Popular Posts

လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက် ဝမ်းသာစွာဖြင့် ကြိုဆိုပါသည်။သိုသော် အကျဉ်းထောင်ထဲတွင်ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော်အတွက် ထပ်မံကြိုးစားဆောင်ရွက်ပေးကြဖို့ လိုအပ်ပါသေးသည်။..
ဒေါင်းမျိုးဆက်က ကိုယ်ကျိုးမဖက်ပဲနှင့် တိုင်းပြည်အကျိုး လူထုအကျိုး ကြိုးစားလုပ်ဆောင်သွားမည်။
ပြည်သူသာအမိ ပြည်သူသာအဖ ဆောင်ပုဒ်ကို လက်ကိုင်ကာစွဲ ဒါတို့ရဲ့အောင်ပွဲ

12/05/2012

လက်ပံတောင်းတောင် အတွက် စဉ်းစားမိတဲ့ အမြင်

လက်ပံတောင်း တောင် ကြေးနီစီမံကိန်း ဘာကြောင့်ဖြစ်ရသလဲ။
 အဖြေကတော့ ရှင်းရှင်းလေးပါပဲ.... အမျိုးသားအကျိုးစီးပွားဆိုတဲ့ တံတိုင်းကြီးကြောင့် ဖြစ်ပွားခဲ့တာပဲ။ ဗမာစစ်အစိုးရက တော်ကြပါတယ်.. ဖွံဖြိုး ဆဲ ဖြစ်သည့်အလျှောက် နိုင်ငံတကာက သုံးနှုန်းသလို အမျိုးသားအကျိုးစီးပွားကို သုံးပြီး စစ်အုပ်စုလက်ထဲမှာ အကျိုးစီးပွားဖြစ်အောင်လုပ်နေတာပဲ။ သူတို့ သုံးတဲ့ အမျိုးသားအကျိုးစီးပွားဆိုတာ မှန်ပါ့မလား..  CIA က တာဝန်ရှိသူတစ်ဦးက ဦးသိန်းစိန်ကို မေးတယ် ဦးပိုင်ဆိုတာ နိုင်ငံတော် စီးပွားရေးလုပ်ငန်းဆိုတော့ ရရှိလာတဲ့ အကျိုးအမြတ်ကြတော့ ကော ဘယ်သူတွေဆီ ရောက်သလဲ လို့ မေးတော့ ဦးသိန်းစိန်က မှန်မှန်တိုင်းတိုင်း လိမ်ပြောခဲ့တယ်. ပြည်သူလူထုဆီ ဆင်းသက်တာပါတဲ့..ဒါဆို ဘာလို့ သတ္တုတူးဖော်ရေးလုပ်ငန်းမှာ ဘတ်ဂျက်မရှိရတာလဲ... ..လိမ်ပါ..မင်းတို့လိမ်ပါ။ ပြည်သူတွေကို နှစ်ပတ် ရိုက်ပြီး မိမိအကျိုးစီးပွားဆိုတာကို ဖြည့်ဆည်းကြပါ..။

