Popular Posts

လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက် ဝမ်းသာစွာဖြင့် ကြိုဆိုပါသည်။သိုသော် အကျဉ်းထောင်ထဲတွင်ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော်အတွက် ထပ်မံကြိုးစားဆောင်ရွက်ပေးကြဖို့ လိုအပ်ပါသေးသည်။..
ဒေါင်းမျိုးဆက်က ကိုယ်ကျိုးမဖက်ပဲနှင့် တိုင်းပြည်အကျိုး လူထုအကျိုး ကြိုးစားလုပ်ဆောင်သွားမည်။
ပြည်သူသာအမိ ပြည်သူသာအဖ ဆောင်ပုဒ်ကို လက်ကိုင်ကာစွဲ ဒါတို့ရဲ့အောင်ပွဲ

10/20/2011

သမ္မတ အနေနဲ့နောက်ထပ် လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ဖို့ရှိ

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားရဲ့ အခုတစ်ကြိမ် အစီရင်ခံစာဟာ အရင်ကထက် ပိုပြီး အပြုသဘော ဆောင်လာတယ်လို့ မြန်မာ အစိုးရ ကိုယ်စားလှယ်က မနေ့က ကုလသမဂ္ဂမှာ ပြောဆိုလိုက်ပါတယ်။
(Photo: AFP)
အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ရှိ ကမႝာ့ ကုလသမဂ္ဂ ဌာနချုပ် အဆောက်အအုံ ဖြစ်ပါသည်။ (Photo: AFP)
လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေဟာ ခေတ်သစ်ကို ရောက်နေပြီလို့ မြန်မာ ကိုယ်စားလှယ်က ဆိုပါတယ်။ ကျင်းပနေတဲ့ ပြည်ထောင်စု လွှတ်တော်ကနေ ခေတ်မမီတော့တဲ့ ဥပဒေတွေကို ပြောင်းလဲ ပြင်ဆင်နိုင်ခဲ့တယ်လို့လည်း ပြောသွားပါတယ်။ ဒါ့အပြင် နိုင်ငံတော် သမ္မတ အနေနဲ့ လွတ်ငြိမ်း ချမ်းသာခွင့်ကို ခြောက်လ အတွင်း နှစ်ကြိမ်ပေးနိုင်ခဲ့တယ်လို့လည်း ပြောဆိုပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဌာန်းချက် အရ နောက်ထပ်လည်း လွတ်ငြိမ်း ချမ်းသာခွင့် ထုတ်ပြန်ဖို့ ရှိတယ်၊ သမ္မတမှာ လုပ်ပိုင်ခွင့် ရှိတယ်လို့ မြန်မာ ကိုယ်စားလှယ်က ပြောသွားပါတယ်။ ဒါ့အပြင် မြန်မာ နိုင်ငံက ပြောင်းလဲနေတဲ့ အခြေအနေတွေ အပေါ် ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့ အကောင်းမြင်ဖို့ မြန်မာ ကိုယ်စားလှယ်က တိုက်တွန်းသွားပါတယ်။

ဆက်စပ်သတင်းများ

ကြားဖြတ် ရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးဖို့ ကင်တားနား တောင်းဆို

နိုင်ငံရေးအကျဉ်းသား ၆၀၀ သာရှိဟု သမ္မတ အကြံပေးပြော

လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နိုင်ငံရေးအကျဉ်းသားများ 

နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး မဟာမိတ် ၅ ပါတီ တိုက်တွန်းမယ်

 လွတ်ငြိမ်းချမ်းသာခွင့် နောက်ထပ် ထုတ်ပြန်ဖို့ရှိ


ကျောက်တော်မြို့နယ်ရှိ အပေါက်ဝကျေးရွာတွင် ကမ်းပါးပြိုခြင်းများနှင့် ရင်ဆိုင်နေရ

b29_10
အပေါက်ဝဈေး ကမ်းပါးမြင်ကွင်းအား အောက်တိုဘာလအတွင်းက တွေ့ရစဉ်
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ရှိ အပေါက်ဝကျေးရွာတွင် ဈေး၊ လူနေအိမ်များနှင့် ဘုန်းတော်ကြီးကျောင်းအနီးတွင် ကမ်းပါးပြို ခြင်းများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

