လက်ရှိ မြန်မာပြည် အရေးက ဘယ်လိုဘယ်နည်းနဲ့ သွားရမလဲ ဆိုတာပင်သေသေချာချာ
ဆုံးဖြတ်ရမည့်အချိန်ကို ရောက်ရှိနေပါပြီ...အကယ်၍သာ..မြန်မာ
ပြည်မှာဒီမိုကရေစီ အစိုးရ ကသာ တိုင်းပြည်ကို ဦးဆောင်သွားမည် ဆိုလျှင်လည်း
အင်မတန်မှ တိုင်းပြည်အတွက် ဦးနေဝင်းပြောခဲ့သလိုချောက်ထဲ
သို့ရောက်ရှိသွားနိုင်ပါတယ်။ ယခု အချိန်မှာ တော်လှန်ရေးကြီးတစ်ရပ်ဆင်နွှဲကာ
စစ်အာဏာရှင်ကို ဖြတ်ချဖို့ ဆိုတာကလဲ..လက်ရှိအခြေအနေ ပုံစံနဲ့ ဘယ်လိုမှ
ဖြစ်နိုင်မှာ မဟုတ်သလို.တိုင်းပြည်မှာ အဓိက လိုအပ်နေတဲ့ လိုအပ်ချက်တွေကို
၂၀၀၈ ဖွဲ့စည်းပုံနဲ့ ဖြည့်ဆည်းပေးနေမယ်ဆိုရင်လဲ မဖြစ်နိုင်ဘူး.။
အကယ်၍သာ.လက်ရှိ ဦးသိန်းစိန် အစိုးရက တိုင်းပြည်ကို တိုးတက်စေချင်တဲ့စိတ်
ပြင်းထန်မယ်ဆိုရင်တော့ပြည်ပ ရောက်နိုင်ငံရေးပါတီ၊ အဖွဲ့အစည်းတွေကို
ပြန်ခေါ်သင့်သလို တိုင်းပြည်ပြန်လည်တည်ဆောက်နိုင်ရေးအတွက် လိုအပ်တဲ့ ပညာရေး
အသုံးအရိတ်များ ကို လဲ ထပ်မံ ဖြည့်ဆည်းဖို့ လိုအပ်နေပါပြီ.။ ဒီလို
လုပ်နိုင်မှ သာ
မြန်မာပြည်အတွက်အကျိုးဖြစ်ထွန်းစေမှာဖြစ်ပါတယ်။တိုင်းပြည်တည်ဆောက်ရေးအတွက်ဆိုလျှင်လဲ
ကမ္ဘာစစ်ကြီးများ ပြီးနောက်တွင် ပြန်လည်ဖွဲ့ဖြိုးလာသောနိုင်ငံများကို
နမူနာယူကာပြန်လည်တည်ဆောက်ရလိမ့်မယ်။
အခုဆိုလျှင်လွှတ်တော်အတွင်းအပြင်လှုပ်ရှားမှုတွေကအနည်းငယ် ကောင်းမွန်လာသည့်ဟု မြင်မိတယ်. လွှတ်တော်တွင်းမှာလဲ ပါတီအချင်းချင်း စည်းလုံးမှုက အားကောင်းလာပြီထင်တယ်. ဘာကိုရည်ညွှန်းချင်သလဲ ဆိုတော့ အခု လွှတ်တော်ကိုယ်စားလှယ် ၃၀၁ ဦးတင်ပြအစီရင်ခံခဲ့တဲ့ အခြေခံဥပဒေခုံရုံးမှာ တာဝန်ရှိသူတွေကို နှုတ်ထွက်ပေးဖို့ တောင်းဆိုချက်ဆိုလျှင် မိမိတို့ ရဲ့ အုပ်ချုပ်ရေး အစိုးရက ဖွဲ့စည်းပေးလိုက်တဲ့ အဖွဲ့ ဟာ ဖွဲ့စည်းပုံကို ဖောက်ဖျက်နေသည် ဆိုတာကို ဖော်ထုတ်လာကြတယ်..ဒါကပွင့်လင်းမြင်သာမှုနဲ့ check and
balance အားကောင်းချက်တစ်ခု အဖြစ် မြင်လို့ရပါတယ်။