မီးခိုးဗုံးလား မီးလောင်ဗုံးလား။

အစိုးရသတင်း အရကတော့ ပြောကြပါတယ်.. မီးခိုးဗုံးတဲ့..မီးခိုးဗုံးက ကောင်းချက်ကတော့ မျက်ရည် တွေ အတောင့်လိုက်တောင် ထွက်လောက်တယ်..  .. နိုဝင်ဘာလ၂၉ ရက်နေ့ မနက် ၃ နာရီမှာ မုံရွာမြို့နယ် လက်ပံတောင်း တောင် ကြေးနီ စီမံကိန်း သပိတ်ကို အစိုးရ လုံခြုံရေး ရဲ တပ်ဖွဲ့က အင်အားသုံးဖြိုခွဲခဲ့ပါတယ်။ သပိတ်တိုက်ပွဲ ဆင်နွှဲနေတဲ့ ရဟန်းရှင်လူ ၁၀၀ ကျော် မီးလောင် ဒဏ်ရာတွေ အပြင်းအထန် ရခဲ့ပါတယ်။ သမ္မတရုံးက ဓာတုဆေးဝါးပါဝင်တဲ့ဗုံးကို အသုံးမပြုခဲ့ဘူးလို့ (တရားမဝင် ဖေ့စ်ဘွတ်ကတဆင့်) ဆိုပေမယ့် ဒဏ်ရာရသူတွေနဲ့ မျက်မြင်အရပ်ဘက် သတင်းတွေ၊ မုံရွာဆေးရုံ သတင်းရပ်ကွက်တွေကတော့ ဒါဟာ လူ့ခန္ဓာကိုယ်ကို ပြင်းထန်စွာ လောင်ကြွမ်းစေတဲ့ ဓာတုဆေးရည်ပါတဲ့ မီးလောင်ဗုံးတွေ ဖြစ်နိုင်တယ်လို့ သံသယရှိနေပါတယ်။  ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း ရဲ့ အမြင်ကတော့ မဖြစ်နိုင်တဲ့ ဖြေရှင်းချက်ပဲတဲ့.. ဒီဗုံးဆိုတာ ဗီယက်နမ် စစ်ပွဲတွေမှာ အမေရိကန် တပ်က သုံးတယ်၊ ဗီယက်နမ်တွေက တောတောင်သစ်တောတွေကို အကာအကွယ် ယူပြီး ပြောက်ကျားစစ်ကိုသုံးလို့ အမေရိကန်တွေ အထိနာတယ်။ ဗီယက်နမ် ပြောက်ကျားတွေ တောတောင်နဲ့ မြေအောက်ဂူတွေ၊ ကျင်းတွေထဲခိုလို့ မရအောင် မီးတိုက်နှိမ်နင်းဖို့ နပမ်းဗုံး(ဗုံးဒဏ်သင့် ဗီယက်နမ် ကလေးမလေး အမည် Napalmကို အစွဲပြုသုံး)ဆိုပြီး ထွင်သုံးတာ။ အဲဒီ နပမ်းဗုံးက ဓာတုဆေးရည်တွေနဲ့ ဖော်စပ်ထားတာ၊ အပင်တွေကို ဆေးရည်ထိရင် ဆေးရည်မကုန်မချင်း မီးမငြိမ်း ဘူး။ သစ်ပင်တွေ၊ သစ်တောတွေ မီးလောင်ပြာကျအောင် ထွင်ထားတာ။ နောက်ပိုင်း ဒီဗုံးရဲ့ဆိုးကျိုးကို ဗီယက်နမ်မလေး Napalm ရဲ့ ဖြစ်ရပ်က တဆင့် စစ်မြေပြင် သတင်းထောက်တွေ ဖော်ထုတ်သိရပြီး ကန့်သတ်တားမြစ်မှုတွေ ပေါ်လာတာ။

ဥပမာ Flame Thrower လို ပေ၂၀ လောက် မီးပန်းထွက်တဲ့ မီးသေနတ်တွေကို ဘန်ကာ၊ ကတုတ်ကျင်းထဲက ရန်သူတွေကို တိုက်ရာမှာပဲသုံးပြီး၊ မြေပြင်တက် တပ်ဖွဲ့တွေကို မသုံးရဘူး။ ဂျနီဗာ စာချုပ်မှာ ကန့်သတ်ထားတယ်။

ပြောချင်တာက မီးလောင် ဒဏ်ရာရစေတယ် ဆိုတာ ပြင်းထန်အောင် ထိခိုက်တဲ့ ဆိုးရွားတဲ့ တိုက်ခိုက်မှုမျိုး ဖြစ်တယ်။