အဆိုပါကျေးရွာသည်ကျောက် တော်မြို့တောင်ဘက် ရေမိုင် ၁၀ မိုင်ခန့်တွင်တည်ရှိပြီး အိမ်ခြေ ၁၃၆၇၊ လူဦးရေ ၇၇၀၀ ကျော်နှင့် မူလတန်းကျောင်း ငါးကျောင်းရှိသော ရွာကြီးတစ်ရွာဖြစ်ကြောင်း၊ ကမ်းပါးပြိုမှုမှာ နှစ်စဉ်ဖြစ်ပေါ်လျက်ရှိကြောင်း၊ နေရာတစ်ခုမှ တစ်ကြိမ်ပြိုကျလျှင် ပေ ၂၀ မှ ၂၅ ပေအထိရှိတတ်ကြောင်း၊ ကမ်းပါးပြိုကျရာတွင် ပါသွားသူ အမြောက်အမြားရှိခဲ့သော်လည်း ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။

''မနှစ်က ကမ်းပြိုကျသွားတော့ ခြောက်နှစ်အရွယ် ကလေးမလေးက ငါးလအရွယ် ကလေးကိုချီပြီး ပါသွားတယ်။ သူ့အဖေက ရေထဲလိုက်ဆင်း ပြီးကယ်တင်ခဲ့ရတယ်။ ပြီးတော့ အသက် ၅၀၊ ၅၆ နှစ်နဲ့ ၄၅ နှစ်အ ရွယ်အမျိုးသမီးသုံးဦးလည်း ပါသွား တယ်။ ရေကူးတတ်လို့ ဘာမှမဖြစ်တာပါ။ ကမ်းပါးက ရုတ်တရက်ပြို ကျသွားတာလေ'' ဟု ကမ်းပါးပြိုကျခံမှုကို မြင်တွေ့ခဲ့ရသူတစ်ဦးက ပြောပြသည်။
''ဒီရွာတည်ခါစက ကမ်းပါးက အဝေးကြီးမှာပါ။ရွာနဲ့ တစ်မိုင်လောက် ဝေးတယ်။ မြစ်နဲ့ရွာကြားမှာ ဘောလုံးကွင်းတွေ၊လယ်ကွင်းတွေ အများကြီးရှိခဲ့တယ်။ အခုဆို ကမ်းပါးပြိုတာကြောင့် အိမ်ခြေ ၁၀၀ မက ရွှေ့ပြောင်းလိုက်ရတယ်။ နေအိမ်အဆောက်အဦတွေကို ထိခိုက်လာတာ ၁၀ နှစ်နီးပါးလောက်ရှိပြီ။ ကျွန်တော်ဆို တစ်နှစ်ကိုပေ ၂၀ လောက်ရွှေ့ပြီး ဆောက်တာ ခြောက်ခါတောင် ရှိနေပြီ။ ဒီနှစ်လည်းရွှေ့ရတော့မယ်။ အိမ်အောက်ဘက်မှာ မြေသားတွေ ကွဲအက်လာပြီလေ။ အထူးသဖြင့် မြစ်ရေနည်းချိန် အောက်တိုဘာလ၊ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလတွေမှာ အဖြစ်များတယ်'' ဟု ကမ်းစပ်တွင် နေထိုင်သူတစ်ဦးက ပြောပြခဲ့သည်။

''ကျောင်းမှာရှိတဲ့ ဘုရား၊ သိမ်နဲ့ဆို ကမ်းပါးနဲ့ လေးငါးပေလောက်ပဲ ဝေးတော့တယ်။ မကြာခင် သိမ်တော်ပါသွားမှာစိုးရသလို ကျောင်းတောင်ပါသွားမှာ စိုးရိမ်နေရပြီ'' ဟု ချောင်းဝဘုန်းတော်ကြီးကျောင်းမှဆရာတော်က မိန့်ကြားခဲ့ပါသည်။
ကုလားတန်မြစ် ၀ဲဘက်ခြမ်းတွင်ရှိသော အဆိုပါအပေါက်ဝကျေးရွာသည် တိုက်နယ်အဆင့်ရှိသော ရွာကြီးတစ်ရွာဖြစ်ကြောင်း၊ လက်ရှိတွင် လူနေအိမ်များနှင့် ဈေးအပါအ၀င် ချောင်းဝဘုန်းတော် ကြီးကျောင်းသည် ကမ်းပါးပြိုရာတွင် ပါသွားမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း သိရှိရသည်။

