပြောပါတယ်။ ကိုဌေးကြွယ်ရဲ့ကျန်းမာရေး အတွက် လိုအပ်ရင် ဆေးဝါး ပြည့်စုံတဲ့ ဆေးရုံမှာ တက်ရောက် ကုသခွင့်ပေးဖို့ အာဏာပိုင်တွေကို မိသားစုတွေက တင်ပြသွားမယ်လို့လည်း သိရပါတယ်။

မဲခေါင်မြစ်အတွင်း တရုတ်လူမျိုးများ အသတ်ခံရ

Thai-News-Chinese-Shipရွှေတြိဂံဒေသ မဲခေါင်မြစ်အတွင်း မကြာသေးခင်က ဖြစ်ပွားခဲ့သော တရုတ်နိုင်ငံ အလံ တပ်ဆင်ထားသည့် သင်္ဘော ၂ စီးမှ လူများ သတ်ဖြတ်ခံရမှုသည် ရှမ်းမူးယစ်ရာဇာ နော်ခမ်း နှင့် အဖွဲ့၏ လက်ချက်ဖြစ်နိုင်ကြောင်း ထိုင်း အာဏာပိုင်များက ယူဆနေကြ သည်။

ထိုင်းစစ်တပ်က ဖမ်းဆီး ထိန်းသိမ်းထားသည့် ချင်ရိုင်ခရိုင်
ချင်းစန် မြို့နယ် မဲခေါင်မြစ်အတွင်းမှ တရုတ်နိုင်ငံ အလံ
တပ်ဆင်ထားသော သင်္ဘော ၂ စီး (ဓာတ်ပုံ - ဘန်ကောက်ပို့စ်)
 
ထိုသဘောင်္များမှ အသတ်ခံထားရသော တရုတ်လူမျိုး ၁၂ ဦး၏ ရုပ်အလောင်းများကို မဲခေါင်မြစ်အတွင်း တွေ့ရှိရကြောင်း၊ မူးယစ်ရာဇာ နော်ခမ်း၏ လက်ချက်ဟု ထင်မြင်ကြောင်း ထိုင်း စစ်တပ် ဗိုလ်ချုပ် Prakarn Chonlayuth ၏ ပြောကြားချက်ကို ယမန်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာ၌ ဖော်ပြထားသည်။

ယင်း ၁၂ ဦး၏ ရုပ်အလောင်းများကို ထိုင်းနိုင်ငံ ချင်းရိုင် ခရိုင် ချင်းစန် မြို့နယ်အတွင်း၌ ဗုဒ္ဓဟူးနှင့် စနေ့နေ့က တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၉ ဦး၏ ရုပ် အလောင်းများတွင် လက်ကိုကြိုးတုပ်၍ မျက်စိကို ပိတ်စည်းထားသည်များကိုတွေ့ရှိရသည်ဟု ထိုင်း စစ်တပ်က ပြော ကြောင်း ၊ အားလုံး ၁၃ ဦးဖြစ်ပြီး ကျန်တဦးမှာ ပျောက်ဆုံးလျက်ရှိကြောင်းလည်း ဘန်ကောက်ပို့စ်က ဆိုသည်။

နော်ခမ်း အဖွဲ့က ထိုသင်္ဘောများကို အပိုင်စီး၍ ဆက်ကြေးတောင်းသည်ကို ငြင်းဆန်မှုကြောင့် သင်္ဘောသားများ အသတ်ခံရခြင်း ဖြစ်နိုင်သည်ဟုလည်း ဗိုလ်ချုပ် Prakarn Chonlayuth က ပြောသည်။

တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ၀က်ဘ်ဆိုဒ်တွင်လည်း Hua Ping နှင့် Yu Xing 8 Hao အမည်ရှိ ထိုကုန်တင်သဘောင်္များမှ စုစုပေါင်း သဘောင်္သား ၁၃ ဦးခန့်သည် ပြီးခဲ့သည့်အပတ် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက တိုက်ခိုက်ခံခဲ့ရသည်ဟု ဖော်ပြထားသည်။

ထိုသဘောင်္၂ စီးကို ပြီးခဲ့သည့်အပတ် ဗုဒ္ဓဟူးနေ့က ထိုင်းစစ်တပ်ကတားဆီးရာ မိနစ်အနည်းငယ်ကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွား ခဲ့ကြောင်း၊ Hua Ping သင်္ဘောပေါ်မှ စိတ်ကြွဆေးပြား ၅ သိန်း ၂ သောင်း နှင့် Yu Xing 8 Hao မှ ၄ သိန်း ကို ထိုင်း စစ်တပ်က သိမ်းဆီး ရမိကြောင်း၊ မူးယစ်မှောင်ခိုအဖွဲ့က သဘောင်္သားများကိုသတ်ပြီး မူးယစ်ဆေးဝါးများ သယ်ဆောင်လာခြင်း ဖြစ်နိုင်ကြောင်း လည်း သတင်းစာ၌ ပါရှိသည်။

ယခုအခါ ယင်း သေဆုံးသူများ၏ ရုပ်အလောင်းများကို ထိုင်းနိုင်ငံ၊ ချင်းရိုင် ဆေးရုံသို့ ပို့ဆောင်ထားသည်ဟု ချင်းစန်မြို့နယ် ရဲစခန်းမှ ရဲဗိုလ်မှူးကြီး (Pol Col Popkorn Khuncharoensuk ) က ဧရာဝတီသို့ ပြောသည်။