စစ်တိုက်တယ် ဆိုတာတောင် မချိမဆန့် ဒဏ်ရာရစေရင် လူမဆန်ဘူးလို့ သတ်မှတ်တယ်။ ဒီလို မဖြစ်အောင် နိုင်ငံတကာ ဆန္ဒပြမှုတွေကို မီးသတ်ပိုက်တွေ၊ မျက်ရည်ယိုဗုံးတွေနဲ့ ဖြိုခွဲတာပေါ့။ စစ်ပွဲမှာတောင် လက်မခံတဲ့ကိစ္စကို လက်နက်မဲ့ ဆန္ဒပြသူတွေကြား သုံးတယ် ဆိုတာ ရာဇ၀တ်မှု ကျူးလွန်တာပဲ ဖြစ်တယ်။ အခုဖြစ်တဲ့ဟာမှာ မီးလောင်ဗုံးတွေ သုံးခဲ့တယ်ဆိုတာ ဒဏ်ရာတွေ ကြည့် ရင် သိသာတယ်။ ဒဏ်ရာတွေကို ဖုံးဖိထားလို့မှ မရတာ။

 လိမ်တဲ့ လိမ်ချက်ကတော့ မဆိုးပါဘူး..မီးခိုးတွေကြောင့်လား မသိ မွေးဖွားရာက ပါလာတဲ့ အရေပြားတွေတောင် ကွာကကုန်တယ်.။ စဉ်းစားကြည့်မိတယ် မီးခိုးဗုံး( အစိုးရထုတ်ပြန်ချက်) မပစ်ခင်တုန်းက ဘာလို့ ရေ တွေ ဖြန်းထားတာလဲ မသိဘူး.. ရေ ထိရင် ပို ပူတက်တယ်ဆိုတဲ့ ဗုံးတွေ အစွမ်းကို ကြိုသိထားလို့များလား... စဉ်းစားမိရင်တော့ သွားပြီ...အစိုးရ ဆိုတဲ့ စစ်တပ်ကို တရားခံအနေနဲ့ ပြေးမြင်ယောင်နေမိတယ်.. 
ခုလဲ လုပ်လိုက်ပြန်ပြီ  စုံးစမ်းရေး ကော်မရှင်တဲံ ကော်မရှင်ဆိုပြီး တရားခံကို ပြေးလမ်းဖွင့် ပေးနေတဲ့ စစ်အစိုးရ အတွက်တော့ အကွက်တွေက ထပ်နေပြီဗျ... ရခိုင်က ထွက်တဲ့ ရေနံတွေကို လူမသိ သူမသိ ယူချင်တော့ ရခိုင် ဘင်္ဂလီ အရေးအခင် ဖန်တီးတယ်. ရိုးသွားပြီ  နောက်ထပ် အသစ်လေး တစ်ကွက်လောက် ထွင်စမ်းပါအုံး.
 ဦးပိုင်ဆိုတာ ရှိနေသ၍ တော့ ဗမာပြည် ဟာနိုင်ငံရေး အရ ဖြေရှင်းမရနိုင်သေးဘူး စီးပွားရေး ကိစ္စကို သာ အမြစ်ပြတ် ဖြေရှင်းသင့်တယ်. ဒါမှ နိုင်ငံရေး အရ တစ်စုံတရာ တိုးတက်လာနိုင်ဖွယ် ရှိတယ်လို့ နောက်ဆုံးအနေနဲ့ မြင်တယ်.
 


ဒေါင်းမျိုးဆက်...

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

GMAIL မှလဲ ဆက်သွယ်နိုင်ပါပြီ..

အင်္ဂလိမ်ဘာသာနှင့် ဖတ်ရူချင်သူများအတွက် သတင်းများ


Get Your News Widget
Share

ဧည့်သည်တော်နိုင်ငံများ

လူ အခွင့်အရေး အပိုဒ် (၃၀)