ဂရိမှာ ၂ ရက်ကြာ အထွေထွေသပိတ်မှောက်

ဂရိအစိုးရရဲ့ခြိုးခြံချွေတာရေး စီမံကိန်းကို မကျေနပ်လို့ ဆန္ဒပြကြတဲ့သူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေ မနေ့တုန်းက အေသင်မြို့မှာ ပဋိပက္ခတွေဖြစ်ခဲ့ကြပါတယ်။ ထောင်နဲ့သောင်းနဲ့ချီတဲ့ အလုပ်သမားတွေဟာ ၂ ရက်ကြာ အထွေထွေသပိတ်မှောက် ဖို့ ဂရိလမ်းမတွေပေါ်ထွက်ခဲ့ကြပါတယ်။ ဂရိလွှတ်တော်အပြင်ဘက်က ရင်ပြင်မှာရှိနေတဲ့ရဲတွေကို အေသင်မြို့က ဆန္ဒပြသူတွေက ကျောက်ခဲတွေ၊ မီးလောင်ဗုံးတွေနဲ့ ပစ်ခဲ့ကြသလို ရဲတွေဘက်ကလည်း မျက်ရည်ယိုဗုံးတွေ မီးခိုးဗုံးတွေနဲ့ ပြန်ပစ်ခဲ့ပါတယ်။ လွှတ်တော်ရှေ့ကရင်ပြင်မှာ ဆန္ဒပြသူတွေ အနည်းဆုံး ၁၀၀,၀၀၀ လောက်ရှိပါတယ်။ တော်တော် များများက အစိုးရကိုနှုတ်ထွက်ပေးဖို့တောင်းဆိုတဲ့ ဆိုင်းဘုတ်တွေ ကိုင်ထားကြပါတယ်။
ဒါပေမဲ့လည်း လွှတ်တော်မှာ အများစုဖြစ်တဲ့ ဆိုရှယ်လစ် လွှတ်တော်အမတ်တွေကတော့ ခြိုးခြံချွေတာရေး စီမံကိန်းကို အတည်ပြုပေးခဲ့ပါတယ်။ အဲဒီစီမံကိန်းကြောင့် အခွန်ကောက်တာတွေ တိုးမြှင့်မယ့်အပြင် အစိုးရအလုပ်တွေကိုလည်းလျှော့ချမှာဖြစ်ပါတယ်။ ဒီစီမံကိန်းကို ဒီကနေ့မှာ နောက်ဆုံးအဆင့် မဲပေးကြမှာပါ။ တနိုင်ငံလုံးအတိုင်းအတာနဲ့ အလုပ်မဆင်းဘဲ ဆန္ဒပြတဲ့အနေနဲ့ သီစာလို နကီ (Thessaloniki၊ ပါထရပ်စ် ( Patras) နဲ့  ဟီရာကလီယွန် (Heraklion) မြို့တွေမှာလည်း ဆန္ဒပြသူ ၅၀,၀၀၀ လောက်က လမ်းမတွေပေါ် ထွက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ ဆရာဝန်တွေ၊ ကျောင်းဆရာတွေ အပြင် မုန့်ဖုတ်သမားတွေ၊ အငှားယာဉ်ပိုင်ရှင်တွေ၊ ဓာတ်ဆီဆိုင်အလုပ်သမားတွေပါမကျန် ၄၈ နာရီ ဆန္ဒပြပွဲကို ဆင်နွဲနေကြပါတယ်။ ဂရိနိုင်ငံရဲ့အကြွေးတွေ အကြီးအကျယ်တင်နေတဲ့ အကြပ်အတည်းကိုဖြေရှင်းဖို့ ပြင်သစ် သမ္မတ နီကိုလိုင်ဆာကိုဇီနဲ့ ဂျာမဏီဝန်ကြီးချုပ် အန်ဂလာမာကဲလ်တို့ ဆွေးနွေးကြဖို့ ဂျာမဏီနိုင်ငံ Frankfurt ဖရန်ခ်ဖာ့တ်မြို့ကို လာနေကြပါပြီ။

ကြားဖြတ် ရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးဖို့ ကင်တားနား တောင်းဆို

နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်မှာ ကျင်းပနေတဲ့ (၆၆) ကြိမ်မြောက် အထွေထွေ ညီလာခံမှာ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana က သူရဲ့ အစီရင်ခံစာကို မနေ့က တင်သွင်းခဲ့ပါတယ်။
UN Photo/Eskinder Debebe
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (ယာ) က မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် မစ္စတာ တောမတ်စ် အိုဂျီးယား ကင်တားနား (ဝဲ) အား တာဝန်ပေးအပ်ထားပါသည်။
လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အရင်ကထက် စာရင် အပြောင်းအလဲတွေ ဖြစ်လာတယ် ဆိုတာကို ကြိုဆိုပေမဲ့၊ မြန်မာ အစိုးရအနေနဲ့ တာဝန်ယူ ဖြေရှင်းရမယ့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေဆဲ ဖြစ်တယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။ ဒါ့အပြင် သမ္မတ ဦးသိန်းစိန် အစိုးရ အနေနဲ့ မကြာသေးခင်က နိုင်ငံရေး အကျဉ်းသား ၂၀၀ လောက် လွှတ်ပေးတာဟာ ကြိုဆိုစရာ ကိစ္စ ဖြစ်ပေမဲ့၊ နိုင်ငံရေး အကျဉ်းသား အရေအတွက် အမြောက်အမြား ကျန်ရှိနေသေးတာကို သူအပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းက စိုးရိမ်နေတယ်လို့ ပြောသွားပါတယ်။ ဒါကြောင့် ဒီနှစ် အကုန်ပိုင်းလောက်မှာ ကျင်းပဖို့ရှိတဲ့ ကြားဖြတ် ရွေးကောက်ပွဲ မတိုင်ခင် အကျဉ်းသား အားလုံး လွှတ်ပေးဖို့ မစ္စတာ ကင်တားနား က မြန်မာအစိုးရကို တိုက်တွန်းခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသား အားလုံး ချွင်းချက်မရှိ အစိုးရ အနေနဲ့ အမြန်ဆုံးလွှတ်ပေးဖို့ ဆိုတဲ့အချက် အရေးကြီးပါတယ်။ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပတဲ့အချိန်မှာ နိုင်ငံရေး အကျဉ်းသားတွေ ထိန်းသိမ်းထားတယ် ဆိုတာ လုံးဝ မဖြစ်သင့်တော့ပါဘူးလို့ မစ္စတာကင်တားနားက ပြောသွားပါတယ်။