“အလောင်းတွေကို ၇ ရက်နဲ့ ၈ ရက်နေ့မှာ တွေ့တယ်၊ သေဆုံးသွားတဲ့ လူတွေကတော့ တရုတ်နိုင်ငံသားတွေ ဖြစ်ပါတယ်။ မိသား စုဝင်တွေကိုလည်း အကြောင်းကြားထားပါတယ်”ဟု ၎င်းက ဆိုသည်။ သင်္ဘောသည် တရုတ် နိုင်ငံမှဖြစ်ပြီး တိုက်ခိုက်ခံရသည့် အကြောင်းနှင့် ပတ်သက်၍ စုံစမ်းနေဆဲ ဖြစ်ကြောင်း ရဲဗိုလ်မှူးကြီး  Popkorn Khuncharoensuk  က ဆက်ပြောသည်။

ရှမ်းသံတော်ဆင့် သတင်းဌာန အယ်ဒီတာ ဦးခွန်ဆိုင်းက ယင်း တိုက်ခိုက်မှုသည် နော်ခမ်းအဖွဲ့ဖြစ်သည်ဟု နီးစပ်သူများက ပြောပြ ကြောင်း၊ တရုတ်သဘောင်္များက ယင်းအဖွဲ့ကို ငွေပေးထားဖွယ် ရှိသော်လည်း သတ်ရသည့် အကြောင်းကို သေချာ မသိရှိရကြောင်း ဧရာဝတီသို့ ပြောသည်။

လာမည့် သီတင်းပတ်တွင် ချင်းမိုင်၌ ထိုင်းနှင့် တရုတ်အာဏာပိုင်များတွေ့ဆုံ၍ ယင်းကိစ္စကို ဆွေးနွေးမည်ဟု ၎င်းက ဆိုသည်။ အင်အား ၄၀၀ ခန့်ရှိ နော်ခမ်း အဖွဲ့သည် မဲခေါင်မြစ် တလျှောက် သွားလာနေသည့် ကုန်သဘောင်္များထံမှ ဆက်ကြေးကောက် ခံလေ့ရှိပြီး ထိုင်း နှင့် မြန်မာ အာဏာပိုင်များက အလိုရှိနေကြောင်း ဘန်ကောက်ပို့စ် ၌ ဖော်ပြသည်။

၂၀၁၀ ဖေဖော်ဝါရီလကလည်း မဲခေါင်မြစ်အတွင်း နော်ခမ်း၏ တပ်ဖွဲ့ဝင်များနှင့် အပြန်အလှန် ပစ်ခတ်မှုကြောင့် တာချီလိတ်မြို့နယ် ရဲစခန်းမှူး ဦးခင်မောင်ရင် အပါအ၀င် တပ်သား ၁၅ ဦး သေဆုံးခဲ့သည်။နော်ခမ်းသည် ၁၉၉၆ ခုနှစ်တွင်လက်နက်ချခဲ့သော ဦးခွန်ဆာ ခေါင်းဆာင်သည့် မော်ထိုင်း တပ်မတော်(MTA) တပ်ဖွဲ့ဝင်ဟောင်းဖြစ် သည်။

၂၀၀၆ ခုနှစ်မှ စတင်၍ လက်နက်ကိုင်ပြီး ရွှေတြိဂံနယ်မြေ၌ ပြန်လည် လှုပ်ရှားခဲ့ကြောင်း၊ တပ်ဖွဲ့ကို လားဟူ၊ ရှမ်း တိုင်းရင်းသားများ နှင့် ဖွဲ့စည်းထားကြောင်း သိရသည်။

အော်ပီကျယ်ရဲ့ ကျဘမ်းအမည်ရှိ ပညာပေး ကာတွန်းများ

အော်ပီကျယ် - ကျကျမ်း

လစ်ဗျားတော်လှန်ရေးသမားများ ဘာနီဝါလစ်မြို့အနီး မဟာဗျူဟာမြောက်နေရာများကို သိမ်းပိုက်



w72_16
အောက်တိုဘာလ ၇ ရက်နေ့က ဆာတီမြို့တွင် လစ်ဗျားတော်လှန်ရေးသမားများ စက်သေနတ်ဖြင့် တိုက်ခိုက်နေစဉ်

လစ်ဗျားတော်လှန်ရေးသမားများသည် ဘာနီဝါလစ်မြို့၏ တောင်ကုန်းများရှိ မဟာဗျူဟာမြောက်စခန်းများမှ ကဒါဖီ၏တပ်ဖွဲ့များကို အောက်တိုဘာလ ၆ ရက်နေ့က တိုက်ထုတ်နိုင်ခဲ့သည်။
ကဒါဖီသစ္စာခံများ အသုံးပြုခဲ့သည့် လက်နက်ကြီး အများအပြားကို သိမ်းယူနိုင်ခဲ့သည်ဟု သိရသည်။အောက်တိုဘာလ ၅ ရက်နေ့ညက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်နှစ်ဦး ရော့ကက်ဖြင့် တိုက်ခိုက်ခံခဲ့ရမှုကြောင့် သေဆုံးခဲ့ကြောင်း အမျိုးသားအသွင်ကူးပြောင်းရေးကောင်စီမှ ပြောခွင့်ရပုဂ္ဂိုလ် ကင်ရှီလ်က ပြောကြားခဲ့သည်။
ကဒါဖီထောက်ခံသည့် သတင်းများကို ဘာနီဝါလစ်ရေဒီယိုမှ ထုတ်လွှင့်နေဆဲဖြစ်ကြောင်း ကင်ရှီလ်က ပြောကြားခဲ့သည်။ ထို့အပြင် တော်လှန်ရေးတပ်ဖွဲ့များကို ထောက်ခံသည့် လစ်ဗျားအယ်လ်ဟာရာ ရေဒီယိုကလည်း ဘာနီဝါလစ်မှ သတင်းများကို ထုတ်လွှင့်လျက်ရှိသည်။
ကဒါဖီ၏သား ဆာအိအယ်လ် အစ္စလာမ်သည် ဘာနီဝါလစ်တွင် ပုန်းအောင်းနေသည်ဟု ယုံကြည်ရသည်။ ဘာနီဝါလစ်နှင့် ကဒါဖီမွေးဖွားရာ ဆာတီမြို့များသည် အမျိုးသားအသွင်ကူးပြောင်းရေးကောင်စီ က အစိုးရဖွဲ့ရန် ဆောင်ရွက်နေစဉ် မှာပင် အံတုနေဆဲမြို့များဖြစ်သည်။  ဆာတီမြို့ကိုရလျှင် လွတ်လပ်ရေးရပြီဖြစ်ကြောင်း ကြေညာရန် လစ်ဗျား၏ ခေါင်းဆောင်သစ်များက စီစဉ်ထားသည်။ သို့သော်လည်း ဆာတီနှင့် ဘာနီဝါလစ်မြို့များတွင် တိုက်ပွဲများဖြစ်ပွားနေဆဲဖြစ်သည်။

