Popular Posts

လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက် ဝမ်းသာစွာဖြင့် ကြိုဆိုပါသည်။သိုသော် အကျဉ်းထောင်ထဲတွင်ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော်အတွက် ထပ်မံကြိုးစားဆောင်ရွက်ပေးကြဖို့ လိုအပ်ပါသေးသည်။..
ဒေါင်းမျိုးဆက်က ကိုယ်ကျိုးမဖက်ပဲနှင့် တိုင်းပြည်အကျိုး လူထုအကျိုး ကြိုးစားလုပ်ဆောင်သွားမည်။
ပြည်သူသာအမိ ပြည်သူသာအဖ ဆောင်ပုဒ်ကို လက်ကိုင်ကာစွဲ ဒါတို့ရဲ့အောင်ပွဲ

8/09/2012

ကျောင်းသားများက မိမိတို့အခက်အခဲအတွက် ဆန္ဒပြသသည့်များအပေါ် ကိုရီးယားနှင့် အိန္ဒိယက ကူညီသွား


ကျောက်ဖြူမြို့နယ် အတွင်း ကျောင်းသားများက ပြန်လည်ပြုပြင်ပေးရန်  ဆန္ဒပြတောင်းဆိုခဲ့သော လမ်းကို အခုအခါ ကိုရီးယား ဒေ၀ူးနှင့် အိန္ဒိယ Punj Lioy ကုမ္ပဏီများက ပြန်လည် ပြုပြင် တည်ဆောက်ပေးနေပြီ ဖြစ်ကြောင်း ကျောင်းသားမိဘ တစ်ဦးက ပြောသည်။

အဆိုပါ လမ်းမှာ  မရကျွန်းနှင့် ဂုံးရှိန် ကျေးရွာ အကြားတွင် တည်ရှိသော လမ်းဖြစ်ပြီး ဂုံးရှိန် အထက်တန်းကျောင်းမှ ဒေသခံ ကျောင်းသူ ကျောင်းသားများ ကျောင်းသွား ကျောင်းပြန် အသုံးပြုနေသော လမ်းဖြစ်သည်။ ကျေးရွာသားများမှ ၎င်းလမ်းကို ကိုယ်ထူကိုယ်ထ စနစ်ဖြင့် တည်ဆောက် ထားခဲ့သည်။
“ အဲဒီလမ်းက ကိုရီးယား ဒေ၀ူးနဲ့ အိန္ဒိယ ကုမ္ပဏီကားတွေ အသုံးပြုပစ်တဲ့ အတွက် သွားလာလို့ မရအောင်ပျက်စီးသွားပါတယ်။ ဒီလမ်းကို ပြုပြင်ပေးဖို့ ဒေသခံ ကျေးရွာသားတွေက စာရေးပြီး အထက်ကို တင်ပြပါတယ်။ ဒါပေမယ့် ပြန်လည် ပြုပြင်ပေးတာ မရှိတဲ့ အတွက် ဇူလိုင်လ ၉ ရက်နေ့က ကျောင်းသား ၁၀၀ ကျော်က ပိုစတာတွေကိုယ်စီ ကိုင်ပြီး ဆန္ဒပြခဲ့ကြပါတယ်” ဟု ကျောင်းသား မိဘ တစ်ဦးက ပြောသည်။
ကျောင်းသားများမှာ လိပ်မမော် ရွာမ၊ လိပ်ခမော် ရွာဟောင်း၊ မရကျွန်း၊ ဂုံးရှိန်၊ ပြင်ရှည် ကျေးရွာများမှ ဖြစ်ကြသည်။
ကျောင်းသားများ ဆန္ဒပြမူ ဖြစ်ပွားပြီးနောက် ခရိုင်တာဝန်ရှိသူများက အဆိုပါ လမ်းကို ပြုပြင်ပေးမည်ဟု ကတိပေးခဲ့သော်လည်း ဆန္ဒပြသူ ကျောင်းသားများ၏ မိဘများကို ခံဝန်ကတိ လက်မှတ်များ ရေးထိုးရမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။