နိုင်ငံရေးအကျဉ်းသား ၆၀၀ သာရှိဟု သမ္မတ အကြံပေးပြော

မြန်မာနိုင်ငံ၌ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ ၆၀၀ ခန့်သာရှိရာ သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ထက်ဝက် ခန့် လွတ်မြောက်လာပြီဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်၏ နိုင်ငံရေးအကြံပေး ဦးကိုကိုလှိုင်က ပြီးခဲ့သည့်အပတ်က ဆွီဒင်နိုင်ငံပိုင်  ရေဒီယိုနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောဆိုသည်။

ရန်ကုန်မြို့ အင်းစိန်ထောင်ရှေ့တွင် အောက်တိုဘာ ၁၂ ရက်က လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်လာမည့်သူများကို လာရောက် စောင့်ဆိုင်းနေသော အကျဉ်းသား မိသားစုဝင်များ (ဓာတ်ပုံ - AP)
နိုင်ငံရေးအကျဉ်းသား၂၀၀၀ ခန့်ရှိသည် ဆိုခြင်းသည် ချဲ့ကားပြောဆိုမှုများသာဖြစ်ကြောင်း၊ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ဦးရေ ၃၀၀ ခန့် လွှတ်ပေးပြီး ဖြစ်သည့်အတွက် လွှတ်ပေးမှုနှုန်းမှာ နည်းပါးသည်ဟု မဆိုနိုင်ကြောင်း၊ မကြာမီကာလအတွင်း ထပ်မံလွတ် မြောက် လာဦးမည်ဟု ထင်ကြောင်း ပြောဆိုခဲ့သည်။
သို့ရာတွင် ပြည်တွင်းအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး လက်မှတ်ထိုး လှုပ်ရှားမှုအဖွဲ့မှ ကိုတိုးကျော်လှိုင်ကမူ အစိုးရနှင့် နိုင်ငံရေးအဖွဲ့အစည်းများအကြား နိုင်ငံရေးအကျဉ်းသားများနှင့် ပတ်သက်၍ စာရင်းကွဲလွဲနေသည်ဟု ပြောသည်။
၎င်းတို့ အဖွဲ့ ပြုစုထားသည့် နိုင်ငံရေးအကျဉ်းသား ဦးရေမှာ လက်ရှိ ၁၂၀၀ နီးပါး ကျန်ရှိမည်ဖြစ်ကြောင်း ဧရာဝတီသို့ပြောသည်။
အဆိုပါ စာရင်းသည် ပြီးခဲ့သည့် ရက်ပိုင်းက လွတ်မြောက်လာသည့် ဦးရေကို ထုတ်နုတ်ထားပြီးဖြစ်သည်ဟု ဆိုသည်။
“စာရင်းကွာခြားနေတယ်ဆိုတာ အစိုးရက နိုင်ငံရေးသီးသန့် ပုဒ်မတပ်ထားတဲ့သူတွေ စာရင်းကို ကိုင်ပြောနေလို့ဖြစ်လိမ့်မယ်”ဟု ကိုတိုးကျော်လှိုင် က ပြောသည်။
အစိုးရအနေဖြင့် နိုင်ငံရေးလှုပ်ရှားသူတချို့ကို ပုဒ်မ ၅(ည)၊ ပုဒ်မ ၅၀၅(ခ) စသည့် နိုင်ငံရေး ပုဒ်မများဖြင့် အမှုဖွင့်ဖမ်းဆီးခြင်း မပြုဘဲ၊ အီလက်ထရွန်နစ် အက်ဥပဒေ၊ တရားမ၀င်နယ်စပ်ဖြတ်ကျော် ၀င်ရောက်မှု၊ ဗုံးဖောက်ခွဲရန် ကြံစည်မှု၊ မတရားအသင်း ဆက်သွယ်မှု၊ ပုံနှိပ် အက်ဥပဒေ စသည့် ဥပဒေပုဒ်မ များဖြင့် စွဲဆိုကြောင်း၊ ထို့ကြောင့် စာရင်းကွာဟမှုများ ဖြစ်ပေါ်နေခြင်း ဖြစ်နိုင်ကြောင်း ကိုတိုးကျော်လှိုင်က ပြောဆိုသည်။