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးကို အဆင့်ချင်း အလိုက် တုံ့ပြန်မယ်လို့ Campbell ပြော

မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်နေပြီး မြန်မာဘက်က ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ အပေါ် အမေရိကန် အစိုးရ အနေနဲ့လည်း မူဝါဒရေးရာအရ အဆင့်ချင်းအလိုက် တုံ့ပြန်ဆောင်ရွက် သွားမှာဖြစ်ကြောင်း အရှေ့အာရှနဲ့ ပစိဖိတ် ရေးရာ ဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Kurt Campbell က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ချူလာလောင်ကွန်း တက္ကသိုလ်မှာ ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့က ကျင်းပတဲ့ အမေရိကန် နိုင်ငံခြားရေး မူဝါဒ ဆိုင်ရာ ဟောပြောပွဲမှာ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး အရှေ့အာရှနဲ့ ပစိဖိတ် ရေးရာ ဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Kurt Campbell က ပြောကြားနေစဉ်။ (ဓါတ်ပုံ - RFA)
 
အရှေ့အာရှနဲ့ ပစိဖိတ် ရေးရာ ဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Kurt Campbell က ပြောကြားလိုက်ပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ချူလာလောင်ကွန်း တက္ကသိုလ်မှာ ဒီကနေ့ ကျင်းပတဲ့ အမေရိကန် နိုင်ငံခြားရေး မူဝါဒ ဆိုင်ရာ ဟောပြောပွဲမှာ Mr. Campbell က အခုလို ပြောကြားလိုက်တာ ဖြစ်ပြီး စိုးရိမ်စရာတွေ ရှိနေပေမယ့် မြန်မာမှာ တစ်မုဟုတ်ချင်း ပြောင်းလဲတာတွေ ဖြစ်နေတာကတော့ မငြင်းနိုင်စရာပါလို့လည်း သူက ပြောပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေးလို ကိစ္စတွေမှာ တိုးတက်မှု ရှိစေချင်တာကို အတိအလင်း ပြောကြားထားပြီး ဖြစ်ကြောင်း၊ မြန်မာဖက်က ခြေလှမ်းတိုင်းကို အမေရိကန်ဘက်က တန်းတူညီတဲ့ ခြေလှမ်းတွေနဲ့ တုံ့ပြန်သွားမှာ ဖြစ်ကြောင်းလည်း အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီးက ပြောကြားသွားပါတယ်။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာ အစိုးရ အကြား အကျိုး ရလဒ် ရှိတဲ့ ဆွေးနွေးမှုတွေ ရှိနေပါတယ်လို့လည်း သူက ပြောပါတယ်။ ဒီဟောပြောပွဲမှာ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ပြောခဲ့တာတွေနဲ့ ပတ်သက်လို့ ဒီပွဲကို တက်ရောက်သတင်းယူခဲ့တဲ့ RFA ၀ိုင်းတော်သား ဦးကိုကိုအောင်ရဲ့ တင်ပြချက်ကိုလည်း နားဆင်နိုင်ပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

အသည်းကင်ဆာဝေဒနာ ခံစားနေရသော နိုင်ငံရေးအကျဉ်းသားကိုဇော်လင်းထွန်းကို အခုထိ ဆေးမပေးသေး