ဒေ၀ူးက တည်ဆောက်ပေးနေသော လမ်းပိုင်းနှင့် အိန္ဒိယ Punj Lloy က တည်ဆောက်ရန်    ကျန်နေသော လမ်းပိုင်း (ဓါတ်ပုံ- နိရဉ္စရာ)

“ ဆန္ဒပြကျောင်းသားတွေက  သူတို့ဟာ သူတို့ ကျောင်းသွားလို့ မရတာကြောင့် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ ကျောင်းသားမိဘတွေနဲ့တော့ မဆိုင်ပါဘူး။ ကျောင်းသားမိဘတွေကို အစပိုင်းမှာ ခြိမ်းခြောက်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဘာမှတော့ မလုပ်ခဲ့ဘူး။ အခုတော့ လမ်းကို ပြန်လည်ပြီး  ကွန်ကရစ် လမ်းခင်းပေးနေပါတယ်” ဟု ဆိုသည်။
ပျက်စီးသွားသောလမ်းကို ဒေ၀ူးမှ အခုအခါ တည်ဆောက်နေပြီး ကွန်ကရစ် ခင်းနေမူမှာ ပြီးစီးလုနီးပါး ဖြစ်နေသော်လည်း အိန္ဒိယ Punj Lloy ကုမ္ပဏီက တာဝန်ယူ တည်ဆောက်ပေးမည့် လမ်းပိုင်းမှာ ယခုအချိန်ထိ ပြန်လည် တည်ဆောက်ပေးခြင်း  မရှိသေးကြောင်း သိရသည်။

ပါတီစုံညီအထူးအစည်းအဝေးတွင် ပြောကြားသော ဥက္ကဋ္ဌ၏ နိဂုံးချုပ်မိန့်ခွန်း

ပါတီစုံညီအထူးအစည်းအဝေးတွင် ပြောကြားသော
ဥက္ကဋ္ဌ၏ နိဂုံးချုပ်မိန့်ခွန်း
(၁၁-၈-၂၀၁၂)