အကျဉ်းထောင်များအတွင်း ကျန်ရှိနေသော ယုံကြည်ချက်ကြောင့် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသားများနှင့် အခြားအကျဉ်းသားများကို ထပ်မံလွှတ်ပေးရန် ပြည်သူလွှတ်တော်ထံ အဆိုတင်သွင်း

အကျဉ်းထောင်များအတွင်း ကျန်ရှိနေသော ယုံကြည်ချက်ကြောင့် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသားများနှင့် အခြားအကျဉ်းသားများကို ထပ်မံလွှတ်ပေးရန် ပြည်သူလွှတ်တော်ထံ အဆိုတင်သွင်း၊ ကျန်ရှိနေသေးသည့် အကျဉ်းကျခံသူများအား အချိန်ကာလနှင့် အခြေအနေပေါ် မူတည်ကာ ဖြစ်နိုင်သမျှ လွှတ်ငြိမ်းချမ်းသာခွင့် ပေးသွားရန် အစီအစဉ်ရှိကြောင်း သူရဦးရွှေမန်း ပြန်လည်ဖြေကြား
အကျဉ်းထောင်များအတွင်း ကျန်ရှိနေသော ယုံကြည်ချက်ကြောင့် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသားများနှင့် အခြားအကျဉ်းသားများကို ထပ်မံလွှတ်ပေးရန် ပြည်သူလွှတ်တော်ဥက္ကဋ္ဌထံ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်မှ ကြားဖြတ်အဆိုကို တင်သွင်းခဲ့ကြောင်း သိရှိရသည်။

အဆိုပါအဆိုကို ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ၃၅ ရက်မြောက်နေ့တွင် တင်သွင်းခဲ့ခြင်းဖြစ်သည်။

အီရတ်မြောက်ပိုင်းကို တူရကီ ထိုးစစ်ဆင်

အီရတ်နိုင်ငံ မြောက်ပိုင်းက ကဒ် Kurd သူပုန်တွေက တူရကီ အရှေ့တောင်ပိုင်း ဒေသမှာရှိတဲ့ တူရကီ စစ်တပ် အစောင့်တပ်စခန်းကို ၀င်ရောက် တိုက်ခိုက်ခဲ့တဲ့အတွက် တူရကီစစ်သား ၂၄ ဦး သေဆုံးပြီး ၁၈ ဦး ဒဏ်ရာရခဲ့တာမို့ ဒီ ကဒ်သူပုန်တွေကို တိုက်ခိုက်ဖို့ တူရကီက စစ်ဆင်ရေးတရပ် စတင်လိုက်ပြီ ဖြစ်ပါတယ်။
တူရကီစစ်သားတွေ ရဟတ်ယာဉ်နဲ့ လာနေချိန်မှာပဲ အီရတ်မှာရှိတဲ့ ကဒ်သူပုန်တွေကို ပစ်မှတ်ထားပြီး တူရကီလေတပ် ဂျက်တိုက်လေယာဉ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ တူရကီသတင်းကရေးပါတယ်။ ဒီလက်စားခြေ တိုက်ခိုက်မှုကနေ ကဒ်သူပုန် ၂၀ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

မူးယစ်ဆေးသယ်လာသည့် မြန်မာနှစ်ဦး အဖမ်းခံရ

မြန်မာနိုင်ငံ မြ၀တီမြို့မှတဆင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်သို့ ယမန်နေ့က မူးယစ်ဆေးဝါး ၂ ကီလိုခန့် သယ်ဆောင်လာသည့် မြန်မာနိုင်ငံသား နှစ်ဦးကိုမူးယစ်ဆေးဝါးဥပဒေဖြင့် တရားစွဲဆိုမည်ဟု မဲဆောက်မြို့ ရဲမှူးကြီးက ပြောသည်။
ရာဇ၀တ်မှုထူပြောသော မြ၀တီ-မဲဆောက် တံတားအောက်ကို လုံခြုံရေးတင်းကျပ်ရန် ထိုင်းအာဏာပိုင်တို့က စက်တင်ဘာ ၂၅ ရက်နေ့တွင် သံဆူးကြိုးကာရံလိုက်သည် (ဓာတ်ပုံ- ဧရာဝတီ)