အသည်း ​ကင်ဆာ​ဝေဒနာခံစား​နေရတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​ ကို​ဇော်လင်း​ထွန်း​ကို ပြန်လွှတ်​ပေး​ဖို့​ မိသား​စုက ​မေတ္တာရပ်ခံတဲ့​အ​ပေါ် အင်း​စိန်​ထောင်အာဏာပိုင်​တွေက လျစ်လျူရှူလိုက်ပြီး​ ​ဆေး​ကုသ ​ပေး​မယ်ဆိုတဲ့​ ကတိစကား​ကိုလည်း​ မတည်ဘူး​လို့​ မိသား​စုနဲ့​ နီး​စပ်သူတဦး​က ​ပြောပါတယ်။
ကိုဇော်လင်းထွန်း (ဓာတ်ပုံ - အေ အေပီပီဘီ)
ထောင်နှစ်၂ဝကျ ​နေတဲ့​ ကို​ဇော်လင်း​ထွန်း​ဟာ ပြီး​ခဲ့​တဲ့​တလ​ကျော်ကတည်း​က နာမကျန်း​ ဖြစ်ရာက အပြင်​ဆေး​ရုံထွက်ပြီး​ ကုသရာမှာ အသည်း​ကင်ဆာနဲ့​ အစာအိမ်​ရောဂါ​တွေ​ကြောင့်​ သုံး​လ က​နေ ​ခြောက်လအတွင်း​သာ အသက်ရှင်နိုင်မယ် လို့​ ဆရာဝန်က မှတ်ချက်​ပေး​ခဲ့​ပါတယ်။
ဒါ​ကြောင့်​ မိသား​စုဝင်​တွေက လွတ်ငြိမ်း​ချမ်း​သာခွင့်​ပေး​ဖို့​ ​ထောင်အာဏာပိုင်ဆီ စာတင်ခဲ့​ပါတယ်။ ​ထောင်ဒဏ် ၁၁ နှစ်ကျန်​နေ​သေး​တဲ့​အတွက် မလွှတ်​ပေး​နိုင်​သေး​ဘူး​လို့​ ​ထောင် အာဏာပိုင်​တွေက တုံ့​ပြန်ခဲ့​သလို အသည်း​အထူး​ကုဆရာဝန်က ​ခေတ်မီကင်ဆာ​ဆေး​စား​ရင် ​နောက်ထပ် တနှစ်​ကျော်​လောက် အသက်ရှင်မယ်လို့​ အခုလ ၃ ရက်​နေ့​က မှတ်ချက်​ပေး​ခဲ့​ပါတယ်။
ဆရာဝန်မှတ်ချက်အရ ကုန်ကျစရိတ်ကို ​ထောင်ကကျခံမယ်လို့​ ​ပြောဆို ​ပေမယ့်​ အခုချိန်ထိ ကို​ဇော်လင်း​ထွန်း​ကို ​ခေတ်မီကင်ဆာ​ဆေး​မ​ပေး​သေး​ဘူး​လို့​ ကို​ဇော်လင်း​ထွန်း​ကို ​စောင့်​ရှောက်​နေသူ ဦး​ဌေး​က ​ပြောပါတယ်။
“ပြီး​ခဲ့​တဲ့ ​ တနင်္လာ​နေ့​က ​နောက်ဆုံး​အသည်း​အထူး​ကု ဆရာဝန်ကြီး​က သူ့​ကို အသည်း​ကင်ဆာ​ဆေး​ပေး​ဖို့​ ညွှန်ထား​တယ်။ အဲဒီတုန်း​က​တော့​ အိန္ဒိယ​ဆေး​ပေါ့​။ အသည်း​နဲ့
ပတ်သက်တဲ့​ဆေး ​က တ​နေ့​ကို ၇၅၀၀ ကျမယ် အဲဒါကို ​နေ့​တိုင်း​စား​ရမယ်။ အဲဒါကိုစား​ရင် တနှစ်​ကျော်​လောက် အနည်း​ဆုံး​ရှင်သန်နိုင်တယ်။ အဲလိုမှမဟုတ်ရင် ပုံမှန် သုံး​လနဲ့​ ​ခြောက်လအတွင်း​မှာပဲ ဆုံး​ရှုံး​နိုင်တယ်လို့​ ဆိုတယ်။
“အဲဒီလို ​ဆေး​ကျွေး​ဖို့​ကိစ္စကို ကျ​နော်တို့​မိသား​စုနဲ့​ ​မေး​တယ်။ အဲဒီအချိန်မှာ ​ထောင်မှူး​ကရှိတယ်။ ကျ​နော်တို့​က​တော့​ အုပ်ထိန်း​သူလည်း​ဖြစ်​တော့​ ဘာဖြစ်ဖြစ် အကုန်ကျခံရမှာ​ပေါ့​။ ဒါ​ပေမယ့်​ အဲဒီတုန်း​က ​ထောင်မှူး​က တာဝန်ယူသွား​တယ်။ ထောင်ကတာဝန်ယူပါမယ် မှာလိုက်တယ်လို့​ ​ပြောတယ်။ ဒါ​ပေမယ့်​ ​ဆေး​ရုံတက်တာ တလနဲ့​ ဆယ်ရက်ရှိပြီ ကင်ဆာ​ဆေး​က ကုရတဲ့​အဆင့်​ကို မ​ရောက်​သေး​ဘူး​။ ​ထောင်ဘက်က တာဝန်ယူမယ်ဆိုတာ ​ထောင်ဘက်က အခုထိ ဘာမှတုံ့​ပြန်တာမရှိ​သေး​ဘူး​။ ​ဆေး​ရုံက​တော့​ ​ထောင်ကို အ​ကြောင်း​ကြား​ပြီး​ပြီလို့​ဆိုပါတယ်။”
လတ်တ​လောမှာ လွတ်ငြိမ်း​ချမ်း​သာခွင့်​ထုတ်ပြန်မယ့်​ သတင်း​အ​ပေါ် ကို​ဇော်လင်း​ထွန်း​ ကလည်း​ ​မျှော်လင့်​နေတယ်လို့​လည်း​ ဦး​ဌေး​က ​ပြောပါတယ်။
“သူကလည်း​ ဆရာဝန်​တွေကိုယ်တိုင်က ​သေမယ်ဆိုတဲ့​ကိစ္စ​ပြောထား​တယ်။ ​နောက်ဆုံး​ ​ဆေး​စား​လည်း​ ​သေမှာပဲ​ပြောထား​တယ်။ စိတ်ဓာတ်​တော့​ ကျသွား​တယ်​ပေါ့​။ မ​သေခင်​တော့​ လူ့​သဘာဝ လွတ်ချင်တာ​ပေါ့​။ လွတ်ငြိမ်း​ချမ်း​သာခွင့်​ဆိုတာ ​ပြော​တော့​ပြော​နေတာ လွတ်ဖို့​က ဘယ်​နေ့​မှန်း​မသိ​သေး​ဘူး​ ဖြစ်​နေတယ် လွတ်ငြိမ်း​ချမ်း​သာခွင့်​ ​မျှော်ရင်း​နဲ့​ပဲ ​သေမလား​၊​ ​သေပြီး​တော့​မှ လွတ်ငြိမ်း​ချမ်း​သာခွင့်​ရမလား​ အ​ခြေအ​နေက အဲလိုဖြစ်​နေတယ်။”
ကို​ဇော်လင်း​ ထွန်း​ဟာ ၂၀၀၃ခု ဗကသ ပြန်လည်ဖွဲ့​စည်း​ရေး​ လှုပ်ရှား​မှုမှာပါဝင်တဲ့​အတွက် ဖမ်း​ခံရပြီး​ မတရား​ အသင်း​ဆက်သွယ်မှု ပုဒ်မ ၁၇/၁၊​ အ​ရေး​ပေါ်လုံခြုံ​ရေး​ ဥပ​ဒေ ၅ (ည)၊​ လဝက အမှု ၁၃/၁ နဲ့​ တရား​စွဲဆိုပြီး​ ​ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံထား​ရတာဖြစ်ပါတယ်။