အပိုဒ်(၁)။ လူတိုင်းသည် မွေးဖွားလာကတည်းက တန်းတူညီမှုရှိသည်။ အပိုဒ်(၂)။ မည်သူကိုမျှ ခွဲခြားဖိနှိပ်ခြင်းမရှိစေရ။ အပိုဒ်(၃)။ လူတိုင်းအသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့်လုံခြုံခွင့်ရှိသည်။ အပိုဒ်(၄)။ မည်သူကိုမှ ကျွန်အဖြစ်စေခိုင်း ရောင်းဝယ်ခြင်းမပြုရ။ အပိုဒ်(၅)။ မည်သူကိုမှ မတရားနှိပ်စက်ခြင်း၊ လူမဆန်စွာ၊ ရက်စက်စွာဆက်ဆံခြင်း၊ အပြစ်ပေးခြင်းမပြုရ။ အပိုဒ်(၆)။ တရားဥပဒေရှေ့မှောက်တွင် လူတိုင်းအား လူသားအဖြစ် အသိအမှတ်ပြုခံပိုင်ခွင့်။ အပိုဒ်(၇)။ တရားဥပဒေရှေ့တွင် တန်းတူညီခွင့်။ အပိုဒ်(၈)။ မိမိအခွင့်အရေးချိုးဖောက်ခံရပါက ဥပဒေအကူအညီရယူခွင့်။ အပိုဒ်(၉)။ မတရားဖမ်းဆီးခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းအား ကာကွယ်မှုရရှိခွင့်။ အပိုဒ်(၁၀)။ လူအများကြားနာပြီး တရားမျှတသော တရားစီရင်မှုရရှိခွင့်။ အပိုဒ်(၁၁)။ ခိုင်လုံသော အထောက်အထားမရှိမချင်း ထိုသူသည် အပြစ်မရှိဟူ၍ သတ်မှတ်ခံပိုင်ခွင့်။ အပိုဒ်(၁၂)။ ပုဂ္ဂလိကကိုယ်ရေးကိုယ်တာများအား ၀င်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ပေးခြင်း။ အပိုဒ်(၁၃)။ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် အပိုဒ်(၁၄)။ မတရားအပြစ်ပေးခံရမည်ဆိုပါက အခြားနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံပိုင်ခွင့်။ အပိုဒ်(၁၅)။ နိုင်ငံသားဖြစ်ခွင့် အပိုဒ်(၁၆)။ အရွယ်ရောက်သူတိုင်း မိမိဆန္ဒဖြင့် လက်ထပ်အိမ်ယာထူထောင်ခွင့်။ အပိုဒ်(၁၇)။ ပစ္စည်းဥစ္စာပိုင်ခွင့်။ အပိုဒ်(၁၈)။ လွတ်လပ်စွာတွေးခေါ်ယုံကြည်ကိုးကွယ်ခွင့်။ အပိုဒ်(၁၉)။ လွတ်လပ်စွာ ထုတ်ဖော်တင်ပြပြောဆိုခွင့်၊ သတင်းများရယူခွင့်။ အပိုဒ်(၂၀)။ ငြိမ်းချမ်းစွာဖွဲ့စည်းထားသောအဖွဲ့အစည်းများအား လွတ်လပ်စွာဝင်ရောက်ခွင့်။ စုဝေးခွင့်။ အပိုဒ်(၂၁)။ အစိုးရတွင်ပါဝင်ခွင့်။ အပိုဒ်(၂၂)။ လူမှုဖူလုံရေးခံစားခွင့်။ အပိုဒ်(၂၃)။ အလုပ်လုပ်ခွင့်၊ အလုပ်သမားသမဂ္ဂ၀င်ရောက်ခွင့်။ အပိုဒ်(၂၄)။ အပန်းဖြေအနားယူခွင့်။ အပိုဒ်(၂၅)။ လုံလောက်သော လူမှုအဆင့်အတန်းခံစားခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၆)။ ပညာသင်ကြားပိုင်ခွင့်။ အပိုဒ်(၂၇)။ ယဉ်ကျေးမှုဘ၀တွင် ပါဝင်ပိုင်ခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၈)။ ထိုအခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၂၉)။ အခြားသူများ၏ အခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၃၀)။ မည်သူမျှဤအခွင့်အရေးများကို မချိုးဖောက်ရန်တာဝန်။