စောအနိုး အသက် ၃၃ နှစ်နှင့် နန်းယဉ် အသက်၂၄ နှစ်တို့ကို ၎င်းတို့သယ်ယူလာသော စိတ်ကြွဆေးပြား(ရာဘ)ပြုလုပ်ရာတွင် အသုံးပြုသည့် မက်သာအဖက်တမင်း အမှုန့်၂ ကီလိုခန့်နှင့်အတူ ထိုင်း မူးယစ်ဆေးဝါးနှိမ်နှင်းရေး အထူးအဖွဲ့က နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားအနီးတွင်ဖမ်းမိခဲ့ခြင်းဖြစ်သည်။
ယင်း မူးယစ်ဆေးဝါးအမှုန့်များကို မဲဆောက်ရှိ ၀ယ်လက်များထံသို့ လာရောက်ပို့ဆောင်ပေးခြင်းဖြစ်သည်ဟု ထိုင်း အာဏာပိုင်များထံတွင် အဖမ်းခံရသူများက ထွက်ဆိုခဲ့ကြသည်။
မဲဆောက် ရဲမှူးကြီး ဒေချာဝထနဖနုံ က“သူတို့ကို မနေ့က ထိုင်း မူးယစ်တိုက်ဖျက်ရေးအဖွဲ့က ဖမ်းလိုက်တာဖြစ်တယ်၊ အခု မဲဆောက် ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်၊ စစ်ဆေးမှုတွေ လုပ်ပြီးတာနဲ့ သူတို့ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေ တတ်တဲ့ ဥပဒေနဲ့ အရေးယူ စွဲချက်တင်မှာဖြစ်တယ်”ဟု ဒေသခံ သတင်းထောက်များကို ပြောသည်။
ထိုသို့ ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား၂ ဦး၏ အမှုအတွက် လိုက်ပါ ဆောင်ရွက်ပေးမည့်သူများမရှိသေးကြောင်း သိရသည်။
မြန်မာနိုင်ငံဘက်မှ မူးယစ်ဆေးဝါးများ ၀င်ရောက်မှုနှင့် ရာဇ၀တ်မှုများ တားဆီးနိုင်ရန်အတွက် နှစ်နိုင်ငံချစ်ကြည်ရေး တံတား အနီးရှိ မြန်မာဘက်မှ အလွယ်တကူဝင်ရောက်နိုင်သည့် မလွယ်ပေါက်များကို ထိုင်း အာဏာပိုင်များက စက်တင်ဘာ၂၅ရက်နေ့ကစ၍ သံဆူးကြိုးများဖြင့် ကာရံလိုက်ပြီး ၂၄ နာရီ လုံခြုံရေး ချထားခဲ့သည်။
ထိုင်းဘက်မှ သံဆူးကြိုးကာရံ၍ လုံခြုံရေးတိုးမြှင့်လိုက်သော်လည်း မြန်မာဘက်မှ မူးယစ်ဆေးဝါးများ ၀င်ရောက်မှုမှာ နည်းပါးသွားခြင်းမရှိဟု ထိုင်းနိုင်ငံဘက် ချစ်ကြည်ရေးတံတားမှ တာဝန်ရှိ ထိုင်း အုပ်ချုပ်ရေးအဖွဲ့ဝင် တဦးက ပြောဆိုသည်။
မဲဆောက်-မြ၀တီ ချစ်ကြည်ရေးတံတား ဘေး ၀ဲယာအနီးဝန်းကျင်သည် မြန်မာဘက်မှနည်းမျိုးစုံဖြင့် ၀င်ရောက်လာသည့် မူးယစ်ဆေးဝါးမျိုးစုံကို ထိုင်းဘက်မှ မကြာခဏ ဖမ်းဆီးရမိသည့် နေရာဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းကလည်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ တဖက်ကမ်းရှိ မယ်ဆိုင်မြို့တွင် စိတ်ကြွဆေးပြား ၉ သိန်း နှင့် ICE မူးယစ်ဆေးဝါး ၂၅ ကီလိုဂရမ် ကို ထိုင်း အာဏာပိုင်များက ဖမ်းဆီးမိခဲ့သေးသည်။

တိုးတက်ပူးပေါင်းဆောင်ရွက်ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရကို သီတဂူဆရာတော် တိုက်တွန်း