            ကျနော်တို့ သြဂုတ်လ ၁၀ ရက်နှင့် ၁၁ ရက်နေ့တွေမှာ ကျင်းပတဲ့ ပါတီရဲ့ စုံညီအစည်းအဝေးကို တက်ရောက်လာကြတဲ့ ရဲဘော်တွေအားလုံးကို ကျေးဇူးတင်တယ်လို့ ပထမဦးဆုံး ပြောချင်တယ်။
            ကျနော်တို့ ရဲဘော်အားလုံးသိတဲ့အတိုင်းပဲ ဒီကနေ့ နိုင်ငံရေးအခြေအနေတွေ အလှည့်အပြောင်းက ရှုပ်ထွေးမှုရှိတယ်။ တပြိုင်နက်တည်းမှာ အန္တရာယ်လည်းကြီးတယ်။ တပြိုင်နက်တည်းမှာ အရေးလည်းကြီးတယ်လို့ ကျနော် ပြောချင်တယ်။ ဒီလို အလှည့်အပြောင်းမျိုးကို ကျနော်တို့ပါတီအနေနဲ့ ဖြတ်ဖို့၊ သို့မဟုတ် ဒီလို အလှည့်အပြောင်းမျိုးမှာ ပါတီအနေနဲ့ ကြံ့ကြံ့ခံ ရပ်နိုင်ဖို့ ကြိုးစားတဲ့နေရာမှာ ပါတီတစ်ခုလုံးအနေနဲ့ပဲဖြစ်ဖြစ် ပါတီဝင်ရဲဘော်တစ်ဦးချင်းစီအနေနဲ့ပဲဖြစ်ဖြစ် ပါတီရဲ့ စည်းရုံးရေးစည်းကမ်းကို ခိုင်ခိုင်မာမာလိုက်နာပြီးတော့ ဖြတ်သန်းနိုင်ဖို့ လိုလိမ့်မယ်လို့ ကျနော်ပြောချင်တယ်။ တပြိုင်နက်တည်းမှာ ပါတီတစ်ခုလုံးအနေနဲ့ပဲ ဖြစ်ဖြစ် ကျနော်တို့ ရဲဘော်တစ်ဦးချင်းစီအနေနဲ့ပဲဖြစ်ဖြစ် ယနေ့ ကျနော်တို့ရဲ့ တော်လှန်ရေးဟာ၊ ယနေ့ ကျနော်တို့ရဲ့ ဒီမိုကရေစီလှုပ်ရှား မှုဟာ မပြီးဆုံးသေးဘူး။ ဆက်ပြီးတော့ သည်းသန်ပြင်းထန်တဲ့ အခြေအနေတွေကို ကျနော်တို့ ရင်ဆိုင်ရဦးမယ်။ စိန်ခေါ်မှုတွေ အများ ကြီးကို ကျနော်တို့ ရင်ဆိုင်ကြရလိမ့်ဦးမယ် ဆိုတဲ့အမြင် ဆိုတဲ့သဘောထားကို သေသေချာချာ ဆုပ်ကိုင်ထားဖို့ လိုလိမ့်မယ်လို့ ကျနော့်အနေနဲ့ ပြောချင်တယ်။ စစ်အာဏာရှင်စနစ်က မကုန်စင်သေးဘူး။ စစ်အာဏာရှင်စနစ်ရဲ့ အုပ်ချုပ်မှုအောက်မှာပဲ ကျနော်တို့ ရှိနေသေးတယ်။ ဒီစနစ်ကို ကျနော်တို့ ပြောင်းပြန် ပြန်လှန်ပစ်ရမယ်ဆိုတဲ့အသိ၊ ပြောင်းပြန်လှန်ပစ်ရမယ်ဆိုတဲ့ စိတ်ဓာတ်ကို ကိုင်စွဲ ပြီးတော့ ဒီကနေ့ အလှည့်အပြောင်းကို နည်းနာမှန်မှန်၊ ရပ်တည်မှုခိုင်ခိုင်နဲ့ ဖြတ်သန်းဖို့လိုလိမ့်မယ်လို ကျနော်အနေနဲ့ ပြောချင် တယ်။