လန်ဒန်မြိုလယ်ရှိ ရတားပေါင်းကူးတံတားကို ကမ္ဘာအကြီးဆုံးနေရောင်ခြည်စွမ်းအင်ထုတ် တံတားအဖြစ်ဖန်တီးမည်



w72_23
ဘလက်ဖရေးယားစ် တံတားပေါ်တွင် တပ်ဆင်ထားသော ဆိုလာပြားများ
လန်ဒန်မြို့လယ်၊ သိမ်းစ်မြစ်ကို ဖြတ်၍တည်ဆောက်ထားသော ဘလက်ဖရေးယားစ် ရထားပေါင်းကူးတံတားကို ကမ္ဘာ့အကြီးဆုံးနေရောင် ခြည်စွမ်းအင်ထုတ်တံတားအဖြစ် စတင်ဖန်တီးနေသည်။
ပြင်ဆင်မှုများပြီးစီးပါက နေရောင်ခြည်စွမ်းအင်ထုတ် ဆိုလာပြားဧရိယာမှာ ၆၀၀၀ စတုရန်းမီတာအထိ ရှိမည်ဖြစ်ပြီး ဆိုလာပြားအရေအတွက် ၄၄၀၀မှ ထုတ်လုပ်မည့် လျှပ်စစ်စွမ်းအင်ပမာဏမှာ တစ်နှစ်လျှင်ကီ လိုဝပ် ကိုးသိန်းအထိ ရှိမည်ဖြစ်ကြောင်း ယင်းဆိုလာအမိုးပြားများကို တပ်ဆင်ပေးသည့် Solar Century ကုမ္ပဏီက ပြောကြားခဲ့သည်။
ထို့ပြင်နှစ်စဉ် ကာဗွန်ထုတ် လွှတ်မှုတန်၅၀၀ခန့်ကိုလည်း လျှော့ချနိုင်မည်ဖြစ်ကြောင်း ကုမ္ပဏီအမှုဆောင်အရာရှိချုပ် ဒါရီနယူးမန်းက ပြောကြားခဲ့သည်။ ယင်းဘလက်ဖရေးယားစ် ရထားပေါင်းကူးတံတားကို ၁၈၈၆ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး အင်္ဂလန်တွင် ရထားလမ်းများဖောက်လုပ်သည့်  Network Rail ကုမ္ပဏီကလက်ရှိ အခြေအနေသို့ အဆင့်မြှင့်တင်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ယခုတပ်ဆင်သည့် ဆိုလာပြားများကို SANYO ကုမ္ပဏီမှ ၀ယ်ယူခဲ့ခြင်းဖြစ်ပြီး မိုးရေသိုလှောင်သည့်စနစ်နှင့် သဘာဝအလင်းရရန်အတွက် နေရောင်ပိုက်များကိုလည်း တံတားတွင် တပ်ဆင်ထားသည်။ ၂၀၁၂ ခုနှစ် နွေရာသီတွင် ယင်းဆိုလာပြားများမှ လျှပ်စစ်ဓာတ်အား စတင်ထုတ်လွှတ်နိုင်မည်ဖြစ်သည်။

လူအခွင့်အရေးအရတိုင်ကြားမှုတွေကို အများဆုံးလက်ခံထားကြောင်း ကော်မရှင် အကြီးအကဲ ပြောကြား

၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေပါ နိုင်ငံသား အခွင့်အရေးတွေနဲ့ ဆန့်ကျင်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်တဲ့ တိုင်တန်းချက် မှန်သမျှကို လက်ခံနေပြီဖြစ်ကြောင်း မကြာခင်က ဖွဲ့စည်းလိုက်တဲ့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ရဲ့ အကြီးအကဲ ဦးဝင်းမြက RFA ကို ဒီကနေ့ ပြောပါတယ်။
RFA
မြန်မာအစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရပ်တန့်ရေးနှင့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်က မြန်မာအစိုးရကို အရေးယူပေးရန် အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်မြို့ရှိ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြနေသူများကို တွေ့ရစဉ်။
"ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေထဲမှာ ပြဋ္ဌာန်းထားတဲ့ လူ့အခွင့်အရေးတွေနဲ့ ပတ်သက်ပြီးတော့ ချိုးဖောက်ခြင်းခံရတဲ့ အမှုများ အားလုံးပဲ ဖြစ်ပါတယ်။ အဲဒီတော့ တော်တော်လေးတော့ ကျယ်ပြန့်တာပေါ့နော်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အားလုံး သက်ဆိုင်တာပေါ့။ ရုံးကို တိုင်နိုင်တယ် ဆိုတဲ့ အကြောင်းပေါ့။ လူကိုယ်တိုင်လည်း လာပြီး တိုင်နိုင်တယ်။" မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို သံအမတ်ကြီးဟောင်းတွေ၊ နယ်ပယ် အသီးသီးက ကျွမ်းကျင်သူ အငြိမ်းစား အစိုးရ အရာရှိ စုစုပေါင်း ၁၅ ဦးနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလ အတွင်း ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ HRDP လူ့အခွင့်အရေး ကာကွယ်မြင့်တင်သူများ ကွန်ရက် ခေါင်းဆောင် ဦးမောင်မောင်လေး ကတော့ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံမှာ ပြဋ္ဌာန်း မထားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုပါ တာဝန်ယူ ဖြေရှင်းဖို့ လိုအပ်ကြောင်း၊ တိုင်တန်းသူတွေ ကိုလည်း အကာအကွယ်ပေးဖို့ လိုအပ်ကြောင်း ပြောပါတယ်။ "ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများရဲ့ ရပိုင်ခွင့်များနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကိုသာ သူတို့ ကော်မရှင်မှာ တင်ပြနိုင်တဲ့ အခြေအနေတရပ် ရှိတယ်။ လူ့အခွင့်အရေးဆိုတာက အဲဒီလောက်နဲ့ ချုပ်စည်းထားလို့ ရတဲ့ဟာ မဟုတ်ဘူး။ လူ့အခွင့်အရေးဆိုတာက အင်မတန် ကျယ်ပြန့်ပါတယ်။ အဲဒီတော့ ဗမာပြည်မှာက လူ့အခွင့်အရေးချိုးဖောက်မှုဆိုတာက ပုံစံမျိုးစုံနဲ့ နေရာတကာမှာ ရှိနေတဲ့အခါကျတော့ ဒီကိစ္စတွေနဲ့မှ မပတ်သက်ဘူးဆိုရင် သူတို့ဆီမှာ တိုင်လို့ မရတဲ့ အနေအထား တချက် ဖြစ်နေပါတယ်။" အမျိုးသား လူ့အခွင့်ရေး ကော်မရှင်ကို အမှတ် ၂၇၊ ပြည်လမ်းမှာ ရုံးခန်း ဖွင့်လှစ်ထားပြီး၊ တဦးချင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ အပြင် အစိုးရ ဌာနဆိုင်ရာ အသီးသီးနဲ့ ပတ်သက်တဲ့ ချိုးဖောက်ခံရမှုတွေနဲ့ပတ်သက်လို့ လူကိုယ်တိုင် ဖြစ်စေ၊ စာနဲ့ဖြစ်စေ ဆက်သွယ် တိုင်တန်းချက်တွေကို လက်ခံ ဖြေရှင်းပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာပြည်ကို ပြန်သွားခြင်း ဇာတ်ကား ထိပ်တန်း စာရင်းဝင်