အဲ့လိုအားကောင်းလာပေ့မယ်.တရားဥပဒေစိုးမိုးမှုမှာတော့ လိုအပ်ချက်တွေ ရှိနေသေးတယ်. အဂတိလိုက်စားမှုတွေဆိုရင် အများအပြားကျန်ရှိနေသေးတယ် အကယ်၍သာ ဥပဒေစိုးမိုးမှုရှိမယ်ဆိုရင် တိုင်းပြည်ဟာ ဖွံဖြိုးမှုနောက်ကျစရာ မရှိပါဘူး။ရခိုင်မှာ ဖြစ်ပွားခဲ့တဲ့ အထိကရုဏ်းဆိုလျှင်လဲ တရားဥပဒေစိုးမိုးမှုအားနည်းလို့ ဖြစ်လာသလို ၊ပြည်မှာနယ်မှာဖြစ်ခဲ့တဲ့ ကလေး အယောက် (၄၀) လောက်ကို ဒေသခံ အာဏာပိုင်တွေက ဖမ်းခေါ်သွားပြီး ပြည်မြို့နဲ့  မိုင်(၁၀၀) ကျော် ဝေးတဲ့ ဥသျှစ်ပင် တောနက်ကြီးထဲမှာ သွားရောက် စွန့်ပစ်လိုက်တာဆိုရင် လွန်လွန်းလှတဲ့ ဖြစ်ရပ်ဖြစ်ပါတယ်.ပထမတော့ ကျနော်ကိုယ်တိုင်လဲ မသေချာခဲ့ဘူး အယောက် လေးဆယ်ကျော်တောင် စွန့်ပစ်ခဲ့တယ်ဆိုတော့ ဘယ်လောက်တောင် စိုးရွှားလွန်းတယ်ဆိုတာကို စဉ်းစားကြည့်ပေါ့ဗျာ။ ဒီလိုပုံစံမျိုးတွေနဲ့ တော့ တိုင်းပြည်ပြန်လည်တည်ဆောက်ရေးမှာ အနှောင့်အယှက်တွေဖြစ်တယ် ။ဒါတွေကို ကောင်းကောင်းမွန်မွန်ဖြေရှင်းနိုင်မှသာ တိုင်းပြည်အတွက် အဆင်ပြေမှာဖြစ်မယ်။
နောက်တစ်ခုက ဘာလဲ ဆိုတော့ ငွေကြေး အပေါ်မှာ ဆိုရင် မြန်မာနိုင်ငံမှာ နိုင်ငံတော်ရဲ့ money supply ကို မူဝါဒချမှတ်သူ၊ အုပ်ချုပ်သူများက ထိန်းချုပ်တဲ့ instrument potency ကြီးမားပါတယ်။ ဗဟိုဘဏ်ရဲ့ လွတ်လပ်စွာ ဆောင်ရွက်ခွင့် နည်းပါးမှုကြောင့် ဒီလို instrument potency ကို ထိန်းချုပ်နိုင်မယ့် အခြေအနေ မရှိပါဘူး။ ရလာဒ်ကတော့ မြန်မာနိုင်ငံတော်အစိုးရဟာ ငွေကြေး ရိုက်နှိပ် ထုတ်ဝေမှုတွေကို အကြောင်းပြချက် အမျိုးမျိုး အသုံးပြုပြီး အထိန်းအချုပ် မရှိ ပြုလုပ်တော့တာပဲ ဖြစ်ပါတယ်။ ဥပမာ ခေတ်မီဖွံ့ဖြိုးတိုးတက်သော တပ်မတော် တရပ် ပေါ်ထွက်လာရေးဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်အသုံးစရိတ်အတွက် ရိုက်နှိပ်ထုတ်ဝေတဲ့ ငွေကြေးပမာဏတွေက အရမ်းကြီးမား ပါတယ်။ ဒါတွေကဘယ်လိုပုံစံနဲ့ ပြန်လည်လုပ်ဆောင်ရမလဲ ဆိုတာ ငွေကြေးမူဝါဒကို ကိုင်စွဲတဲ့ သူတွေက ဦးစားပေးလုပ်ဆောင်ရမှာ ဖြစ်တယ်။သိုသော်လည်း အထက်ကတင်ပြခဲ့သလိုပါပဲ ဒီလို အချက်တွေကိုကောင်းမွန်စေချင်တဲ့ အစိုးရ ဆိုရင်တော့ မြန်မာပြည်မှာ နေထိုင်တဲ့သူတွေအတွက် အစိုးရရဲ့ ပွင့်လင်းမြင်သာမှု ဆိုတာကို ချပြဖို့ လိုအပ်နေပါပြီ။
ရည်ညွှန်း....https://www.facebook.com/streetchild.pyay
http://www.rfa.org/burmese/news/pyi-authority-dosser-08072012115814.html

No comments:
Post a Comment