            နောက်တစ်ချက် ကျနော်ပြောချင်တာကတော့ ခုနက အဲဒီလို ဖြတ်သန်းတဲ့အခါမှာပေါ့နော်၊ ကျနော်တို့ပါတီရဲ့ စည်းရုံးရေး စည်းကမ်းကို အခိုင်အမာ လိုက်နာပြီးတော့ ဖြတ်သန်းဖို့ လိုပါလိမ့်မယ်။ တပြိုင်နက်တည်းမှာပဲ ကျနော်တို့ပါတီရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ “ပြည်သူသာ အမိ၊ ပြည်သူသာ အဖ” ဆိုတဲ့ ကျနော်တို့ပါတီရဲ့ဆောင်ပုဒ်ကို အခြေခံလမ်းညွှန်အဖြစ် ကိုင်စွဲပြီးတော့ ဒီလို အလှည့် အပြောင်းမျိုးကို ဖြတ်သန်းဖို့ လိုလိမ့်မယ်။ ဘာပဲလုပ်လုပ် ကျနော်တို့ ငြိမ်းချမ်းရေးအတွက် လုပ်စရာတွေ အများကြီးရှိသေးတယ်။ ဒီမို ကရေစီရေးအတွက် ကျနော်တို့ ဆက်လက်ရမယ့်ကိစ္စတွေ အများကြီး ရှိသေးတယ်။ ကျနော်တို့ တိုင်းပြည်ထဲမှာရှိတဲ့ အလုပ်သမားတွေ လယ်သမားတွေ ပြည်သူတွေအားလုံးအတွက် ဆက်လုပ်ရမယ့်အလုပ်တွေ အများကြီး ရှိသေးတယ်။ ဘာပဲလုပ်လုပ် ကျနော်တိုပါတီရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ “ပြည်သူသာ အမိ၊ ပြည်သူသာ အဖ” ဆိုတဲ့ ဆောင်ပုဒ်ကို အခြေခံလမ်းညွှန်အဖြစ် ကိုင်စွဲပြီးတော့ အလုပ်လုပ်ကြဖို့ကို ကျနော်တိုက်တွန်းလိုတယ်။
            နောက် နိဂုံးချုပ်အနေနဲ့ ကျနော် တိုတိုပဲ ပြောပါ့မယ်။
            နိဂုံးချုပ်အနေနဲ့ ပြောမယ်ဆိုလို့ရှိရင် ဒီနေ့ ကျနော်တို့ ပါတီရဲ့ အထွေထွေနိုင်ငံရေးသဘောထား၊ လုပ်ငန်းစဉ်၊ ရေရှည်လုပ် ငန်းစဉ်၊ လတ်တလောလုပ်ငန်းစဉ်၊ ဒီနေ့ ထမ်းဆောင်ရမယ့် တာဝန်တွေ၊ ဒီကိစ္စတွေကို ကျနော်တို့ (၂) ရက်လုံးလုံး ပါတီဗဟိုဦးဆောင် ကော်မတီ၊ ပါတီဗဟိုစည်းရုံးရေးကော်မတီဝင်တွေနဲ့ ဒီမှာရှိတဲ့ရဲဘော်တွေကို တင်ပြခဲ့ပြီးပြီ ဖြစ်တယ်။ ဒီအထွေထွေနိုင်ငံရေးသဘော ထားတွေ လတ်တလောလုပ်ငန်းစဉ်တွေနဲ့ လတ်တလောလုပ်ဆောင်ရမယ့် တာဝန်တွေကို အသေအချာ လေ့လာစေချင်တယ်။ အသေ အချာလေ့လာရုံတင် မဟုတ်ဘဲနဲ့ ကျနော်တို့ ပြင်ဆင်စရာရှိတာ တိုးချဲ့စရာရှိတာတွေကိုလည်းပဲ ဒီနေ့အစည်းအဝေးထဲမှာဖြစ်စေ၊ အစည်းအဝေးထဲမှာ မဆွေးနွေးလိုက်ရရင်တောင်မှ နောက်ပိုင်းမှာဖြစ်စေ၊ ပုံသဏ္ဌာန်မျိုးစုံနဲ့ ကျနော်တို့ ပါတီဗဟိုစည်းရုံးရေးကော်မတီနဲ့ ဆွေးနွေးစေချင်တယ်။ အကြံပေးစေချင်တယ်။ ကျရာတာဝန်တွေကိုလည်း တက်တက်ကြွကြွ ဆောင်ရွက်စေချင်တယ်။