မြန်မာပြည်သူတွေ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနဲ့ တိုးတက်ရေး တို့အတွက် အစိုးရပိုင်းကရော၊ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဘက်ကပါ ပြည်သူတွေရဲ့ လိုလားချက်တွေကို အားမြှင့်ဖြည့်ဆည်း ဆောင်ရွက်သွားဖို့ ထင်ရှားတဲ့ သီတဂူဆရာတော် ဒေါက်တာ အရှင် ဉာဏိဿရက ဒီကနေ့ တိုက်တွန်း မိန့်ကြား လိုက်ပါတယ်။
nldburma.org
ရန်ကုန်တိုင်း မြောက်-ဒဂုံမြို့နယ်တွင် သီတဂူ ကမ္ဘာ့ ဗုဒ္ဓသာသာနာ့ တက္ကသိုလ် ဖွင့်လှစ်ရန် ပြင်ဆင်နေသာ သီတဂူ ဆရာတော် ဦးဉာဏိဿရအား မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ဖူးမျှော်စဉ် ၂ဝ၁၁ ခုနှစ် ဇွန်လ ၁၄ ရက်နေ့က မှတ်တမ်းပုံ ဖြစ်ပါသည်။ (nldburma.org)
“ပြည်သူတွေရဲ့ လိုလားချက်တွေ တောင့်တချက်တွေကို ခပ်များများ ဖြည့်စွက် ပေးနိုင်စွမ်းရင် ဒီမန်း(Demand) နဲ့ ဆပ်ပလိုင်း (Supply) ဆိုတာလိုပေါ့၊ ဆပ်ပလိုင်း သိပ်နည်းရင် ဒီဥစ္စာက မကောင်းတဲ့ အကျိုးဆက် ရှိတာပဲ၊ နိုင်ငံရေးဆိုတာ အဲဒါ ပါပဲ။ ဒီမန်းတွေ သိပ်များလာရင် ဆပ်ပလိုင်း ခပ်များများလုပ်ပေးလိုက်ရင် ငြိမ်သွားကြမှာပါ။ သို့သော်လည်းပဲ ပညာတတ် ပုဂ္ဂိုလ်တွေ စိတ်ထားနှလုံးထား ပျော့ပျောင်းတဲ့ သူတွေရဲ့အပိုင်းမှာ အမြဲတမ်း သက်ရောက်စရာ အကြောင်း ရှိပါတယ်၊ အဂရက်စစ်(Aggressive) ဖြစ်ပြီးတော့ စိတ်ဓါတ် ခက်မာတဲ့ ပုဂ္ဂိုလ်တွေ ပညာနည်းတဲ့ ပုဂ္ဂိုလ်တွေ အပိုင်းကြတော့ လုပ်ရကိုင်ရတာ အတော် ခက်လိမ့်မယ်” လို့ ဆရာတော်က အာအက်ဖ်အေကို မိန့်ကြားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ နောက်ဆုံးအကြိမ် နေအိမ်အကျယ်ချုပ်က လွတ်မြောက်ပြီးနောက် အခုနှစ် ဇွန်လ ၁၄ ရက်နေ့က တစ်ကြိမ်၊ ပြီးခဲ့တဲ့ရက်ပိုင်း သီတင်းကျွတ်လပြည့်နေ့က တစ်ကြိမ်၊ သီတဂူဆရာတော်ကို သွားရောက် ဖူးမြော် ဂါဝရ ပြုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံရဲ့ရှေ့ရေးအတွက် သည်းခံ ခွင့်လွှတ်ပြီး၊ စိတ်ရှည်ရှည်နဲ့ ပူးပေါင်း ဆောင်ရွက်သွားဖို့ အလေးထား မှာကြားခဲ့တယ်လို့ ဆရာတော်က RFA ကို မိန့်ကြားပါတယ်။ ဆရာတော်ဟာ ဇွန်လ ၁၇ ရက်နေ့က ကျင်းပခဲ့တဲ့ သီတဂူ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓတက္ကသိုလ် ဖွင့်ပွဲကို တက်ရောက်ခဲ့တဲ့ ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး နဲ့တကွ အစိုးရ ခေါင်းဆောင်တွေကိုလည်း ငြိမ်းချမ်းရေးနဲ့ ညီညွတ်ရေးတရား ဟောကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စွန့်လွှတ်စွန့်စားစိတ်၊ သည်းခံ ခွင့်လွှတ်စိတ်တွေနဲ့ ကြိုးပမ်းနေတာကြောင့် ဒီမိုကရေစီ ရရှိအောင် မုချ ဆောင်ရွက်နိုင်မှာ မှန်ပေမယ့် အချိန်တော့ ယူရလိမ့်မယ်လို့လည်း ဆရာတော်က မိန့်ကြားပါတယ်။ သီတဂူဆရာတော် ဒေါက်တာ အရှင် ဉာဏိဿရကို အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်လျှောက်ထား တင်ပြထားတာ နားဆင်နိုင်ပါတယ်။
ဆက်သွယ်မေးမြန်းချက်။

LinkWithin

Related Posts Plugin for WordPress, Blogger...