မြန်မာနိုင်ငံဖွား တရုတ် အမျိုးသားတဦး ရိုက်ကူးတဲ့ “မြန်မာပြည်ကို ပြန်သွားခြင်း” Return to Burma အမည်ရှိ ရုပ်ရှင် ဇာတ်ကားဟာ တောင်ကိုရီးယား နိုင်ငံမှာ ကျင်းပနေတဲ့ “ပူဆန်း နိုင်ငံတကာ ရုပ်ရှင်ပွဲတော်” ရဲ့ ဆန်ခါတင် ဇာတ်ကား ၁၃ ခုစာရင်းမှာ ပါဝင်နေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံဖွား တရုတ် အမျိုးသား Midi Zhao ရိုက်ကူးတဲ့ “မြန်မာပြည်ကို ပြန်သွားခြင်း” Return to Burma အမည်ရှိ ရုပ်ရှင် ဇာတ်ကား၏ ဇာတ်ဝင်ခန်း တခန်းကို တွေ့ရစဉ်။ (screen snapshot)
“မီဒီကျောက်” (Midi Zhao) အမည်ရှိ အဲဒီ တရုတ်အမျိုးသား ဒါရိုက်တာဟာ မြန်မာနိုင်ငံမှာ မွေးဖွားပြီး အသက် ၁၆ နှစ်အရွယ်မှာ ထိုင်ဝမ် နိုင်ငံကို ပညာသင်ကြားဖို့ ထွက်ခွာသွားခဲ့ ပါတယ်။ မြန်မာနိုင်ငံတွင်းမှာ လျှို့ဝှက် ရိုက်ကူးခဲ့တဲ့ ဒီဇာတ်ကားဟာ- နှစ်ပေါင်းများစွာ ခွဲခွာလာခဲ့တဲ့ မွေးဇာတိ နိုင်ငံကို ပြန်သွားတဲ့ ရွှေ့ပြောင်း အလုပ်သမား လူငယ်တယောက် သူထင်ထားသလို တိုင်းပြည်မှာ ဘာအပြောင်းအလဲမှ ထူးထူးခြားခြား မရှိတာကို တွေ့လိုက်ရတဲ့ အကြောင်း ဇာတ်လမ်းဖွဲ့ပြီး ရိုက်ကူးထားတာပါ။ ဒီဇာတ်ကားရဲ့ ရိုက်ကွက် ၉ဝ ရာခိုင်နှုန်းလောက်ကို မြန်မာနိုင်ငံတွင်းမှာ ရိုက်ကူးခဲ့တာ ဖြစ်ပေမယ့် စစ်တပ်နဲ့ ရဲတွေရဲ့ နှောင့်ယှက်မှုကို ရှောင်ရှားဖို့ အတွက် သိုသိုသိပ်သိပ်နဲ့ ၂ ပတ်အတွင်း အပြီး ရိုက်ကူးခဲ့ရတယ်လို့ အဲဒီ ဒါရိုက်တာက ဆိုပါတယ်။ “ပူဆန်း နိုင်ငံတကာ ရုပ်ရှင် ပွဲတော်” မှာ ၂ဝ၁၁ ခုနှစ် အတွင်း ရိုက်ကူး ထုတ်လုပ်ခဲ့တဲ့ ဇာတ်ကားတွေထဲက အကောင်းဆုံးကားတွေကို ရွေးချယ်ပြီး New Currents “ရေစီးကြာင်းသစ်” အမည်ရှိဆုကို ချီးမြင့်မှာပါ။ အာရှတိုက်ရဲ့အကြီးကျယ်ဆုံး ရုပ်ရှင် ပွဲတော်ဖြစ်တဲ့ အဲဒီပွဲမှာ နိုင်ငံပေါင်း ၇ဝ က ရုပ်ရှင်ကား ၃ ရာကျော် ပြသနေပြီး မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝဇာတ်ကြောင်းကို ပြင်သစ် ဒါရိုက်တာ လု-ဘဲင်ဆင် (Luc Besson) ရိုက်ကူးထားတဲ့ The Lady ရုပ်ရှင် ဇာတ်ကား လည်း ပါဝင်တယ်လို့ သိရပါတယ်။