            ကနေ့ အခြေအနေ အလှည့်အပြောင်းက နိုင်ငံရေးအရ အရေးကြီးသလိုပဲ၊ ဒီ အရေးကြီးတာကို ကျနော်တို့ သတိပြုရမှာဖြစ် သလို၊ အဖွင့်မှာ ကျနော်ပြောခဲ့သလိုပါပဲ၊ ကျနော်တို့ အသေအချာ အလုပ်မလုပ်ဘူးဆိုလို့ရှိရင် ဒီကနေ့ အလှည့်အပြောင်းမှာ ကျနော်တို့ ကျန်ခဲ့လိမ့်မယ်။ ဒီကနေ့ အလှည့်အပြောင်းမှာ ကျနော်တို့ ပျောက်သွားလိမ့်မယ်။ ကျနော်တို့ သေသေချာချာ အလုပ်မလုပ်ဘူး ဆိုလို့ ရှိရင်။ ကျနော်အနေနဲ့ ပါတီအနေနဲ့ပဲဖြစ်ဖြစ် တစ်ဦးချင်းစီ အနေနဲ့ပဲဖြစ်ဖြစ် ကျနော်တို့ တကယ်အလုပ်မလုပ်ဘူး၊ ဒီပါတီရဲ့ လုပ်ငန်း တာဝန်တွေဟာ ကျနော်တို့ရဲ့ ပထမဦးစားပေးရမယ့် လုပ်ငန်းတာဝန်တွေအဖြစ် သဘောမထားဘူးဆိုလို့ရှိရင် ဒီအလှည့်အပြောင်းမှာ ကျနော်တို့ ပျောက်သွားလိမ့်မယ်။ ပါတီလည်း ပျောက်သွားလိမ့်မယ်။ လူလည်း ပျောက်သွားလိမ့်မယ်။
            ကျနော် အဲဒါကို လူတစ်ဦးချင်းစီအနေနဲ့၊ ပါတီဝင်တစ်ဦးချင်းစီအနေနဲ့လည်း ပြောချင်တယ်။ အထူးသဖြင့် ပါတီစည်းရုံးရေး ကော်မတီဝင်တွေကို ပြောချင်တယ်။ ပါတီဗဟိုဦးဆောင်ကော်မတီဝင်တွေကို ကျနော် အဓိကထား ပြောချင်တယ်။ ကျနော်တို့ နှစ်ဆ သုံးဆ၊ လေးငါးဆယ်ဆ၊ ဒီပါတီဟာ ကျနော်တို့ရဲ့ တာဝန်၊ ကျနော်တို့ရဲ့ ပထမဦးစားပေး တာဝန်ဖြစ်တယ်ဆိုတာကို ခေါင်းထဲမှာ မထား ဘဲနဲ့ အလုပ်လုပ်လို့ရှိရင် ဒီကနေ့ အလှည့်အပြောင်းမှာ ကျနော်တို့ ကျန်ခဲ့လိမ့်မယ်။ ဒီကနေ့ အလှည့်အပြောင်းမှာ ကျနော်တို့ မှိန်သွား လိမ့်မယ်။ ဒါကြောင့်မို့ ဒီနေ့ အထူးအစည်းအဝေးမှာ အဓိကထားပြီး တောင်းဆိုချင်တာကတော့ ကျနော်တို့ရဲဘော်တွေ အပါအဝင် ကျနော်တို့ ဦးဆောင်တဲ့ကော်မတီဝင်တွေဖြစ်တဲ့ ဗဟိုစည်းရုံးရေးကော်မတီဝင်တွေကို တောင်းဆိုချင်တယ်။ ဗဟိုဦးဆောင်ကော်မတီ ဝင် တစ်ဦးချင်းစီကို တောင်းဆိုချင်တယ်။ ဒီပါတီရဲ့ လုပ်ငန်းတာဝန်တွေဟာ ကျနော်တို့ တစ်ဦးချင်းစီရဲ့ ဦးစားပေး လုပ်ငန်းတာဝန်တွေ ဖြစ်တယ်ဆိုတာကို သတိချပ်ပြီးတော့ ဒီကနေ့ အလှည့်အပြောင်းကို ကျော်ဖြတ်စေချင်တယ်။ အဲဒီလိုမှ မကျော်ဖြတ်ဘူးဆိုရင် ကျနော် တို့အတွက် အန္တရာယ်ရှိတယ်။ ထိုနည်းတူစွာပဲ ရဲဘော်အားလုံးကို ကျနော်တောင်းဆိုချင်တယ်။
            ကျေးဇူးတင်ပါတယ်။