GMAIL မှလဲ ဆက်သွယ်နိုင်ပါပြီ..

အင်္ဂလိမ်ဘာသာနှင့် ဖတ်ရူချင်သူများအတွက် သတင်းများ


Get Your News Widget
Share

ဧည့်သည်တော်နိုင်ငံများ

လူ အခွင့်အရေး အပိုဒ် (၃၀)

အပိုဒ်(၁)။ လူတိုင်းသည် မွေးဖွားလာကတည်းက တန်းတူညီမှုရှိသည်။ အပိုဒ်(၂)။ မည်သူကိုမျှ ခွဲခြားဖိနှိပ်ခြင်းမရှိစေရ။ အပိုဒ်(၃)။ လူတိုင်းအသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့်လုံခြုံခွင့်ရှိသည်။ အပိုဒ်(၄)။ မည်သူကိုမှ ကျွန်အဖြစ်စေခိုင်း ရောင်းဝယ်ခြင်းမပြုရ။ အပိုဒ်(၅)။ မည်သူကိုမှ မတရားနှိပ်စက်ခြင်း၊ လူမဆန်စွာ၊ ရက်စက်စွာဆက်ဆံခြင်း၊ အပြစ်ပေးခြင်းမပြုရ။ အပိုဒ်(၆)။ တရားဥပဒေရှေ့မှောက်တွင် လူတိုင်းအား လူသားအဖြစ် အသိအမှတ်ပြုခံပိုင်ခွင့်။ အပိုဒ်(၇)။ တရားဥပဒေရှေ့တွင် တန်းတူညီခွင့်။ အပိုဒ်(၈)။ မိမိအခွင့်အရေးချိုးဖောက်ခံရပါက ဥပဒေအကူအညီရယူခွင့်။ အပိုဒ်(၉)။ မတရားဖမ်းဆီးခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းအား ကာကွယ်မှုရရှိခွင့်။ အပိုဒ်(၁၀)။ လူအများကြားနာပြီး တရားမျှတသော တရားစီရင်မှုရရှိခွင့်။ အပိုဒ်(၁၁)။ ခိုင်လုံသော အထောက်အထားမရှိမချင်း ထိုသူသည် အပြစ်မရှိဟူ၍ သတ်မှတ်ခံပိုင်ခွင့်။ အပိုဒ်(၁၂)။ ပုဂ္ဂလိကကိုယ်ရေးကိုယ်တာများအား ၀င်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ပေးခြင်း။ အပိုဒ်(၁၃)။ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် အပိုဒ်(၁၄)။ မတရားအပြစ်ပေးခံရမည်ဆိုပါက အခြားနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံပိုင်ခွင့်။ အပိုဒ်(၁၅)။ နိုင်ငံသားဖြစ်ခွင့် အပိုဒ်(၁၆)။ အရွယ်ရောက်သူတိုင်း မိမိဆန္ဒဖြင့် လက်ထပ်အိမ်ယာထူထောင်ခွင့်။ အပိုဒ်(၁၇)။ ပစ္စည်းဥစ္စာပိုင်ခွင့်။ အပိုဒ်(၁၈)။ လွတ်လပ်စွာတွေးခေါ်ယုံကြည်ကိုးကွယ်ခွင့်။ အပိုဒ်(၁၉)။ လွတ်လပ်စွာ ထုတ်ဖော်တင်ပြပြောဆိုခွင့်၊ သတင်းများရယူခွင့်။ အပိုဒ်(၂၀)။ ငြိမ်းချမ်းစွာဖွဲ့စည်းထားသောအဖွဲ့အစည်းများအား လွတ်လပ်စွာဝင်ရောက်ခွင့်။ စုဝေးခွင့်။ အပိုဒ်(၂၁)။ အစိုးရတွင်ပါဝင်ခွင့်။ အပိုဒ်(၂၂)။ လူမှုဖူလုံရေးခံစားခွင့်။ အပိုဒ်(၂၃)။ အလုပ်လုပ်ခွင့်၊ အလုပ်သမားသမဂ္ဂ၀င်ရောက်ခွင့်။ အပိုဒ်(၂၄)။ အပန်းဖြေအနားယူခွင့်။ အပိုဒ်(၂၅)။ လုံလောက်သော လူမှုအဆင့်အတန်းခံစားခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၆)။ ပညာသင်ကြားပိုင်ခွင့်။ အပိုဒ်(၂၇)။ ယဉ်ကျေးမှုဘ၀တွင် ပါဝင်ပိုင်ခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၈)။ ထိုအခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၂၉)။ အခြားသူများ၏ အခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၃၀)။ မည်သူမျှဤအခွင့်အရေးများကို မချိုးဖောက်ရန်တာဝန်။