အင်းစိန်ထောင်ထဲတွင် နိုင်ငံရေးအကျဉ်းသားများ ကျန်းမာရေးအခြေအနေဆိုးရွှား



အင်း ​စိန်​ထောင်တွင် နိုင်ငံ​ရေး​အကျဉ်း​သား​အနည်း​ဆုံး​ ၂၄ ဦး​ခန့်​ ကျန်း​မာ​ရေး​ အ​ခြေအ​နေဆိုး​ရွား​နေတယ်လို့​ ပြည်တွင်း​က နိုင်ငံ​ရေး​အကျဉ်း​သား​တွေကို ကူညီ​ပေး​နေတဲ့​ အဖွဲ့​က ​ပြောပါတယ်။
အင်း​စိန်​ ထောင်ထဲက တိုက် ၂၊​ ၄၊​ ၅ အ​ဆောင်​တွေက နိုင်ငံ​ရေး​ အကျဉ်း​သား​ အနည်း​ဆုံး​ ၂၄ ဦး​ခန့်​ဟာ တီဘီ၊​ နှလုံး​၊​ ​သွေး​တိုး​၊​ လိပ်​ခေါင်း​၊​ ​ကျောက်ကပ်၊​ အစာအိမ်​ရောဂါ၊​ အ​ကြော​ရောဂါ၊​ အရိုး​ရောဂါ၊​ မျက်လုံး​နဲ့​ ပတ်သက်တဲ့​ရောဂါ​တွေ ခံစား​နေရတယ်လို့​ နိုင်ငံ​ရေး​အကျဉ်း​သား​မိသား​စုများ​ အကျိုး​ဆောင် ကွန်ရက်က ဆိုပါတယ်။
နိုင်ငံ​ရေး​ အကျဉ်း​သား​တွေ ကျန်း​မာ​ရေး​ချို့​တဲ့​နေ​ပေမယ့်​ ​ထောင်အာဏာပိုင်​တွေက ​ဆေး​ဝါး​ကုသမှုမ​ပေး​ဘူး​လို့​ အကျိုး​ဆောင် ကွန်ရက်က ကို​အောင်​ဇော်ထွန်း​က ​ပြောပါတယ်။
“ကို​ဇော်လင်း ​ထွန်း​ဆိုရင် အသည်း​ကင်ဆာဖြစ်တယ်။ အစာအိမ်မှာလည်း​ ​သွေး​ကြော​ယောင်တာဖြစ်တယ်။ တီဘီ​ရောဂါလည်း​ ဖြစ်​နေတယ်။ ၂၀၀၃ ခုနှစ်က ဗမာနိုင်ငံလုံး​ဆိုင်ရာ ​ကျောင်း​သား​သမဂ္ဂလှုပ်ရှား​မှုနဲ့​ ​ထောင်ကျ​နေတဲ့​ အနှစ် ၂၀ ကျ​နေတဲ့​ အကျဉ်း​သား​တ​ယောက်၊​ လက်ရှိအင်း​စိန်​ဆေး​ရုံမှာတက်​နေတယ်။ သူဆိုရင် ​ထောင်က​နေ သူ့​ကင်ဆာ​ဆေး​နဲ့​ပတ်သက်ပြီး​တော့​ ​ထောင်က​နေ ​ဆေး​ဝယ်တိုက်ရမှာ ဒါကို ​ဆေး​က​ဈေး​ကြီး​တော့​ အခုချိန်ထိ ဝယ်မတိုက်ဘူး​ သူ့​ရဲ့​ရောဂါကို ထိန်း​ချုပ်ပြီး​ အသက်ရှည်ရှည် ​နေရမယ့်​ကိစ္စ တို​တောင်း​သွား​နိုင်တယ်။”
အလား​တူ ​ကျောင်း​သား​လှုပ်ရှား​မှုနဲ့​ နှစ်ရှည်​ထောင်ဒဏ်ကျသူ​တွေ၊​ အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ်ဝင်​တွေ၊​ ကရင်အမျိုး​သား​အစည်း​အရုံး​ (​ကေအန်ယူ) အဖွဲ့​ဝင်တချို့​လည်း​ ကျန်း​မာ​ရေး​ချို့​တဲ့​နေတယ်လို့​ နိုင်ငံ​ရေး​အကျဉ်း​သား​အကျိုး​ဆောင်ကွန်ယက်က ဆိုပါတယ်။
“ဆိုလိုချင်တာက ​တော့​ ​ထောင်အသီး​သီး​မှာ နှစ်ရှည်​ထောင်ဒဏ်​တွေ ကျခံ​နေရတယ်။ စား​ရေး​သောက်​ရေး​တွေမှာ ချို့​တဲ့​တယ် သူတို့​ရဲ့​ လွတ်လပ်စွာ သွား​လာလှုပ်ရှား​ခွင့်​ အချိန်အင်မတန်နည်း​ပါး​တယ်/ နှစ်ရှည်လာတာနဲ့​အမျှ အကျဉ်း​သား​တွေက ကျန်း​မာ​ရေး​ ထိခိုက်လာတယ်။ လိုအပ်ချက်ကို ​ထောင်​တွေက ပြည့်​ပြည့်​ဝဝ ကုသ​ပေး​မှု အား​နည်း​လာတဲ့​အတွက် အကျဉ်း​သား​တွေက ​ရေရှည်မှာ လုံး​ပါး​ ပါး​ပြီး​တော့​ ကျန်း​မာ​ရေး​ ထိခိုက်လာတဲ့​ပုံစံမျိုး​တွေ ရှိလာပါတယ်။”
အင်း​စိန်​ထောင်မှာ နိုင်ငံ​ရေး​အကျဉ်း​သား​ ၂၀၀ ဝန်း​ကျင်ရှိတယ်လို့​ ကို​အောင်​ဇော်ထွန်း​က ဆိုပါတယ်။
မြန်မာနိုင်ငံပြည်တွင်း ​က အကျဉ်း​ထောင်အသီး​သီး​မှာ နိုင်ငံ​ရေး​အကျဉ်း​သား​ ၂၀၀၀ ဝန်း​ကျင်ရှိ တယ်လို့​ ထိုင်း​-မြန်မာနယ်စပ်အ​ခြေစိုက် နိုင်ငံ​ရေး​အကျဉ်း​သား​များ​ ကူညီ​စောင့်​ရှောက်​ရေး​အသင်း​ (​အေ​အေပီပီ-ဘီ) က ထုတ်ပြန်ထား​ပါတယ်။