----------------------------------------------------------

LinkWithin

Related Posts Plugin for WordPress, Blogger...

GMAIL မှလဲ ဆက်သွယ်နိုင်ပါပြီ..

အင်္ဂလိမ်ဘာသာနှင့် ဖတ်ရူချင်သူများအတွက် သတင်းများ


Get Your News Widget
Share

ဧည့်သည်တော်နိုင်ငံများ

လူ အခွင့်အရေး အပိုဒ် (၃၀)

အပိုဒ်(၁)။ လူတိုင်းသည် မွေးဖွားလာကတည်းက တန်းတူညီမှုရှိသည်။ အပိုဒ်(၂)။ မည်သူကိုမျှ ခွဲခြားဖိနှိပ်ခြင်းမရှိစေရ။ အပိုဒ်(၃)။ လူတိုင်းအသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့်လုံခြုံခွင့်ရှိသည်။ အပိုဒ်(၄)။ မည်သူကိုမှ ကျွန်အဖြစ်စေခိုင်း ရောင်းဝယ်ခြင်းမပြုရ။ အပိုဒ်(၅)။ မည်သူကိုမှ မတရားနှိပ်စက်ခြင်း၊ လူမဆန်စွာ၊ ရက်စက်စွာဆက်ဆံခြင်း၊ အပြစ်ပေးခြင်းမပြုရ။ အပိုဒ်(၆)။ တရားဥပဒေရှေ့မှောက်တွင် လူတိုင်းအား လူသားအဖြစ် အသိအမှတ်ပြုခံပိုင်ခွင့်။ အပိုဒ်(၇)။ တရားဥပဒေရှေ့တွင် တန်းတူညီခွင့်။ အပိုဒ်(၈)။ မိမိအခွင့်အရေးချိုးဖောက်ခံရပါက ဥပဒေအကူအညီရယူခွင့်။ အပိုဒ်(၉)။ မတရားဖမ်းဆီးခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းအား ကာကွယ်မှုရရှိခွင့်။ အပိုဒ်(၁၀)။ လူအများကြားနာပြီး တရားမျှတသော တရားစီရင်မှုရရှိခွင့်။ အပိုဒ်(၁၁)။ ခိုင်လုံသော အထောက်အထားမရှိမချင်း ထိုသူသည် အပြစ်မရှိဟူ၍ သတ်မှတ်ခံပိုင်ခွင့်။ အပိုဒ်(၁၂)။ ပုဂ္ဂလိကကိုယ်ရေးကိုယ်တာများအား ၀င်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ပေးခြင်း။ အပိုဒ်(၁၃)။ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် အပိုဒ်(၁၄)။ မတရားအပြစ်ပေးခံရမည်ဆိုပါက အခြားနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံပိုင်ခွင့်။ အပိုဒ်(၁၅)။ နိုင်ငံသားဖြစ်ခွင့် အပိုဒ်(၁၆)။ အရွယ်ရောက်သူတိုင်း မိမိဆန္ဒဖြင့် လက်ထပ်အိမ်ယာထူထောင်ခွင့်။ အပိုဒ်(၁၇)။ ပစ္စည်းဥစ္စာပိုင်ခွင့်။ အပိုဒ်(၁၈)။ လွတ်လပ်စွာတွေးခေါ်ယုံကြည်ကိုးကွယ်ခွင့်။ အပိုဒ်(၁၉)။ လွတ်လပ်စွာ ထုတ်ဖော်တင်ပြပြောဆိုခွင့်၊ သတင်းများရယူခွင့်။ အပိုဒ်(၂၀)။ ငြိမ်းချမ်းစွာဖွဲ့စည်းထားသောအဖွဲ့အစည်းများအား လွတ်လပ်စွာဝင်ရောက်ခွင့်။ စုဝေးခွင့်။ အပိုဒ်(၂၁)။ အစိုးရတွင်ပါဝင်ခွင့်။ အပိုဒ်(၂၂)။ လူမှုဖူလုံရေးခံစားခွင့်။ အပိုဒ်(၂၃)။ အလုပ်လုပ်ခွင့်၊ အလုပ်သမားသမဂ္ဂ၀င်ရောက်ခွင့်။ အပိုဒ်(၂၄)။ အပန်းဖြေအနားယူခွင့်။ အပိုဒ်(၂၅)။ လုံလောက်သော လူမှုအဆင့်အတန်းခံစားခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၆)။ ပညာသင်ကြားပိုင်ခွင့်။ အပိုဒ်(၂၇)။ ယဉ်ကျေးမှုဘ၀တွင် ပါဝင်ပိုင်ခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၈)။ ထိုအခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၂၉)။ အခြားသူများ၏ အခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၃၀)။ မည်သူမျှဤအခွင့်အရေးများကို မချိုးဖောက်ရန်တာဝန်။