LinkWithin

Related Posts Plugin for WordPress, Blogger...

GMAIL မှလဲ ဆက်သွယ်နိုင်ပါပြီ..

အင်္ဂလိမ်ဘာသာနှင့် ဖတ်ရူချင်သူများအတွက် သတင်းများ


Get Your News Widget
Share

ဧည့်သည်တော်နိုင်ငံများ

လူ အခွင့်အရေး အပိုဒ် (၃၀)

အပိုဒ်(၁)။ လူတိုင်းသည် မွေးဖွားလာကတည်းက တန်းတူညီမှုရှိသည်။ အပိုဒ်(၂)။ မည်သူကိုမျှ ခွဲခြားဖိနှိပ်ခြင်းမရှိစေရ။ အပိုဒ်(၃)။ လူတိုင်းအသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့်လုံခြုံခွင့်ရှိသည်။ အပိုဒ်(၄)။ မည်သူကိုမှ ကျွန်အဖြစ်စေခိုင်း ရောင်းဝယ်ခြင်းမပြုရ။ အပိုဒ်(၅)။ မည်သူကိုမှ မတရားနှိပ်စက်ခြင်း၊ လူမဆန်စွာ၊ ရက်စက်စွာဆက်ဆံခြင်း၊ အပြစ်ပေးခြင်းမပြုရ။ အပိုဒ်(၆)။ တရားဥပဒေရှေ့မှောက်တွင် လူတိုင်းအား လူသားအဖြစ် အသိအမှတ်ပြုခံပိုင်ခွင့်။ အပိုဒ်(၇)။ တရားဥပဒေရှေ့တွင် တန်းတူညီခွင့်။ အပိုဒ်(၈)။ မိမိအခွင့်အရေးချိုးဖောက်ခံရပါက ဥပဒေအကူအညီရယူခွင့်။ အပိုဒ်(၉)။ မတရားဖမ်းဆီးခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းအား ကာကွယ်မှုရရှိခွင့်။ အပိုဒ်(၁၀)။ လူအများကြားနာပြီး တရားမျှတသော တရားစီရင်မှုရရှိခွင့်။ အပိုဒ်(၁၁)။ ခိုင်လုံသော အထောက်အထားမရှိမချင်း ထိုသူသည် အပြစ်မရှိဟူ၍ သတ်မှတ်ခံပိုင်ခွင့်။ အပိုဒ်(၁၂)။ ပုဂ္ဂလိကကိုယ်ရေးကိုယ်တာများအား ၀င်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ပေးခြင်း။ အပိုဒ်(၁၃)။ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် အပိုဒ်(၁၄)။ မတရားအပြစ်ပေးခံရမည်ဆိုပါက အခြားနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံပိုင်ခွင့်။ အပိုဒ်(၁၅)။ နိုင်ငံသားဖြစ်ခွင့် အပိုဒ်(၁၆)။ အရွယ်ရောက်သူတိုင်း မိမိဆန္ဒဖြင့် လက်ထပ်အိမ်ယာထူထောင်ခွင့်။ အပိုဒ်(၁၇)။ ပစ္စည်းဥစ္စာပိုင်ခွင့်။ အပိုဒ်(၁၈)။ လွတ်လပ်စွာတွေးခေါ်ယုံကြည်ကိုးကွယ်ခွင့်။ အပိုဒ်(၁၉)။ လွတ်လပ်စွာ ထုတ်ဖော်တင်ပြပြောဆိုခွင့်၊ သတင်းများရယူခွင့်။ အပိုဒ်(၂၀)။ ငြိမ်းချမ်းစွာဖွဲ့စည်းထားသောအဖွဲ့အစည်းများအား လွတ်လပ်စွာဝင်ရောက်ခွင့်။ စုဝေးခွင့်။ အပိုဒ်(၂၁)။ အစိုးရတွင်ပါဝင်ခွင့်။ အပိုဒ်(၂၂)။ လူမှုဖူလုံရေးခံစားခွင့်။ အပိုဒ်(၂၃)။ အလုပ်လုပ်ခွင့်၊ အလုပ်သမားသမဂ္ဂ၀င်ရောက်ခွင့်။ အပိုဒ်(၂၄)။ အပန်းဖြေအနားယူခွင့်။ အပိုဒ်(၂၅)။ လုံလောက်သော လူမှုအဆင့်အတန်းခံစားခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၆)။ ပညာသင်ကြားပိုင်ခွင့်။ အပိုဒ်(၂၇)။ ယဉ်ကျေးမှုဘ၀တွင် ပါဝင်ပိုင်ခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၈)။ ထိုအခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၂၉)။ အခြားသူများ၏ အခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၃၀)။ မည်သူမျှဤအခွင့်အရေးများကို မချိုးဖောက်ရန်တာဝန်။